Showing posts with label ဗွီဒီယို သတင်း. Show all posts
Showing posts with label ဗွီဒီယို သတင်း. Show all posts

Monday, 24 December 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ်မိန့်ခွန်း အပိုင်း(၁) ~(၂)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ်မိန့်ခွန်း အပိုင်း(၁) ~(၂)
သတင်းမူရင်း ဘားမားဗွီဂျေ

အက်စစ်အန္တရာယ်နဲ့ ကံကုန်းရွာ မှအဖြစ်အပျက် ရုပ်သံ




 အက်စစ်ကြောင့်ဟု သံသယဖြစ်ရပ်တခု၊ အသက်ရှင်လျှက် အသိမဲ့ဖြစ်နေတဲ့ လက်ပံတောင်း ဒေသက ကလေးငယ်တဦး၊ ဓာတ်ပုံ- သက်ဆွေအေး (မုံရွာ)


ကြေးနီးတောင် စီမံကိန်းအနားက ကံကုန်း ရွာသားတွေဟာ လည်ပတ်နေတဲ့ အက်ဆစ်စက်ရုံကြောင့် သူ တို့နှင့် ကလေးတွေ ကျန်းမာရေး ထိခိုက်စေတယ် ဆိုတာကို ဆက်လက် ပြောဆိုနေကြပြီး အဲဒီ စက်ရုံ ကို ရွှေ့ပြောင်း (သို့) ရပ်တန့်စေချင်တဲ့ အကြောင်း ပြောဆိုထားတာကို ဧရာဝတီက ရုပ်သံ တင်ဆက်ထား ပါတယ်။

Thursday, 13 December 2012

မကွေးမြသလွန်ဘုရားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း စ/ဆုံး

မကွေးမြသလွန်ဘုရားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း စ/ဆုံး (ရိုက်ကူး - ကိုသိုက်၊ ကျော်ဇေယျာဝင်း)

Sunday, 2 December 2012

တယုတ်ပြည်မှ သတင်းတစ်ခု



တရုတ် တီဗီချယ်နယ်က လွှင့်ထုတ်သွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်း ရုပ်သံမှတ်တမ်း အပိုင်း(၂)

ဒီရုပ်သံဖိုင်ရဲ့ ခေါင်းစဉ်ကတော့ တရုတ်လို 吴登盛叫停密松水电站 中缅关系遭受挑战 အင်္ဂလိပ်လို ဘာသာပြန်ကြည့်တော့ Wu Dengsheng(U Thein Sein
) halt Myitsone Myanmar relations challenged သမ္မတဦးသိန်းစိန်မှ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်ခြင်းဟာ ၂နိုင်ငံ ဆက်ဆံရေးကို စိန်ခေါ်လိုက်တာလို့ ဆိုပါတယ်..။

တရုတ်လို ဆွေးနွေးချက်တွေ ထပ်လေ့လာချင်ရင်တော့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်..။ http://v.ifeng.com/news/opinion/201212/32d4b6e5-3fbe-4963-b907-5ca1bac20f11.shtml

Saturday, 1 December 2012

တိုင်းသူပြည်သားများ၏ နှလုံးသားထဲမှတောင်းဆိုချက်

တိုင်းသူပြည်သားများ၏ နှလုံးသားထဲမှတောင်းဆိုချက် ခွပ်ဒေါင်းအော်သံမှ..


