Tuesday 18 September 2012

ကျားကွက် ရွှေ့ တမ်းကစားမယ်.. **

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြန်တမ်းထုတ်၍
ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခန့်အပ်ခြင်းတို့ကို ပြုလုပ်လိုက်ကြောင်းသိရသည်။

ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည့် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးလှထွန်း အား ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး။


၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးဇော်သန်းသင်း အား ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး။

၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးဦးအောင်မော် အား ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန။

၎။ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုး အား ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။

၅။ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်အား ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဦးမောင်မောင်ဝင်းအား ညွှန်ကြားရေးမှူးချုပ် ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန။

၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဦးနေအေးအား ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန။

၈။ ပြန်ကြားရေးန၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအား ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။

ပြောင်းရွှေ့လိုက်သော ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်အား ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်အား ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။

၃။ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှအား ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၁)အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။

၎။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးအား ကျောင်းအုပ်ကြီး၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန။

၅။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်အား ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားဝန်ကြီးဌာန။

No comments:

Post a Comment