အမေရိကန် သမ္မတအတွက် အထူးသီးသန့် စီစဉ် တည်ဆောက်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ Air
Force One လေယာဉ်ကြီး အကြောင်း National Geographic က ထုတ်လွှင့် ပြသမှုကို
တင်ဆက် ပေးသွားပါမယ်။
ဒီဗီဒီယိုထဲမှာ ဂျော့ဂ်ျဘုရှ် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က Air Force
One ရဲ့ ခရီးစဉ်တွေ အကြောင်းကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။
အမေရိကန်သမ္မတလို့ ဆိုလိုက်တာနဲ့ Air Force One လေယာဉ်ကြီးကိုလည်း
တွဲလျက်မြင် ကြရပါတယ်။ အမေရိကန်သမ္မတအတွက် အထူးသီးသန့် တည်ဆောက်
ဖန်တီးထားတဲ့ ဒီလေယာဉ်ကြီးဟာ ကမ္ဘာကျော်ပြီး အလွန် နာမည်ကြီးလှပါတယ်။
Air Force One ဆိုတာ လေယာဉ်ပျံသာ မဟုတ်ဘဲ အမေရိကန် သမ္မတရုံးထိုင်ပြီး
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသဖြင့် စီမံခန့်ခွဲနိုင်တဲ့
အိမ်ဖြူတော်လည်း ဖြစ်တယ်လို့ တင်စား ပြောဆိုရ လောက်အောင် သမ္မတအတွက်
ပြီးပြည့်စုံတယ်လို့ ဆိုရပါမယ်။
အမေရိကန် သမ္မတအဖြစ် ဒုတိယသက်တမ်း ထပ်မံရွေးကောက်ခံရတဲ့ အိုဘားမားဟာ သူရဲ့
ဒုတိယသက်တမ်းမှာ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို
နိုဝင်ဘာ ၁၇ ရက်မှာ သမိုင်းဝင်ခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။
Planet Myanmar Network
No comments:
Post a Comment