Saw Way's video. ကောင်းတယ် ဗျာ အလေးပြုပါသည် ကျွန်တော်ဒီသီချင်းလေးကိုရှာနေတာဒီနေ့မှရပါတယ်..ဒီသီချင်းလေးနဲ့ဒီဓာတ်ပုံလေးတွေတွဲပြီးစလိုက်ရှိုးလုပ်နေချိန်မှာကျွန်တော်မျက်ရည်ဝဲမိပါတယ်...အရမ်းစိတ်မကောင်းဖြစ်မိပါတယ်..အော်..ငါတို့မြန်မာနိုင်ငံကအာဏာရူးတွေကြောင့်ငါတို့ဘာသာဒီလောကမှာမျက်နှာငယ်အရှ တ်ရပြီဆိုပြီးတော့လေ...ကျွန်တော်တွေးတွေးနေပါတယ်..ပြည်သူကိုကြတော့နိုင်ငံတော်အကြည်ညှိပျက်မှုနဲ့တရားစွဲတယ်တဲ့..အခုသူတို့ကိုလဲ..ကိုယ့်နိင်ငံရဲ့ဘာသာ..သာသနာအကြည်ညှိဖြတ်စီးမှုနဲ့တရားစွဲချင်ပါတယ်ဗျာ....

ဒေါ်အောင်ဆန်းစုကြည် မုံရွာမှာပြောကြားတဲ့ ဒေသခံများနှင့်တွေ့ ဆုံ (ရုပ်သံ)

ဒေါ်အောင်ဆန်းစုကြည် မုံရွာမှာပြောကြားတဲ့ ဒေသခံများနှင့်တွေ့ ဆုံတဲ့ မိန့် ခွန်း  မှတ်တမ်း
ကိုဆန်နီပေးပို့ တာဖြစ်ပါတယ်။
1.12.2012

Thursday, 29 November 2012

လက်ပန်းတန်းတောင် စီမံကိန်း နောက်ဆုံးရသတင်း




ဒီမိုဝေယံဆီမှ ကိုထွန်းဝေကမိတ်ဆွေများအားလုံးအတွက်ကူးယူဖော်ပြထားပါတယ်။ 

သတင်း ဒီမိုဝေယံ

Friday, 23 November 2012

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ရေးမှကျောင်းသားများသည်???


၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ(၂၂)ရက်၊ ည(၇)နာရီ မှ စ၍ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှကျောင်းသားများ (၆၀၀)ခန့် သည် စစ်ကိုင်း ရွာသစ်ကြီးကျောင်း မှ မန္တလေး သို့ လမ်းလျှောက်ချီတက်ခဲ့ကြသည် ကျောင်းပြောင်းရွှေ့ရမည့် ကိစ္စ နှင့်ပတ်သတ်ပြီး ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ(၂၃)ရက် နေ့ နံနက်(၁၀)နာရီတွင်သတင်းစာရှင်းလင်းပွဲတစ်ခုဆက်လက်ပြုလုပ်မည့် အစီအစဉ်ရှိကြောင်းသိရပါသည်။
သတင်း  ကျော်မိုးဝင်း  ။

Friday, 16 November 2012

ဒီလိုနေရာလေးတွေ ပြန်ရောက်တာ သိပ်တန်ဖိုးရှိပါတယ်။


 အသဲကြားက မဲတပြားရခဲ့ကြတဲ့
ပြည်သူတွေရဲ့ ရင်ဘတ်ကြီးထဲကခေါင်းဆောင်နှစ်ဦး ပါ

Mugs and flags are displayed in a shop showing US President Barack Obama and Burmese opposition leader Aung San Suu Kyi as the city prepares for the US Presidents forthcoming visit on November 16, 2012 in Yangon, Myanmar. (Photo by Paula Bronstein)

