Showing posts with label ဗွီဒီယို ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဗွီဒီယို ဓာတ်ပုံသတင်း. Show all posts

Thursday, 25 October 2012

ရန်ကုန်မှာလုပ်တဲ့ ငြိမ်းချမ်း/ပွင့်လင်း ဟောပြောပွဲ


(အခမ်းအနားမှူး စည်သူမောင်)
၈၈ မျိုးဆက် ကျောင်းသားများရဲ့  ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ဆွေးနွေးဟောပြောပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က  ရန်ကုန်၊  လှိုင်မြို့နယ်မှာ ပြုလုပ်ပါတယ်။

Sunday, 30 September 2012

ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာတိုင်းရင်းသားမိသားစုများနဲ့တွေ့ဆုံပွဲ (ရုပ်/သံ) အသံဖိုင်

ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာတိုင်းရင်းသားမိသားစုများနဲ့တွေ့ဆုံပွဲ (ရုပ်/သံ) အစအဆုံး ...
 တိုက်ရိုက်ကြည့်ဖို့  သတိရှိစို့ 
 ******************
 နှစ်ခေါ် အာ
 နှစ်ခါအော်
 ဒီလင့်လေးကို
လာခဲ့နော်
 ပြည်သူတွေကို အဖော်ပြု
 ဒို့ လိုချင်တာ မေမေစု။ ။
 ကိုထွန်းဝေ။
 2012 Daw Aung San Su Kyi Event in San Francisco (Bay Area) Update :2012-09-29 အချိန် မြန်မာစံတော်ချိန် ည နေ 6နာရီခွဲ ခန့်  နေ့ ရက် 29.9.2012 29.9.30 တိုက်ရိုက်မိန့် ခွန်းကြည့်လိုသူများ http://tunwai-states.blogspot.jp/ http://shwevideos.net/watch_local.php?v=AZQuSeC11uI2&title=2012+Daw+Aung 

Thursday, 27 September 2012

ABSDF ၂ခြမ်းကွဲ သမိုင်း

ရာဇ၀တ် သားတွေ စီစစ်ဖို့  သင် မဆိုင်ရင် ဘေးမှာနေပါ..သက်ဆိုင်ရင် ကြိုဆိုပါရစေ
*****************************************************************

၁၉၈၈ ပြည်တွင်း ပြည်ပ က သမိုင်းမှာ ပါဝင်ခဲ့တဲ့
ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ လက်ရှိတပ်ဖွဲ့ ဝင်တွေ
မျိုးဆက်သစ်တွေ လေ့လာသင့်ပါတယ် ။
မြန်မာ့သမိုင်း တလျှောက်လုံး အတွေးအခေါ် ကွဲပြားသွားတာကို
စကားနိုင်လုနည်း ။ အနိုင်ရရေး တခုတည်းနဲ့  ဖြေရှင်းလို့ 
လူသတ်မှုတွေနဲ့  အဆုံးသတ်ခဲ့ရတယ် ။
နောက်ဆုံးပြည်သူလူထုအတွက် မွန်မြတ်လှတဲ့ စိတ်ဓါတ်တွေဟာ
လူတယောက် လူတစု လူတဖွဲ့  အပြန်နားလည်မှု မတည်ဆောက်နိုင်ဘဲ
ဂိုဏ်းဃဏ ဆိုတဲ့ အောက်တန်းကျလှတဲ့ အဆင့်ကို ရောက်သွားကြတယ် ။
လူ့ အခွင့်အရေးထွန်းကားရေးအတွက်
ဒီမိုကရေစီ တိုက်ပွဲ လမ်းကြောင်းမှာ
၁၉၈၈ ကျောင်းသားတွေရဲ့ 

Sunday, 23 September 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် - နယူးယောက် မြို့ - မြန်မာ ပြည်သူများနဲ့ တွေ့ဆုံ (ရုပ်သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် - နယူးယောက် မြို့ - မြန်မာ ပြည်သူများနဲ့ တွေ့ဆုံ (ရုပ်သံ)

