Friday 9 November 2012
ပေါလိုက်တာ.. ဟယ်.... တဲ့..။ ( အပိုင်း ၃ )
ကျွန်တော်ရဲ့  အပျော်တမ်းအလုပ် တချို့ နှင့်ပါသက်ပြီး
လုပ်သောအလုပ်... အလုပ်ရဲ့ အခြေအနေ... အလုပ်ရဲ့ အကျိုးရလဒ် တချို့ အား
အကျဉ်းချုပ်ရေးသား တင်ပြခဲ့ပြီးဖြစ်တယ်....၊
*****
အခု... လူတယောက်ရဲ့  လုပ်ရပ်ကို အခြအမြစ်မသိဘဲ... ကိုယ့်အကျင့်.. ကိုယ့်အသိနှင့်တိုင်းထွာပြီး
 ကြွားဝါတယ် ၀ါတယ်ဆိုတဲ့... သိမ်ဖျင်းတဲ့အပြောမျိုးတွေနှင့်ပါတ်သက်လို့  အနည်းငယ်ပြောမယ်...၊
နိဂုံးချုပ်အနေနှင့် ဖြစ်သင့်ရင်ဖြစ်မယ်...မဖြစ်သင့်ရင်မဖြစ်ဘူး....
ကျွန်တော်ကတော့... ရေဆုံး မြေဆုံးလို့ ဆုံးဖြတ်ထားတဲ့အတွက်... ရေအဆုံး မြေအဆုံးဘဲ...။
*****
ကြာခဲ့ပြီ.... ကျွန်တော်တို့ နိုင်ငံနှင့် လူမျိုးများရဲ့ အရေးဟာ... ကိုယ်ကျိုးသမားတွေအတွက်
လုပ်စားစရာ... စကွက်တခုအဖြစ် ဖြစ်တည်ရှိနေခဲ့သည်မှာ...နှစ်တွေတော်တော်ကြခဲ့ပြီ....၊
ဒီကိုယ်ကျိုးစီးပွားကို အခြေခံလို့ ... ကိုယ့်လူမျိုးတွေ ညီညွတ်မှုမထူထောင်နိုင်ခဲ့တဲ့ အဖြစ်များစွာ
ရှိခဲ့တယ်...ရှိနေတယ်။
ဒီအခြေအနေကို... ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအရေးကို တန်ဖိုးထားသူတို့ များက ရရာနေရာမှ ခုခံကြတယ်...၊
တချိန်တုန်းက ဒီ Faceboook ဆိုတာမရှိသေးဘူး..အခုလိုလဲ ခေတ်မစားသေးဘူး....။
အဲဒီတုန်းက.. Blog အမျိုးမျိုး Forum အမျိုးမျိုး Website အနည်းငယ်ခန့် ... စသည်ဖြင့် ကိုယ်လုပ်နိုင်သည့်နေရာမှ
ခုခံတိုက်ခိုက်ကြတာ..မုန်တိုင်းထန်သလို လုပ်ဆောင်ခဲ့ကြရတယ်...၊
နံမည်အမျိုးမျိုးနှင့်ပေါ့... တချို့ ကလည်း နံမည်အမျိုးမျိုးပေးပြီး ငါ့စကားနွားရပြောတာတွေလည်းရှိတာဘဲ...
အများအတွက်ကို မရည်ရွယ်ဘဲ... လူတယောက်ကို ပုဂ္စိုလ်ရေးတိုက်ခိုက်တာတွေလဲအများကြီဘဲ...၊
အဲအချိန်က... မြန်မာပြည်သတင်းစာထဲမှာလည်း... ဖေါင်းပွနေတာဘဲ...၊
အများက... နံမည်ပြောင်းသုံးသော်လည်း... ရပ်တည်ချက်တခုအပေါ်မှာ ခိုင်မာစွာရပ်တည်ပြီး ပြောတယ်...
