Tuesday 18 September 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် အမေစု တွေ့ဆုံ



မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ နဲ့ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၈ က အမေရိကန် ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန် ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် နှစ်ဆယ်ကျော်အရွယ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်) က နယူးယောက်မြို့က ကုလသမဂ္ဂမှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့ဖူးပါတယ်။ (အခု ခရီးစဉ် အတွင်းမှာလည်း ကုလသမဂ္ဂမှာ
အလုပ်လုပ်နေကြတဲ့ မြန်မာဝန်ထမ်းတွေကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်)။
(ဘီဘီစီ)





No comments:

Post a Comment