22.9.2012 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် - နယူးယောက် မြို့ - မြန်မာ
ပြည်သူများနဲ့ တွေ့ဆုံပွဲ ဗွီဒီယို (1 to 8) ကို မူရင်း English - Myanmar (Photo) Dictionary မှ အများပြည်သူများကြည့်ရှုနိုင်ရန်ထုတ်ဝေလိုက်ပါတယ်။ NO 1မှ 8 အထိ file .
Queens Collegeဟောပြောပွဲမှ ...ဖြစ်ပါကြောင်း
ဒေါ်စု မိန့် ခွန်းထဲမှ ကောင်းနိုးရာရာလေးပါ
မြန်မာမိသားစုရဲ့ အမေးအဖြေ အခန်းမှာ မေးခွန်းများကို
ဖြေကြားရင်း ကျမက စစ်တပ်ကိုမကြိုက်တာမဟုတ်ဘူး။
စစ်အုပ်ချူပ်ရေးကို မကြိုက်တာဘဲလို့ ဆို သွားပါတယ်။..
နယူးရောက်ပွဲ မှာ အန်တီက ရီစရာ တစ်ခုပြောတယ်။ လူတစ်ယောက်က သူကို အသက် ၂၀၀၀ နှစ်ထောင် ရှည်ပါစေဆိုပြီး ဆုတောင်းတယ်တဲ့။ ဒါနဲ့ အန်တီက မများလွန်းဘူးလားပေါ့ ပြန်မေးတယ်တဲ့။ ဒါနဲ့ ဒီလူက မများဘူး မြန်မာပြည်မှာက လုပ်စရာ ခပ်များများရှိနေလို့ပါလို့ပြန်ဖြေတယ်တဲ့။ အန်တီက ရီနေပါတယ်။ရေးရရင် အများကြီးပါဘဲ။
သင်လာနားထောင်ကြည့်ပါ ...ကြိုက်သွားစေရမယ် အမေစု ရေရေလယ်လယ် ဖဲံ့ထားတယ်


...အခန်းဆက်ဇတ်လမ်း တစ်ခုကြည့်နေရသလိုပါပဲဗျာ ။

ဖခင်ဗိုလ်ချုပ်အောင်ဆန်ကလွတ်လပ်ရေးရ ယူပေးခဲ့ပြီးလမ်းတဝက်မှာ အာဏာရူုးတွေ လက် ချက်ကြောင့် ကျဆုံး သွားလို့ မပြီးသေးတဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကိုသမီးဖြစ် တဲ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ဆက်လက် သယ်ဆောင်ပုံကတောဖြင့်စိတ် ကူးယဉ် ဇတ်လမ်း ပင်မမှီနိုင်သေးပါဘူး။

ဒါကြောင့် ဒေါ်စု ရဲ့ ဗွီံဒီယို ၊ အသံဖိုင်ကို မိဘပြည်သူများ နားဆင်စေ့ချင်လွန်းလို့ တင်ပြ လိုက်ရပါတယ်..။


အမှတ်စဉ်1 အမှတ်စဉ်2 အမှတ်စဉ်3

Saturday, 22 September 2012

လုံခြုံရေးရဲများမှ ကိုယ်ထိလက်ရောက်ကျူးလွန်



ပြည်ကြီတံခွန်မြို့နယ်အတွင်းရှိ ဇီးအုတ် ကျေ့းရွာနှင့် ကံကြီူးကုန်းကျေး၇ွာတွင် မြေနေရာ ရောင်းမှား ၀ယ်မှားဖြစ်ထားသူများနှင့် ယနေ့ နေ့လည်ပိုင်းတွင် မြို့တော်ဝန်နှင့် တွေ့ဆုံကြရာ မြို့တော်ဝန်မှ အဆိုပါေ့မြနေရာနှင့် ဆပ်စပ်သည်များကိုပြောကြားပြီး အပြန် မြို့တော်ဝန် ကားရှေ့မှာ ငိုယိုတောင်းပန်နေကြသော ဒေသခံပြည်သူများ ကိုတွေ့၇စဉ်။။
ငိုယိုတောင်းပန်သူများကို လုံခြုံရေးရဲများမှ ကိုယ်ထိလက်ရောက်ကျူးလွန်တားဆီးမှုများလည်းဖြစ်ပေါ့်ခဲံကြောင်းတွေ့၇သည်။


news Sithu Lwin    လက်ပန်တောင်းတောင်မှရင်ဖွင့်သံများ

ထိပ်သီး ၂ ယောက်ရဲ့ အမေရိကန်ခရီး


 ~

(ဓာတ်ပုံ - ဧရာဝတီ)

  ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို ရောက်နေပါပြီ။ သမ္မတဦးသိန်းစိန်ကလည်း အမေရိကန်ကို ဒီရက်ပိုင်း သွားဖို့ အစီအစဉ်ရှိပါတယ်။



ဆုတွေထပ်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် Atlantic Council 2012 Global Citizen Award ဆုလက်ခံရယူ(ဓာတ်ပုံ)22.9.2012



နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပေး အပ်သော Global Citizen Award ဆုကို စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် Global Citizen Award ဆုပေးပွဲနှင့် ညစာစားပွဲတွင် လက်ခံရယူစဉ် ။

Was6909486

Atlantic Council 2012 Global Citizen Award recepients Quincy Jones (L), producer and humanitarian speaks with Aung San Suu Kyi (C), Myanmar Member of Parliament and Nobel Peace Prize Laureate, and Henry Kissinger (R), former US Secretary of State and Nobel Peace Prize Laureate, September 21, 2012 in New York. AFP PHOTO/Stan HONDA (Photo credit should read STAN HONDA/AFP/GettyImages) 2012 AFP





အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ တွင် ပြုလုပ်သော NED 2012 Democracy Award Ceremony အတွက် မတက်ရောက်နိုင်သော (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်း

စက်တင်ဘာလ ၂၀ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ တွင် ပြုလုပ်သော NED 2012 Democracy Award Ceremony အတွက် မတက်ရောက်နိုင်သော ၎င်းဆုရှင်တစ်ဦးဖြစ်သူ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်းကို ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်။ Ko Min Ko Naing ,88 Generation Student Leader was to be recognized by the National Endowment for Democracy as one of five Myanmar activists who have made significant contributions to the democracy movement . He said that he was canceling an upcoming trip to the United States to receive a democracy award, to show solidarity with fellow activists whose applications for passports have apparently been denied. chit lay

CNN သတင်းဌာန မှ မိုက်ကယ်ဂျက်ဆင် သူရဲချောက်ကြောင်းဖော်ပြ


မိုက်ကယ်ဂျက်ဆင်မကျွတ်သေးဘူးတဲ.ဗျို.
သူ.အိမ်မှာရှိနေသေးတဲ.အကြောင်းကို CNN သတင်းငှာနက တင်ပြထားတာလေးကြည်.လိုက်ကြပါဦးလို့ သတင်းစကားပါးလိုက်ပါရစေ။




Friday, 21 September 2012

ရှေ့ ကမှာလိုက် နောက်ကတိုက် ...

                                                       ဒီဇိုင်း ခွပ်ဒေါင်းအော်သံ..မှ



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရန်အတွက် ယနေ့ ယနေ့ လှုပ်ရှားမှုများယနေ့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွင် ဆူးလေ ဘုရားအနီး မြို့တော်ခန်းမ ရှေ့မှ စတင်စုဝေးကာ အထက်ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊ အရှေ့ရွှေ့ဂုံတိုင်လမ်း၊ လင့်လမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ ပြည်လမ်းတို့မှ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြမည်ဖြစ်ပြီး ညနေ ၄ နာရီ ဝန်းကျင်တွင် အင်းလျားကန်ဘောင်သို့ စုဝေးရောက်ရှိမည် ဖြစ်ကာ လူဦးရေး သုံးရာကျော်ခန့် ယင်းလှုပ်ရှားမှုတွင် ပါဝမည်ဖြစ်သည်။

ဒါမျိုးတွေ ပြန်ဖော်ပြတာ အကြောင်းရှိလို့ ပါဘဲ ကျနော် တတ်နိုင်တာတွေ ပြည်တွင်းကို လုပ်ပေးနေပါတယ် ညီညွတ်ရေးသို့  ...ကိုထွန်းဝေ (ကိုယ်ပိုင်ရေးဆို) ကိုသောင်း (ကိုယ်ပိုင်ရေးဆို)(ရန်ပွဲတွေ စစ်ပွဲတွေရပ်) ( မြင်အောင်ကြည့်ပါ) 21ရက် ဆန္ဒပြပွဲ The Voice Weekly

ဒေါ်စု နှင့် အမေရိက မှမြန်မာမိတ်ဆွေများတွေ့ ဆုံခဲ့တဲ့ ညနေဆည်းဆာ ဓါတ်ပုံ (ရုပ်သံ)




ညနေဆည်းဆာပုံရိပ်များ ဓါတ်ပုံ AFP ခဏတာ မေးမြန်းခွင့်ရခဲ့တဲ့ အမေစုရဲ့  သဘောထားလေး ဗွီဒီယို ဒီဗွီဘီိ

Thursday, 20 September 2012

"ကွန်ဂရက်ရွှေသားဆု" လက်ခံရယူစဉ် ။( ရုပ်သံ ဗွီဒီယို အသံဖိုင် )

 ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ကပေးအပ်မယ့် အမြင့်ဆုံးဆုဖြစ်သော "ကွန်ဂရက်ရွှေသားဆု" ကို ဒေါ်အောင်းဆန်းစုကြည်အတွက်ပေးအပ်မည့် ဆုပေးပွဲ အခမ်းအနားအားမှ ဒေါ်စုက လွှတ်တော်နှစ်ရပ်လုံး၏ ဆုတံဆိပ်  အမြင့်ဆုံးရွှေတံဆိပ်ဆုကို လက်ခံရယူစဉ် ။

Tuesday, 18 September 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် အမေစု တွေ့ဆုံ



မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ နဲ့ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၈ က အမေရိကန် ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန် ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် နှစ်ဆယ်ကျော်အရွယ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်) က နယူးယောက်မြို့က ကုလသမဂ္ဂမှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့ဖူးပါတယ်။ (အခု ခရီးစဉ် အတွင်းမှာလည်း ကုလသမဂ္ဂမှာ

Monday, 17 September 2012

ကျွန်းကိစ္စ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကြောင့် လုယက်မှု အကြမ်ဖက်မှုများ တိုးပွား (ရုပ်သံ)


တရုတ်မြို့ကြီးတွေမှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်၊ လုယက် ဖျက်ဆီးနေ
နှစ်နိုင်ငံကြား ရေပိုင်နက်မှာ အလယ်တည့်တည့်က ခြားထားတဲ့ မူကို Med
ian Line Principle လို့ ခေါ်ပါတယ်။ ကနေဒါနဲ့ အမေရိကန်ကြားက the Great Lakes မှာ ဒီမူကို နှစ်နိုင်ငံက သုံးကြပါတယ်။

ဂျပန်နဲ့ တရုတ်က အငြင်းပွားစရာ ကျွန်းအပေါ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်က Median Line Principle ကို သုံးတဲ့တွက် ကျွန်းဟာ ဂျပန်ပိုင်နက်ထဲ ရောက်သွားပါတယ်။ တရုတ်နဲ့ မဆိုင်တော့ပါဘူး။ ဒါပေမယ့် ဂျပန်-ထိုင်ဝမ်နဲ့ ပြန်တွက်လိုက်ရင် ထိုင်ဝမ်ဘက်က ပိုနီးပါတယ်။

တရုတ်ကတော့ Continental shelf နဲ့ ရေပိုင်နက်ကို သူ့ဖာသာ အဓိပ္ပာယ် ပြဋ္ဌာန်းပါတယ်။ Continental shelf ဆိုတာကတော့ ရှေးနှစ်ထောင်ပေါင်းများစွာတုန်းက ရေခဲခေတ်မှာ ကုန်းမြေအဖြစ် ပေါ်ကောင်းပေါ်နိုင်ခဲ့ဖူးတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံရယ်လို့ မတည်ရှိမီကတည်းက ရှိနေခဲ့တဲ့ ရေပြင် မြေပြင် မခွဲခြားနိုင်ခဲ့တဲ့ နေရာကို သူပိုင်ပါတယ်လို့ တရုတ်က ပြောလာတာပဲ ဖြစ်ပါတယ်

အခုတော့ ဒီကိစ္စကို တရုတ်က ကုလသမဂ္ဂကို တင်မယ်လို့ ပြောလာပါတယ်။ နိုင်ငံတကာ ဥပဒေအရ သူပိုင်တာကို ရှင်းလင်းကွဲပြားအောင် လုပ်မယ်လို့ ဆိုပါတယ်။ ဂျပန်ဘက်က ကျွန်းပိုင်ဆိုင်မှုအပေါ် ဆက်ပြီး ခြိမ်းခြောက်လာရင် တရုတ်က စီးပွားရေးအရ လက်တုန့်ပြန်မယ်လို့ ဆိုပါတယ်။ ဒီလို စီးပွားေးရး ဖဲချပ်ကို ထုတ်သုံးဖို့ တရုတ်က သိပ်ကို သတိထား ထိန်းချုပ်နေရတာပါလို့လည်း ဆိုလိုက်ပါသေးတယ်။

ဂျပန်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေ ၂ ရက်က တရုတ်နိုင်ငံ မြို့ကြီး ၁၂ မြို့မှာ လူတွေ ထောင်ချီပြီး ပါဝင်ခဲ့ကြပါတယ်။ အကြမ်းဖက်မှု အနည်းငယ် ရှိခဲ့ပါတယ်။ တရုတ်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာကို တရုတ်အစိုးရက ခွင့်ပြုလေ့ သိပ်မရှိပါဘူး။ ဒါပေမယ့် တရုတ်အစိုးရကို ထောက်ခံတယ်ဆိုရင်တော့ ခွင့်ပြုလေ့ ရှိတာကြောင့် ရှားရှားပါးပါး
ဖြစ်ခဲလှတဲ့ ဆန္ဒပြပွဲလို့ ဆိုရပါမယ်။