ဘာအကြောင်းအရာနှင့်မှမပြောင်းလဲဘူး.... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအရေးဆိုတဲ့ နေရာမှာ ခိုင်မာစွာရပ်တည်...။
ငါ့ နံမည်ရင်းမဟုတ်... ငါ့ဓါတ်ပုံကို ဖေါ်ပြရတာမှ မဟုတ်ဘဲဆိုတဲ့ဆိုတဲ့ အသိနှင့် သစ္စာမဖေါက်ခဲ့ကြဘူး..၊
ဒီအခွင့်အရေးကို တက်နင်ပြီး တဖက်သား နစ်စေအောင်လဲ မလုပ်ခဲ့ကြဘူး...၊
( ဒီ အတိတ်အကြောင်းတွေကိုဆွဲပြောနေရင် ... လိုရင်းမရောက်ဘဲရှည်နေမယ်.... )
*****
ဒီမှတဆင့် အခု facebook ခေတ်စားလာတယ်... မိုမိုတွင်ကျယ်လာတယ်... လူအများနှင့်ထိစပ်မှုများ ပိုများလာတယ်...၊
ပြောလို... တင်ပြလိုရာများကို အလွယ်တကူပြောဆို..တင်ပြ လာနိုင်ကြတယ်...။
ဒီလို ကျယ်ပြန့် လာခြင်းနှင့်အတူ... လူပေါင်းစုံ... အလွှာပေါင်းစုံ စုဝေနေတဲ့ လူ့ အသိုင်းအ၀ိုင်း ပါတ်ဝန်းကျင်ကြီးတခုအဖြစ်
ရပ်တည်လာနေခဲ့တယ်....၊
*****
တချို့ ကလည်း... ဒီ facebook ပေါ်မှာ သူ့ ရဲ့  Profile picture နေရာမှာ သူ့ ဓါတ်ပုံထည့်ပြီး... သူရဲကောင်းအလုပ်များဖြစ်
စိတ်ကြီးဝင်နေတာကိုလည်း တွေ့ ရတယ်..။ ( သိပ်ရီစရာကောင်းတယ် ) သူ့  ဓါတ်ပုံဖေါ်ပြရဲတယ်ပေါ့...။
ကျွန်တော့်ကိုလဲပြောတယ်... ကျွန်တော့် Profile picture မှာ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ပုံကို
Banner လုပ် ထည့်ထားတလေ....၊
နောက်တခု ပြောဆိုသေးတယ်... ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ပုံ Profile picture မှာထည့်ပြီး ဒီနေရာမှာ
မိတ်ဆွေရှာတဲ့ အလုပ် လုပ်နေတယ်တဲ့....၊ ပြောပုံ..ပြောပုံ....၊
ဘယ်လို အသိတရားနှင့် ပြောတယ်ဆိုတာတော့ ကျွန်တော်နားမလည်ဘူး....၊
အောက်တန်းစားအတွေးနှင့် အောက်တန်းစား စကားပြောတာကတော့သေချာတယ်...။
ပြီးတော့... သူတို့ တွေက ဓါတ်ပုံတွေပြ ဘ၀င်မြင့်ရောဂါ စွဲကပ်နေကြတဲ့ပုံဘဲ....၊
တကယ်လို့ ... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ်ချစ်လို့ ... ရိုးသားစွာဖြင့် လုပ်နေပါဆိုရင် ..
အကျိုးသက်ရောက်နေမှုများကိုပြလေ.... ဟို ဓါတ်ပုံ ဒီဓါတ်ပုံထောင်ပြမနေနှင့်...၊ ကိုယ့်လုပ်ရပ်ကိုပြ...။
*****
ကျွန်တော်က... စကတည်းက ကျွန်တော့် Profile picture မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုယ့်ဟာကိုယ် Banner လုပ်
ထည့်ထားတယ်.... အခုအချိန်ထိ... နောင်လဲ ထည့်ထားဦးမှာဘဲ....။
ဘာကြောင့်လဲဆိုတော့..... ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လေးစားတန်ဖိုးထားတယ်..။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဘ၀ တိုးတက်ရေးအတွက်.... ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတယ်...။
ကျွန်တော့်ဘ၀တိုးတက်ရေးအတွက် .. ကျွန်တော်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးစရာမလိုဘူး...
ကျွန်တော့ဘ၀တိုးတက်ရေးအတွက်... ကျွန်တော့်ကို ဒေါ်အောင်ဆန်းစုကြည် အကူအညီပေးစရာမလိုဘူး....
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဘ၀တိုးတက်ရေးအတွက်... ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်အားကိုးခြင်းဖြစ်တယ်...၊
အားကိုးသလို... နောက်လိုက်ကောင်းတယောက်အနေနှင့် အုတ်တချပ်..သဲတပွင့်ပမာ... ခိုင်မာစွာ ပါဝင်မယ်...။
*****
တကယ်လို့ ..ဒီလင်မယားက....
ဓါတ်ပုံတွေကပ်တာ.... သူများဓါတ်ပုံတွေကိုထောင်ပြခြင်းနှင့် ဘ၀င်မြင့်နေမဲ့အစား...
အများအတွက် ကိုယ့်လုပ်ရပ်များကို ကဗျဉ်းထိုးပြီး ဓါတ်ပုံကပ်ခြင်းဖြင့် မျက်နှာမော့ လမ်းလျှောက်တာ ပိုအရသာရှိတယ်...။
*****
ဒီ Facebook နေရာမှာ ကိုယ့်ရဲ့  Profile picture နေရာမှာ ဓါတ်ပုံထည့်ခြင်းထက်...
အများအတွက်လုပ်ရပ်အဖြစ်... ကျောက်ပြားပေါ်မှာ ကဗျဉ်းဓါတ်ပုံ ထိုးပေးထားခြင်း...၊
ကိုယ့်ကိုယ် တန်ဖိုးမသတ်မှတ်ဘဲ... အများသတ်မှတ်ခြင်းနှင့်
ကိုယ့်ရဲ့ ဓါတ်ပုံ... ကိုယ့်ရဲ့ လုပ်ရပ်အဖြစ်...
သတင်းစာမျက်နှာပေါ်မှာ... တီဗွီမျက်နှာပြင်ပေါ်မှာ တင်ပြ ခံရခြင်းက....
ဒီ Facebook ရဲ့  Profile picture မှာ ကိုယ့်ဓါတ်ပုံထည့် ကြွားဝါလိုခြင်းထက် ပိုတန်ဖိုးရှိတယ်...၊
*****
တကယ်လို့ ... ခင်ဗျားတို့  လင်မယားမှာ ဒီ Facebook ရဲ့  Profile picture မှာ ဓါတ်ပုံ ထည့်ခြင်းမျိုး စိမ်မခေါ်ဘဲ...
