Sunday 16 September 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကိုထွက်ခွာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆု တံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆)ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်
အတွင်း နာမည်ကျော် တက္ကသိုလ် တွေကိုသွားရောက် လေ့လာဖ
ို့
ရှိတဲ့အပြင်၊မြန်မာ မိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူရဲ့ ကိုယ်ရေးအရာရှိ
ဒေါက်တာ တင်မာအောင်၊ ရုံးအဖွဲ့မှူးဦးဇော်မင်းဦးနဲ့နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြမှာဖြစ်ပါတယ်။

(Photo- NLD)
RFA Burmese

Video DVB



No comments:

Post a Comment