phto ရာဇာဓိ ရာဇာ

အိုဘားမား စီနင်းလာမည့် Air Force One လေယာဉ်ကြီး

အမေရိကန် သမ္မတအတွက် အထူးသီးသန့် စီစဉ် တည်ဆောက်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ Air Force One လေယာဉ်ကြီး အကြောင်း National Geographic က ထုတ်လွှင့် ပြသမှုကို တင်ဆက် ပေးသွားပါမယ်။
ဒီဗီဒီယိုထဲမှာ ဂျော့ဂ်ျဘုရှ် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က Air Force One ရဲ့ ခရီးစဉ်တွေ အကြောင်းကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ အမေရိကန်သမ္မတလို့ ဆိုလိုက်တာနဲ့ Air Force One လေယာဉ်ကြီးကိုလည်း တွဲလျက်မြင် ကြရပါတယ်။ အမေရိကန်သမ္မတအတွက် အထူးသီးသန့် တည်ဆောက် ဖန်တီးထားတဲ့ ဒီလေယာဉ်ကြီးဟာ ကမ္ဘာကျော်ပြီး အလွန် နာမည်ကြီးလှပါတယ်။ Air Force One ဆိုတာ လေယာဉ်ပျံသာ မဟုတ်ဘဲ အမေရိကန် သမ္မတရုံးထိုင်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသဖြင့် စီမံခန့်ခွဲနိုင်တဲ့ အိမ်ဖြူတော်လည်း ဖြစ်တယ်လို့ တင်စား ပြောဆိုရ လောက်အောင် သမ္မတအတွက် ပြီးပြည့်စုံတယ်လို့ ဆိုရပါမယ်။
အမေရိကန် သမ္မတအဖြစ် ဒုတိယသက်တမ်း ထပ်မံရွေးကောက်ခံရတဲ့ အိုဘားမားဟာ သူရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၇ ရက်မှာ သမိုင်းဝင်ခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။
  Planet Myanmar Network

Thursday, 15 November 2012

ခနွဲကဘို ရွာ မှ ဖိနိပ်ခံရွာသူရွာသားများ နှင့် မှတ်တမ်းများ

ပန်းတနော် ကနေ ရန်ကုန်ကို အေးအေးချမ်းချမ်း ပြန်လာနေပါပြီ ခရီးစဉ် အောင်မြင်ခဲ့ပါတယ် အဟန့်အတားတွေ ကို ကျော်ဖြတ်ပြီး မေးမြန်းစုံစမ်းမှုတွေ လုပ်ခဲ့နိုင်ပါတယ်။
အင်းသူ ကြီး အမိန့် အရ ရဲတပ်ဖွဲ့တို့က အင်းသူကြိး အိမ်ကို ကာကွယ် ထားရသည်။ ထို ရဲ တို့ နောက်မှ အမျိုးသမီးငယ်များကို သေချာကြည့်ပါ။ တုတ်များ၊ ဓါးများကို ကိုင်ဆောင် ပြီး အင်အားပြ ခြိမ်းခြောက်ရန် အင်းသူကြီး အမိန့် အတိုင်း လိုက်နာ လုပ်ဆောင်နေရသော်
လည်း သူတို့ မျက်ဝန်းတို့တွင် မူရင်း စိတ်တို့ကို ဖတ်ရှု သိရှိနိုင်သည်။ အာဏာဖြင့် စေစားခြင်းသည် လူကိုသာ ခိုင်းစေနိုင်လိမ့်မည်။ ကိုယ်ချင်းစာ တတ်သော လူတို့ စိတ်ကိုကား အာဏာရှင်တို့ မစေ စားနိုင်ပါချေ၊၊





ဖြစ်စဉ် အကျဉ်း ( မှ ကိုနေမျိုးဇင်)

မနက်ခင်း ခနွဲကဘို ကျေးရွာသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသားများ လူဦးရေ ရာ နှင့်ချီပြီး ကျနော်တို့ အဖွဲ့နှင့် တွေ့ဆုံရန် လာရောက်စဉ် ရဲများနှင့် ပြသနာဖြစ်သည် ရဲများက တားသည်။ ရွာတွင်း ၀င်ခွင့်မပေး ၊ စီတန်းလမ်းလျောက်ခွင့် ပုဒ်မ များ ကို စခန်းမှူးက ဖတ်ပြပြီး ခြိမ်းခြောက်သည်။ နယ်ထိန်း တပ်ကြပ်ကြီး တဦးက ပစ်မိန့် ရထား ပြီးကြောင်း
ကျေးရွာသားတို့ကို ခြိမ်းခြောက်သည်။ အစာအိမ် ခမ်းခြောက်နေပြီဖြစ်သော ကျေး၇ွာသားတို့က မကြောက်တမ်း ဇွတ်ဝင်ကာ ကျနော်တို့ စည်းဝေးပွဲ လုပ်မည့် ကိုကိုမြင့် ဆိုသူ ခြံဝင်းသို့ လာရောက်စောင့်ဆိုင်းသည်။
အင်းသူကြီး ဦးကြဉ်ငြိမ်း ခြံဝင်း အတွင်းတွင်မူ ရဲတပ်ဖွဲ့များစွာ က လက်နက်များ ဒိုင်းများဖြင့် အသင့် နေရာယူထားသည်။ ထုံးဖြူစည်းရိုး တန်း သုံးတန်း တားထားသည်။ စည်းကျော်လျှင် ပစ်မည် ဆိုသည့် သဘော။