ကိုယ့်ရဲ့ လုပ်ရပ်အဖြစ်... ကျောက်ပြားပေါ်မှာ တင်ထားသော ကဗျဉ်း...
သတင်းစာ... တီဗွီ..မျက်နှာပြင်ပေါ်မှာ တင်ထားသော... ပုံရိပ်မျိုးဖြင့်... စိန်ခေါ်လိုရင်တော့... အဆင်သင့်ပါ....။
*****
ကျွန်တော်မှာရပ်တည်ချက်ရှိတယ်....
ကျွန်တော်တိုင်းပြည်နှင့် လူမျိုးအပေါ် ဘယ်သောအခါမှ သစ္စာမဖေါက်ဘူး...
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို လက်ညှိုးထိုးပြီး.. ကိုယ်ကျိုး စီးပွားအလုပ်စားဘူး...၊
ကိုယ့်ပြည်သူများရဲ့ ... ဘ၀ချွေး... ဘ၀မျက်ရည်များကို အရသာခံပြီး လျှာဖြင့်မယက်ဘူး....၊
ဒီ Facebook မှာ ကျွန်တော်ကိုယ်တိုင် Banner လုပ် တင်ထားတဲ့ ပုံတွေ ... ရာဂဏန်းရှိပါတယ်...၊
ကျွန်တော်..စာများများ ရေးလေ့မရှိဘူး.... အခုမှ ဒီစာရေးခြင်းအလုပ်ကို လုပ်နေရခြင်းဖြစ်တယ်...။
ကြည့်လိုက်ပါ... ကျွန်တော်လုပ်သောပုံတွေ သစ္စာဖေါက်လုပ်ရပ် ဘယ်နှစ်ပုံပါလဲ....
*****
အခု... ကျွန်တော်တို့ နိုင်ငံမှာ... ကိုယ့်လူမျိုးတွေ စော်ကားခံခဲ့ရတယ်... ခံနေကြရတယ်....၊
( စပါးခင်းပိုင်ရှင်ကို မျောက်ရန်ရှာသလိုမျိုးဖြစ်တယ် )
ဒီအခြေအနေရောက်အောင်... ကိုယ့်လူမျိုးတွေက..သစ္စာဖေါက်ခဲ့ကြတယ်
ကိုယ်ကျိုးအတွက်... သူခိုးကို ဓါးရိုးကမ်းခဲ့ကြတယ်...
ကိုယ်ကျိုးအတွက်... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချနင်းခဲ့ကြတယ်...၊
ဒီအခြေအနေမျိုးကြောင့်.... ဒီနေရာမှ လုပ်နိုင်သောအရာ အားလုံးနှင့်..ရေးသား..ပြေဆို.. တင်ပြကြခြင်းနှင့်
အမှန်တရားဖက်မှ... ရပ်တည် ကာကွယ်နေကြတယ်... ခုခံကြတယ်...၊
ဒီအထဲမှာ..ကျွန်တော်လဲ အမျိုးသားညီညွတ်ရေးအတွက် ပုံတွေလုပ်ပြီ တင်ပေးခဲ့တယ်.. တင်ပေးနေတယ်..။
*****
အခု ရင်ဆိုင်နေရသော အမျိုးသားအရေးနှင့်ပါတ်သက်လို့ .... ဒီနေရာမှ ကိုယ့်ပြည်သူတွေ...
ဘယ်လို နည်းမျိုးနှင့်ဘဲဖြစ်ဖြစ်.... ခုခံနေကြခြင်းကို ..ထောက်ခံမည်ရမည်သာဖြစ်တယ်...
ဒါကြောင့်ထောက်ခံတယ်... အားပေးတယ်...၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအရေးနှင့်ပါတ်သက်လာရင်
တရားတာ မတရားမရှိဘူး... လုပ်နိုင်မှုအားလုံးနှင့်ကာကွယ်ရမယ်... ဒါက နိုင်ငံတိုင်းမှာ လုပ်ကြရတဲ့
အမျိုးသားအရေးအလုပ်ဘဲဖြစ်တယ်....၊
*****
ဒီအရေးကို ဖန်တီးခဲ့ကြတဲ့... သစ္စာဖေါက် အမျိုးယုတ်များကိုတော့ ပြောရကောင်းမှန်းမသိဘဲ..
ဒီ အရေးကို ကာကွယ်ခုခံနေကြတဲ့ လူကိုတွေကို... အပြစ်ရယ်လို့ ပြောလာရင်.... အဲဒီ သူခိုး ဓါးရိုးကမ်းကို
ရန်သူစရင်းစရင်းမှာသွင်းပြီး... ရှိတဲ့အား..အားလုံးကိုသုံးပြီး တုန့် ပြန်မှာဖြစ်တယ်...၊
*****
ဒီလုပ်ရပ်များကို... တတ်ယောင်ကားက... သူကဘဲ တိုင်းပြည်အရေးသိယောင်ယောင်....
ကျွန်တော်တို့ က၏ဘဲ.. တိုင်ပြည် ချောက်ကမ်းပါးထဲ ဆွဲချနေသယောင်ယောင် ..
