Sunday 2 November 2014

ကိုပါကြီး အလောင်းကို ပြန်ဖေါ်ခွင့် ပြုပြီ။

ကိုပါကြီး အလောင်းကို ပြန်ဖေါ်ခွင့် ပြုပြီ။
မြန်မာ အစိုးရ စစ်တပ် ဖမ်းဆီးထားတဲ့ အချိန်မှာ သေဆုံးသွားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို အာဏာပိုင်တွေက ပြန်ဖေါ် ခွင့်ပြု တော့မှာ ဖြစ်ပါတယ်။
ရွှေဝါချောင် ကျေးရွာမှာ မြှုပ်ထားတဲ့ ကိုပါကြီး အလောင်ွးကို လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်ဖေါ်မှာ ဖြစ်တယ်လို့ ဇနီးဖြစ်သူ မသန္တာကို ကျိုက် မရော ရဲ စခန်းက အကြောင်းကြားလာ တာ ဖြစ်ပါတယ်။

အခုလို အချိန် ကပ်ပြီး အကြောင်းကြား လာတဲ့ အတွက် အလောင်း ပြန် ဖေါ်ပြီးတဲ့ အခါ ဘယ်လို သေဆုံး တယ်ဆိုတာ လွတ်လပ်စွာ စစ်ဆေး နိုင် ဖို့ ပြင်ဆင်မှု အချိန် အရမ်း နည်းနေ တယ်လို့ မသန္တာ ဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
BBC
2.11.2014
လေးစားလျှက်
ပြန်လည်မျှဝေပေးပါတယ.်.။

No comments:

Post a Comment