ထိုစည်း သုံးတန်း အပြင်ဘက် ရွာဘက် ထွက်သည့် လမ်းပေါ်တွင် သံဆူးကြိုးကာ အတားအဆီး အကန့် က သုံးခု။

ထို ထုံးဖြူစည်း နောက်တွင် သေနက် အသင့်နှင့် ရဲများ။ ရဲများ အနောက်တွင် အင်းသူကြီး ရုံးခန်း ၊ ရုံးခန်း အရှေ့တွင် ချောင်းကို ပိတ်ပြီး ငါးဖမ်းထားသည့် ရှော အတားအဆီး အကြီးကြီး။ မျက်နှာထား တင်းမာလှသည့် ရဲတပ်ဖွဲ့များက သေနက် အသင့်ဖြင့် ရွာသူ ရွာသားများကို ဦးဆောင်လာသည့် ကျနော်တို့ အဖွဲ့ကို စောင့်ကြည့်နေသည်။

ပြီးခဲ့သော ငါးရက် ကတည်းက အင်းသူကြီး အိမ်ကို အကာကွယ်ပေးနေရသည့် မြို့နယ်ရဲမှူးနှင့် တခါ ထပ်မံ စကားပြောရသည်။ သူ့နောက်က သံဆူးကြိုး အတားအဆိးများ ရဲလက်နက်ကိုင်များ၊ စူပုတ်နေသော မျက်နှာများနှင့် အင်းသူကြီးဧ။် လူမိုက်များ အကြား ကျနော် ၀င်သွားသည်။

တစ်နာရီမျှ စကားတွေ အပြန်အလှန်ပြောဖြစ်သည်။
  နောက်ဆက်တွဲ ဖြစ်စဉ်များကို ထပ်မံ တင်ပြပါမည်။ ပြည်သူ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားမှာ ပြည်သူ့ရဲတို့ မျက်နှာထား တင်းတင်းများ တဖြည်းဖြည်း လျော့ကျသွားသည်။

သံဆူးကြိုး အတား အဆီးများ တခု ချင်း
ရုပ်သိမ်းသွားသည်။ ရဲလက်နက်ကိုင် အဖွဲ့များ အနားယူရန် သစ်ပင်ရိပ်သို့ ရွှေ့သွားသည်။ ရဲ မြို့နယ်မှူးထံ အထက် လူကြီးလား မည်သူမှန်း မသိရသူ ထံမှ ဖုန်း တဂွမ်ဂွမ် လာသည်။ အခြေအနေ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။

လူထု အောင်ပွဲ တခု ရရှိခဲ့ပေပြီ။
May Myat Thu
 

မြန်မာပြည်မှာဆန္ဒပြပွဲတွေ တခေတ်စားလာတယ်။


15112012THU မိုးထိမိုးမိ ရွေတူး လုပ်ငန်းခွင်မှာ ပြန်လည် လုပ်ကိုင်ခွင့်ရရေး နေပြည်တော်ဆီ ၈ ရက်တိတိ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုနေကြတဲ့ ရွေလုပ်သားတွေဟာ ဒီကနေ့ မိုင် ၁၆၀ ခရီးပေါက်တဲ့ ပဲခူးတိုင်း ကျွဲပွဲမြို့ ကို ရောက်ရှိနေပါပြီ။ ဦးမောင်တူးတင်ဆက်။
DVB TV News