သူကဘဲ မျိုးချစ်ကြီးပမာ... .လူတတ်ကြီးပမာလေသံမျိုးနှင့် ဒီနေရာမှာ... လာပြောခဲ့တယ်..။
ဒီပြသနာဟာ.. ဒီကစတာဘဲ...၊ ကျန်တဲ့နေရာမှာ သီးခံမယ် ... ဒီအရေးမှာ လုံးဝသီးမခံဘူး..၊
ဒါကြောင့်မေးမယ်... တိုင်းပြည်နှင့်လူမျိုးကိုချစ်ရင်... ဘာတွေလုပ်ခဲ့လဲ... ဘာတွေလုပ်နေလဲ...
လေနှင့်ပြောတာမလိုချင်ဘူး... လက်တွေ့ အကျိုးသက်နေခြင်းနှင့် ပြောကိုတာ လိုချင်တယ်...၊
*****
ထောင်ထဲရောက်တာ ကြွားလိုက်သေးတယ်....
ထောင်ထဲရောက်တာက... ၆၂ စစ်အာရှင်တက်ကတည်းက ထောင်ထဲရောက်ခဲ့ကြလူတွေ
ရေတွက်လို့ မကုန်.... တိုင်းချစ် ပြည်ချစ် မျိုးချစ် အမျိုးကောင်းသားများ... ဘ၀ပျက်... အညွန့် ကျိုး..
သေချင်းမလှ သေခဲ့ကြတဲ့ အညတရ သူရသူရကောင်းတွေ မြောက်များစွာ... ဒီလူတွေဘ၀တွေကို
တွေးကြည့်ရင်... ငါ ထောင်ထဲရောက်ခဲ့ပါလားဆိုတဲ့ အရာနှင့် ဘ၀င်မြင့်နေစရာမရှိဘူး....
ဒေါ်အောင်စုကြည်စကားနှင့်ပြောရရင်... ကိုယ့်ယုံကြည်ချက်လုပ်ရပ်ကြောင့် အကျိုးသက်ရောက်ခြင်း
တခုဖြစ်လို့ ... ဒီလိုခံရတာ သူမနားလည်ကြောင်းပြောတယ်..။
ဘာမှ စမုန့် ပြန်နေစရာလဲ မလိုဘူး.... ကြွားနေစရာလဲမလိုဘူး...။
*****
ငါကလည်း... မင်း ပုဆိုးဂွင်းသိုင်းပြေးကစားနေတဲ့အရွယ်ကတည်း....
အင်းစိန်ထောင် တိုက် ( ၃ ) အခန်း ( ၂ ) မှာ... အ၀တ်တထည် ကိုယ်တခုနှင့် ဗျာကြမ်းစုပ်တချပ်ပေါ်မှာ
မစင်ဂန်ဖလားကို ဘေးထားပြီးနေထိုင်ခဲ့ရတာ အချိန်တွေမနည်းဘူး...၊
*****
မင်းဘဲရောက်ခဲ့တယ် မထင်လေနှင့်... မင်းဘဲ လုပ်ခဲ့တယ်မထင်လေနှင့်.....၊
မင်းဘဲတတ်နေတယ်မထင်နှင့်..... မင်းဘဲသိနေတယ်မတင်နှင့်.....၊
မင်းကအခုမှ မျှစ်ဘ၀ဘဲရှိသေးတယ်...
ဟေ့.... ဒီနေရာမှာ... ဒီနေရာမှာ...
မျှစ်ဘ၀မှ ၀ါးဖြစ်နေတဲ့လူတွေ
ဝါးဘ၀မှ... နှီးဖြစ်နေတဲ့လူတွေ
နှီးဘ၀မှ ..ဖျာဖြစ်နေတဲ့လူတွေ...မြောက်များစွာရှိတယ်ဆိုတာ... မင်းသိထားဖို့ လိုတယ်..။
*****
လူ့ တန်ဖိုး.... မင်းလုပ်တဲ့အလုပ်နှင့်ဘဲ.... မင်းကို ငါထောက်ပြမယ်....၊
ဒီနိုငံမှာ... ရွှေတု ငွေတု ၀တ်ပြီး လူရာမ၀င်ဘူးကွ... ဒါကို မင်းသိလိမ့်မယ်...
*****
မင်း..ဒီနေရာမှာ. Credit Card ပြပြီး ကြွားဝါတာကို ငါတွေ့ လိုက်သေးတယ်..
လူတိုင်းလဲ မြင်လိုက်ကြတယ်...၊
မင်းတို့  လင်မယားနှစ် ဓါတ်ပုံနှင့်လေ....
ပြီးတော့... မြန်မာန်ုင်ငံ အနာဂါတ် အကူအညီပေးရေးအတွက် စု ထားမယ် ဆိုလားဘဲ...၊
ဒီသဘောရေးတယ်....တွေ့ တော့ တွေ့ တယ်....
ကိုယ်နှင့်မဆိုင်တော့... ဘာမှဝင်ပြေစရာအရှိဘူး.. ဝေဖန်စရာလဲမရှိဘူး...
ဒါပေမဲ့....  မင်းရဲ့ အဆင့်အတန်းကို ခန့် မှန်းလို့ ရတယ်.... ဒီနေရာမှာ လူတိုင်းတွေ့ လိုက်တယ်..။
*****
ဟေ့.... ငါပြောမယ်...