အနည်းဆုံး မြို့ကြီး ၅ မြို့မှာ ဂျပန်ပိုင် ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကားတွေ၊ စက်ရုံတွေ လုယက် ဖျက်ဆီးခံရပါတယ်။ တရုတ်နိုင်ငံရောက် ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံမှုနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ က တရုတ်အစိုးရကို ချက်ချင်း တိုက်တွန်းထားပါတယ်။

မြန်မာက တရုတ်အိမ်နီးချင်း ဖြစ်နေတော့ သူ့သဘောသူ့အကျင့်ကို သိထားတာ မမှားပါဘူး။ တရုတ်ဟာ အင်အားသုံး ခြိမ်းခြောက်တတ်တဲ့အပြင် လောဘ ထွက်နေတဲ့သဘောရှိပြီး ကျင့်ဝတ်ဖောက်ဖျက်ဖို့ ဝန်မလေးတာဟာ နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ စီးပွားရေး၊ စစ်ရေးနဲ့ လွှမ်းမိုး ခြိမ်းခြောက်လာနေတဲ့ တရုတ်ကို အိမ်နီးချင်း နိုင်ငံတိုင်းက စိုးရိမ်ပူပန်မှုနဲ့အတူ စိတ်ပျက်နေကြပါတယ်။

ဘာသာပြန် လွင်အောင်စိုး
၁၇-၉-၂ဝ၁၂
ဓါတ်ပုံ ဗွီဒီယို ကိုထွန်းဝေ17.9.2012 





လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးလှုပ်ရှားနေသူများ က ရှုံ့ချပွဲပြုလုပ် (ရုပ်/သံ)

 လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးတွက်လှုပ်ရှားမှုကို ထိပ်တိုက်ရင်ဆိုင်ပြီး ဆူပူအုံကြွ နေသည်ဟုယူဆပြောနေမှုသည် ဦးပိုင်ကုမ္ပဏီဘက်မှ ကာကွယ်နေခြင်းဖြစ်သောကြောင့် ၁၅.၉.၂၀၁၂နေ့တွင် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးလှုပ်ရှားနေသူများက ရှုံ့ချပွဲပြုလုပ်
 ဦးနှမ်းဖြူး စေ့စပ်ညှိနိုင်းရေးမှုးကြီး - အသက်၈၈ နှစ်" အားမြေမြုပ်သင်္ဂြိုလ်လိုက်တဲ့ မတရားလယ်သိမ်းခံရသောတောင်သူများ။




Sunday, 16 September 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကိုထွက်ခွာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆု တံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆)ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်
အတွင်း နာမည်ကျော် တက္ကသိုလ် တွေကိုသွားရောက် လေ့လာဖ
ို့
ရှိတဲ့အပြင်၊မြန်မာ မိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူရဲ့ ကိုယ်ရေးအရာရှိ
ဒေါက်တာ တင်မာအောင်၊ ရုံးအဖွဲ့မှူးဦးဇော်မင်းဦးနဲ့နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြမှာဖြစ်ပါတယ်။

(Photo- NLD)
RFA Burmese

Video DVB



Saturday, 15 September 2012

မွတ်စလင်တောမီး ကမ္ဘာသို့ ကူးပြီလား

                               တချို့ သော ဗွီဒီယိုဖိုင်များမှာတင်ခွင့်မရသောကြောင့် မတင်ဖြစ်ပါ။15.9.2012သတင်း

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။ ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂ မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက် မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း

Thursday, 13 September 2012

မန္တလေးမြို့တွင် မိမိကိုယ်ကို မီးရှို့သတ်သေမှုဖြစ်ပွား (ကြောက်တတ်သူများ မကြည့်သင့်)




မန္တလေးမြို့တွင် မိမိကိုယ်ကို မီးရှို့သတ်သေမှုဖြစ်ပွား
(ကြောက်တတ်သူများ မကြည့်သင့်) ဓါတ်ပုံ ကိုညိုကြီး

စက်တင်ဘာလ ၁၂ ရက်၊ ယနေ့ ညနေ ၃နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသွားကြောင်း CJ Myanmar မှ သိရှိရသည်။