Saturday, 10 November 2012

“ ကြမ်းတမ်းသော စစ်ပွဲနှင့် နှုးညံ့သော နှလုံသား ” စာအုပ်ဖြန့်ချိ (ဓါတ်ပုံ ရုပ်သံ)

ပေးပို့ သူ ကိုကျော်ဇွာမြင့်အားအထူးကျးဇူးတင်ရှိပါတယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ကိုသူရ (ခ) ဇာဂနာရဲ. အမှတ်တရစကား။ ( ရုပ်သံ )
DVB Video

သမ္မတအိုဘားမား ချီကာဂိုမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံ(ဘာသာပြန်)



ရင် ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတခုဟာ နှစ်ပေါင်း ၂၀၀ ကျော်ကြာတဲ့ ဒီကနေ့ညမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကို အကောင်းဆုံး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ကို ရရှိပြန်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ..9.11.2012

၉-၁၁-၂၀၁၂ နေ့ ညနေ ၆း၄၅ နာရီတွင် ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှရန်ကုန်သို့ ပြန်လယ်ရောက်ရှိခဲ့ပါတယ်.
ဗွီဒီယို ကိုဆန်နီ

Saturday, 3 November 2012

နှစ် ၅၀ အတွင်း .. အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံ လာမည်

နှစ် ၅၀ အတွင်း .. အမေရိကန် သမ္မတ တစ်ဦးရဲ့  ပထမဦးဆုံး ခရီးစဉ် ပါ .. လာမဲ့  နိုဝင်ဘာ ၁၇,၁၈ မှာ ဘားရတ်အိုဘားမားမြန်မာနိုင်ငံ လာမည်တဲ့ ။

Friday, 2 November 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေ အမေး အဖြေ

အမေ့ ကို သတင်းအင်တာဗျူးတဲ့ ကိုကို ရေ ရေသောက်ပြီးမှ မေးပါလားကွာ မင်းကြည့်ရတာမောလိုက်တာ နော်..
*********************************************
ပြည်ထောင်စုလွတ်တော်က အတည်ပြူပေးလိုက်ပီ ဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေဟာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပေမယ့် နောက်ထပ်ပေါ်ပေါက်လာမယ့် နည်းဥပဒေကိုကြည့်ပြီးမှသာ နိုင်ငံသားတွေကို အမှန်တကယ်အကျိုးရှိစေမယ့် ဥပဒေဟုတ်မဟုတ်ဆိုတာ မှတ်ချက်ပြုနိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် တွေ့ဆုံမေးမြန်းထားပါတယ်။
(ရိုက်ကူး ကျော်ဇေယျာဝင်း)

မြန်မာနိုင်ငံကို တရုတ်တို့ရဲ့နယ်ချဲ့ပုံ KIA/KIO ရဲ့မြန်မာနိုင်ငံကိုချစ်တဲ့စိတ် ကြောင့် အင်အားချင်းမမျှ တဲ့စစ်အစိုးရနင့် တရုတ်တို့နှင့်ရင်ဆိုင်နေရ

မဟားတရားကုလားက အနောက်မှာမဟုတ်တယုတ်တယုတ်က မြောက်ဘက်မှာမန္တလေးကျသွားပြီ ...
ရခိုင်လည်း တည်းတည်းလေးပဲကျန်တော့တယ်...ဘယ်လမ်းလျောက်ချင်တာလဲ 2015 ကပါးပါးလေးတဲ့ ပါးစပ်ကတဖွတဖွပြောနေတယ် အရပ်ဝတ်လဲထားတဲ့ပုတ်သင်ညိုတွေ ဘယ်လိုယုံရမှာလဲ...သွားသေလိုက်ရင်မကောင်းဘူးလား