ဒီ နိုင်ငံမှာ Credit Card ဆိုတာ လူတိုင်းလိုလိုရှိကြတယ် ( အလုပ်ရှိသူများအဖို့  )
ကျောင်းသားမှာလဲရှိတယ်.... ( ကျောင်းသားအဆင့် ကဒ် )
ဟုတ်တယ်ကွ.... Credit Card ဆိုတာ လူတယောက်ရဲ့ တန်ဖိုးကို တိုင်းတာနိုင်တဲ့
အကောင်းဆုံးသော ပေးတံဘဲ....၊
Credit Card ရဲ့  Limit ကို မင်းလိုသလို လုပ်ချင်လို့ .... လုပ်ယူလို့ မရဘူး...
Credit Card ရဲ့  Limit ကို မင်းရဲ့ ဝင်ငွေ... မင်းရဲ့ ပိုင်ဆိုင်မှု
( ပိုင်ဆိုင်မှုဆိုတာ ငှားရမ်းခြင်းမဟုတ်တဲ့အရာ... ဘဏ်မှာ စုဆောင်းထားတဲ့ငွေကြေး......။ )
Credit Card နှင့်သက်ဆိုင်သော နောက်ခံသမိုင်ေးကြာင်းတွေကဘဲ Credit Card Limit ကို
သတ်မှတ်ပေးလို့ ရတယ်....၊
ဒီတော့... မင်းကိုင်တဲ့ Credit Card ကို သုံးသပ်ရမယ်...၊
မင်းကိုင်တဲ့ Credit Card က ဘယ်လောက်သုံးစွဲခွင့် Limit ရပြီလဲ....
ထောင်ဂဏန်းကိုထည့်မပြောနှင့်... ဘယ်နှစ်သောင်း ခွင့်ပြုထားသလဲ....၊
လိမ်လို့ မရဘူးနော်.... အားလုံးစာရွက်တွေမှာရှိတယ်...၊
မြန်မာပြည်တွင်းက လူတွေကတော့... Credit Card သုံးစွဲတဲ့ အနေအထားမရှိတော့ မသိနိုင်ဘူး
ဒါကို.... မင်းက ပိန်းပင်တော ဓါးစွမ်းပြတာပေါ့လေ....။
ဒါပေမဲ့.... ဒီနေရာဟာ ပိန်တောမဟုတ်ဘူးကွ...
ပိန်းပင်များရှိသလို... သစ်ကောင်း သစ်မာတွေ အများကြီးရှိတယ်ဆိုတာ မင်းသိဖို့ လိုတယ်...။
*****
မင်းကို ထပ်ပြောအုံးမယ်...
Credit Card ဆိုတာ အဆင့်အတန်းအမျိုးမျိုးရှိတယ်...
အဲဒီအဆင့်အတန်းကိုလည်း အထက်မှာ ပြောပြခဲ့တဲ့ အကြောင်းအရာတွေက ခွဲခြားထားတယ်...၊
အခု မင်းမှာ ဘယ်လို အဆင့်အတန်းရှိတဲ့ Credit Card ကို ကိုင်ဆောင်နေတာလဲ....၊
ဒါက.... အပြောတွေနှင့် လိမ်လို့ ရတဲ့ အရာတွေမဟုတ်ဘူး... အားလုံးစာရွက်တွေမှာရှိတယ်..။
အဲဒီ ဘဏ်ကပေးထာတဲ့ မင်း Credit Card ရဲ့  Limit ဟာ မင်း အဆင့်အတန်းဘဲ....၊
ရေမြင့်သလို..ကြာပင်တွေကလည်း အတူမြင့်တက်တဲ့သေဘာ ရှိသလိုမျိုးဘဲ....
Credit Card ရဲ့  Limit လည်း မြင့်တက်လေ့ရှိတယ်.... ဒါ မင်းအပေါ်မှာမူတည်တယ်...။
လက်ရှိ မင်းကိုင်ထားတဲ့ Credit Card ရဲ့  Limit ဟာ မင်းရဲ့ တန်ဖိုးဘဲ...၊
ဘဏ်တွေက ဒီအတိုင်းဆုံးဖြတ်တာကွ....
အ၀တ်အစားကောင်းဝတ်...ကားကောင်းစီးပြီးလာတာကို ဘဏ်က စိတ်ဝင်စားလေ့မရှိဘူးကွ...။
မင်းလက်ရှိကိုင်ဆောင်ထားသော Credit Card ရဲ့  Limit နှင့်ဘဲ ဆုံးဖြတ်မှာဖြစ်တယ်...၊
မင်းတန်ဖိုးကို မင်းပါးစပ်နှင့်ပြောလို့မရဘူး... မင်းသတ်မှတ်လို့ မရဘူး
မင်းရဲ့ အလုပ်အကိုင်နှင့် မင်းရဲ့ ဝင်ငွေကဆုံးဖြတ်တယ်....
ဒါ ဒီနိုင်ငံရဲ့  စနစ်.. မင်းနေထိုင်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုဖြစ်တယ်...။
မင်းဝင်ငွေကိုလည်း မင်းလိမ်လို့ မရဘူး....
