Friday 9 November 2012

မင်္ဂလာတရား (၃၈) ပါး

နံနက်ခင်းမင်္ဂလာပါခင်မျာ ၃၈ဖြာမင်္ဂလာတရားတော်ကို ကုသိုလ်ပွားများကြရအောင် ၃၈ဖြာနဲ့ ဘုရားကို သပ္ပါယ်လို့ ကုသိုလ်တွေမျှဝေလိုက်ပါတယ်။

မင်္ဂလာတရား (၃၈) ပါး
**************
၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း


၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း

၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း

၎။ ပတိရူပဒေသ ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း

၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း

၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း

၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း

၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း

၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း

၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း

၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း

၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား ထောက်ပံ့ခြင်း

၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း

၁၄။ ဒါနဉ္စ = အလှူပေးခြင်း

၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း

၁၆။ ဥာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း

၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း

၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း

၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း

၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း

၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း

၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း

၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း

၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း

၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း

၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အ ခါ၌ ပါရမီပွါးခြင်း

၂၇။ ခန္တီ = သည်းခံခြင်း

၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ဆုံးမအပ်သော စကားကို နာလွယ်ခြင်း

၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း

၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကိုဆွေးနွေးမေးမြန်းခြင်း

၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း

၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း

၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း

၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း

၃၆။ အသောက = လောကဓံတရားတို့တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း

၃၇။ ၀ိရဇံ = လောကဓံတရားတို့တွေ့သော်စိတ်၌ ရမ္မက်မရှိခြင်း

၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော်စိတ်၌ဘေးမရှိခြင်း

အရှင်ဇောတိပါလ(သာစည်) ဆရာတော်၏ မင်္ဂလာတရားများကို မိတ်ဆွေများအတွက် ကုသိုလ်တွေမျှဝေလိုက်ပါတယ်။ ကျနော်၏မိဘပြည်သူအကို၊အမ၊ညီငယ်၊ညီမ၊သူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့် ပြည့်စုံနိုင်ပါစေခင်မျာ။

ကိုထွန်းဝေ
9.11.2012
သောကြာနေ့ 

No comments:

Post a Comment