Friday, November 09, 2012 အိမ့်သံစဉ်
http://blog.irrawaddy.org/2012/11/blog-post_9.html
နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ထပ်မံ ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန်သမ္မတ အိုဘားမား၊ ဓာတ်ပုံ- TimesCall.com
အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည်လာဖို့ သေချာသွားတာကတော့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။
အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရာ အမေရိကန် သမ္မတ အိုဘားမားဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားဖို့ ရှိပြီး မြန်မာပြည် ရန်ကုန်၊ ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၊ တို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ၂၀ ရက်နေ့များမှာ သွားရောက်မှာဖြစ်တယ်လို့ ကြေညာချက်မှာ အစပြုထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးဖို့အတွက် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရှိတဲ့အပြင် လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့လည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာတော့ ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်လတ်ရှင်နာဝပ် နဲ့ ထိုင်း- အမေရိကန် သံတမန်ဆက်ဆံ
ရေး နှစ်ပေါင်း ၁၈၀ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ၂ နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မြဲစေ ဖို့ တွေ့ဆုံမှာဖြစ်ပါတယ်။