မင်းတို့  ငါတို့  ဧပြီလရောက်တိုင်း ( Income Tax ) ၀င်ငွေတင်ပြရတဲ့အလုပ်ကို လုပ်ကြတယ်...၊
သိတယ်နော်.... လေနှင့် ကြွားဝါနေ လို့ မရဘူး..... မြန်မာပြည်က လူတွေကတော့...
ဘယ်သိနိုင်မလဲ.... အမှောင်ကျတဲ့ အကန်းဘ၀မျိုးမှာ နေထိုင်ခဲ့ကြရတာလေ....။
ရင်နာစရာပေါ့ကွာ.....၊
*****
မင်းကို ဆက်ပြောဦး...မယ်... ငါ မင်းကို ဆက်ပြောအုံးမယ်....။
မင်းလုပ်နေတဲ့အပေါက်က...
မင်းသိ မင်းတတ်... မင်းသာလျှင်..လူရာဝင်နေတဲ့အပေါက်မျိုးလုပ်တယ်..။
အမှန်တော့..ကြွားဝါးလိုတဲ့ စိတ်ကြီးဝင်နေတာဘဲ...။
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်ဆိုတာ... မင်းလိုအကောင်မျိုးပေါ့....၊
ငါ့ကိုတော့... မင်းမိန့် မက ကြွားတယ်တဲ့....
တော်တော်.. ရီစရာကောင်းတယ်...။
*****
မင်းကိုထပ်မေးမယ်...
ဒီနိုင်ငံရဲ့  လူလတ်တန်းစားတွေရဲ့ ... လုပ်ယူနိုင်တဲ့အခွင့်အရေး... မင်းရယူနိုင်ပြီလား....
Credit Card ရဲ့ အတိုးဟာ... အနိမ့်ဆုံး ၂၀ ရာခိုင်နှုံးပေးရတယ်... ဟုတ်တယ်နော်..
တချို့ ကဒ်တွေ... ဒီ့ထက်အများကြီး အတိုးပေးရတာတွေရှိတယ်...။
ဘဏ်က လစဉ်ဝင်ငွေနှင့် Credit Card သုံးစွဲမှု အခြေအနေကို ကြည့်ပြီး....
အတိုးနည်းနည်းနှင့် Credit Line ဆိုတာပေးလေ့တယ်....
ဒီ Credit Line ကတော့... စ စချင်း အတိုးရာခိုင်နှုံးနည်းနည်းလေးနှင့်ပေးတယ်...
ဒီ Credit Line အတိုးက တဖြည်းဖြည်း တက်သွားလေ့ ရှိပေမဲ့ ၁၀ ရာခိုင်နှုံးထက်မပိုဘူး...။
ဆိုတော့.... Credit Card သုံးစွဲတာထက်... အများကြီးသက်သာကောင်းမွန်တာပေါ့....
ဒီ အခွင့်အေရးကို မင်းရယူနိုင်ခဲ့ပြီလား...
ဒီ အခွင့်အရေးကို မင်းရယူနိုင်ခဲ့ရင်.... မင်းကို ဘဏ်က Credit Line ဘယ်လောက်
ပေးထားပြီလဲ.... ( ဘယ် နှစ်သောင်း ခွင့်ပြုပေးထားပြီလဲ )
သိတယ်နော်.....
လိမ်လို့ မရဘူးကွ... မရှိဘဲ ..ရှိဟန်ဆောင်ကြွားလို့ မရဘူးကွ....
*****
မင်းကို နောက်တခု..ထပ်မေးအုံးမယ်....
ဒါဟာလဲ... ဒီနိုင်ငံမှ လူတယောက်ရဲ့  အဆင့်ကို တိုင်းတာခြင်းဘဲ....
ဒီနေရာမှာ... လူတယောက်ရဲ့ အဆင့်ကို အကျင့်စာရိတ္တနှင့်မတိုင်းဘူလားလို့ မေးစရာရှိတယ်...၊
မှန်ပါတယ်... လူတယောက်မှာ... အကျင့်စာရိတ္တဟာ သိပ်အရေးကြီးတယ်...
လူတယောက်ရဲ့ အတွင်းကို သိဖို့ ခက်တယ်... ဟန်ဆောင်မှုက အများကြီလေ....
ဒါကြောင့်..ငွေဟာ လူတယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ်တဲ့အရာဘဲ....
ဒါကြောင့်... ဘဏ်က Credit Card ပေတံနှင့်တိုင်းခြင်းဖြစ်တယ်...၊
ဒါကြောင့် မင်းကို နောက်ဆုံးတခု ထပ်မေးမယ်...၊
မင်းရဲ့  Chequing Account မှာ... မင်းရဲ့ ကိုယ်ပိုင်ငွေတပြားမှမရှိတော့ဘူးဆိုရင်...
( Chequing Account ကိုတော့ မင်းလို လူတတ်တယောက်နားလည်ပါတယ်..။ )
မင်းကို ဘဏ်က Overdraft ထုတ်ခွင့်ပေးထားရဲ့ လား....
မင်းနားလည်အောင်ထပ်ပြောမယ်....
မင်းရဲ့  ဘဏ်အကောင့်မှာ ... ငွေတပြားမှ မရှိတော့ဘူးကွာ.... မင်းမှာ ငွေ တထောင်လိုနေတယ်...
အကောင့်မှာငွေမရှိပေမဲ့.... မင်းလိုတဲ့ ငွေတထောင် မင်းထုတ်ယူခွင့်ရရှိနိုင်ရဲ့ လား...၊
ဒါလဲ..ခက်ခဲတဲ့အရာတွေမဟုတ်ဘူး....
မင်းဝင်ငွေနှင့် မင်း Credit Card ကောင်းရင် လွယ်ကူစွာရနိုင်တယ်....၊
မင်းမှာ Overdraft လုပ်ခွင့်ရှိတယ်ဆိုရင်.... ဘဏ်က ဘယ်နှစ်ထောင်ခွင့်ပြုထားသလဲ....
အခု ငါ ပြောခဲ့တဲ့ အရာတွေဟာ လူတိုင်းလုပ်ယူနိုင်တယ်နော်....
အဲဒီ လူတိုင်းထဲမှာ... မင်းပါဝင်နိုင်ရဲ့ လား.... ဒါအဖြေဘဲကွ....၊
ပါးစပ်တွေနှင့် လုပ်ကြံပြောနေလို့ ရတဲ့ အရာတွေမဟုတ်ဘူး....
*****
ဒီ Facebook ပေါ်မှာ Credit Card ပြပြီး ကြွားမနေနှင့်လေ...၊
အထက်မှာ ငါပြောခဲ့တဲ့ အရာတွေ.... မင်းလက်ဝယ်ရှိနေပြီလား
ရှိခဲ့ရင်..ဘယ်အဆင့်အတန်းမှာ မင်းရပ်တည်ထားနိုင်ပြီလဲ....၊
ဒါအဖြေဘဲကွ......၊
*****
ငါတို့ တွေ....ဒီနိုင်ငံကိုလာခဲ့ကြရတယ်.....
လာစဉ်တုန်းက... ၀တ်စရာ..အ၀တ်ကောင်းကောင်းမပါဘူး...၊
လူကြီးတွေကို မပြောနှင့်...
ငါ့ညီ မိသားစုဆိုရင်.... သမီးငယ် လပိုင်းအရွယ်... အနွေးထည်ဝတ်စရာမပါဘူး...၊
အိပ်ကပ်ထဲမှာ တဒေါ်လာမပါဘူး...
အ၀တ်တွေကို ကျွတ်ကျွတ်အိပ်တွေ... ပီနံအိပ်ခွံတွေနှင့် ထည့်ပြီးလာခဲ့ကြရတယ်...
အခု ထက်ထိ အဲဒီအိပ်တွေကို မပျောက်မပျက် သိမ်ဆည်းထားသေးတယ်...၊
ကိုယ့်နိုင်ငံအတွက်..မင်းထက်ဖြတ်သန်းခဲ့ကြတယ်...
သူညဘ၀ကို... တွန်းလှန်ပြီး ခက်ခဲမှုများစွာကို ဖြတ်သန်းခဲ့ကြတယ်....
ဒီဖြတ်သန်းမှုမှ သီးပွင့်လာသော အသီးအပွင့်များကို ကိုယ့်နိုင်ငံ ကိုယ့်မျိုးအတွင် သင့်တော်နေရာမှာ
မျှဝေပေးနေကြတာ..ယနေ့ ထက်တိုင်...။
ဒီနိုင်ငံမှာနေ... ဒီရေကိုသောက်နေတော့... ဒီနိုင်ငံရဲ့  အကျိုးကိုလည်း နိုင်တဲ့နေရာမှကူညီခဲ့တယ် ကူညီနေတယ်..။
ဒါတွေက... ဒီနိုင်ငံမှာ ..ပါးစပ်နှင့်ပြောလို့ လို့ မရဘူးကွ...
လုပ်သောအလုပ်... အားလုံးအထောက်အထားရှိတယ်... အထောက်အထားလဲပေးတယ်...၊
မင်းတို့  လင်မယား လုပ်တာ ဘာရှိလဲ....
မင်းတို့ ကိုမွေးဖွားပေးခဲ့တဲ့နိုင်ငံအတွက်ရော.... အခုမင်းတို့  ရပ်တည် အသက်ရှင်နေတဲ့ နိုင်ငံအတွက်ပါ...
ချခင်းပြကြရအောင်လေ.... သူများဓါတ်ပုံထောင်ပြပြီး စိန်နားကပ်အရောင်နှင့်
ပါးပြောင်တဲ့ အလုပ်နှင့် ဘ၀င်မြင့်မနေကြနှင့်လေ....
ကိုယ်ပိုင်စွမ်းအားနှင့် ပါးပြောင်ကြောင်းပြကြရအောင်...။
ဒါမှ အရသာရှိတာကွ....
*****
နောက်တခုတွေ့ လိုက်သေးတယ်....။
မျက်မှန်လုပ်တာကို ကြီးကြီးကျယ်ကျယ် လုပ်ပြောနေတာတွေ့ လိုက်ရသေးတယ်...။
အာမခံဝယ်တယ်ဆိုတာ အမျိုးမျိုးရှိတယ်..
ကားအာမခံမှာလဲ အတန်းအစား အမျိုးမျိုးရှိတယ်....
အိမ် အာမခံမှာလဲ အတန်းအစား အမျိုးမျိုးရှိတယ်...
စီးပွားရေးအလုပ် အာမခံမှာလဲ အတန်းအစား အမျိုးမျိုးရှိတယ်...
ကျန်းမာရေး အာမခခံမှာလဲ အတန်းအစားအမျိုးမျိုးရှိတယ်...
မင်းမျက်မှန်အတွက်... ဘယ်လို အတန်းအစား ကျန်းမာရေး အာမခံမျိုးဝယ်ထားလဲ...၊
တကယ်ကားဝယ်ထားတာရှိရဲ့ လား.... ငါသိတယ်နော်... ဘ၀တွေကို...ဘ၀တွေကို...။
*****
ငါ့ မှာ ငါ့ဘ၀နှင့် ထိုက်သင့်တဲ့ အာမခံတွေ ၀ယ်ထားတယ်...
လစဉ်ပေးရငွေလဲ မနည်းဘူး...
လူတယောက်ရဲ့  အာမခံဝယ်တယ်ဆိုတာ... ကိုယ့်ဝင်ငွေနှင့် ချိန်ဆပြီဝယ်ကြရတယ်..
အမေရိကန်မှာ ကျန်းမာရေး အာမခံ မ၀ယ်နိုင်သူ အများကြီးရှိနတယ်...၊
မင်းလုပ်သောအလုပ်... မင်းရဲ့ ဝင်ငွေဟာ...
မင်းရဲ့ အာမခံဝယ်ထားမှုရှိမရှိ... ရှိခဲ့ရင်လည်း ဘယ်လို အဆင့် အာမခံဆိုတာ ခန့် မှန်းရနိုင်တယ်..။
ငါက မျက်မှန်တပ်တဲ့လူဆိုတော့... ဒီအကြောင်းတွေကိုနားလည်တယ်...
ဘယ်လောက်ပင် ကိုယ့်ကျန်းမာရေ အာမခံဌာန ခွင့်ပြုထားပေမဲ့...
အချိန်ဆိုတာသတ်မှတ်ထားတယ်... သူတို့ အာမခံပေးတာကို ကန့် သတ်ထားတာ အများကြီးရှိတယ်..။
ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတာမဟုတ်ဘူး.....
အာမခံဝယ်တယ်ဆိုတာ.... အလှည့်အပါတ်သိပ်များတယ်.... ဘာအာမခံဝယ်ဝယ်
မ၀ယ်ခင်လေ့လာရတယ်... ကိုယ်ကကောင်းမွန်တဲ့ အာမခံဝယ်ထားရင် ဘာအခက်အခဲမှ မရှိဘူး...၊
သတ်မှတ်တဲ့ အချိန်မရောက်ခင် တခုခုကြောင့် ပျက်စီးရင်... ကိုယ့်အိပ်မှငွေနှင့်လုပ်ပေါ့...။
စမ်းသပ်ခဆိုတာလဲ... အတိုင်းအတာသတ်မှတ်ထားတယ်...၊
*****
ငါက မျက်မှန်တွေအများကြီးသုံးတယ်....
ကျန်းမာရေးအာမခံက... မျက်မှန်တလက်ဘဲခွင့်ပြုတယ်....၊
ငါသုံးတာကို မင်းကိုပြောလိုက်အုံးမယ်....
၁။ ကျွန်ပြူတာသုံးတဲ့အခါ... ကွန်ပြူတာကြည့်ရန် လက်တကမ်းအဝေးကြည့် မျက်မှန်လုပ်ထားတယ်..
၂။ စာကြည့်မျက်မှန်သီးသန့် လုပ်ထားတယ်..
၃။ အိပ်ရာပေါ်မှာ အိပ်ရင်း စာကြည့်တဲ့ မျက်မှန်သီသန့် လုပ်ထားတယ်...
ဘာကြောင့်လဲဆိုတော့... စာဖတ်ရင်းအိပ်ပျော်သွား.. ဟိုလှည့်စောင်း ဒီလှည့်စောင်း အိပ်တော့
မျက်မှန်ကိုင်း တိမ်စောင်းမှုဖြစ်လို့ ဘဲ...။
၎။ ကားမောင်းတဲ့အခါ သုံးတဲ့ မျက်မှန်သီသန့် ထားတယ်...၊
၅။ အမြဲတပ်နေတဲ့ မျက်မှန်မျိုး... အပို တလက် သီးသန့် လုပ်ထားသေးတယ်...၊
ဒါတွေဟာ... အာမခံဌာနက လုပ်ပေးတာမဟုတ်ဘူး... အာမခံက တခုဘဲ လုပ်ပေးတယ်..
ကျန်တာ စမ်းသပ်ခအပါဝင်... မျက်မှန်ကိုင်းတွေ မှန်တွေကို ကိုယ့်ပိတ်ဆံနှင့်ပေးရတယ်...၊
မျက်မှန်ကိုင်းတွေဟာ ဒေါ်လာ တလက် ၃၀၀ အောက်မရှိဘူး....၊
ဒီမှာ... မင်းတွေ့ အောင်ပြလိုက်အုံးမယ်.... ကြည့်အောက်မှာ..
*****
ဒီနေရာ... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်...
အမျိုးသားအသိနှင့် ခုခံကာကွယ်နေကြတဲ့ သူတွေကို
ကိုယ့်ကိုယ်ကို တိုင်းပြည်အပေါ်မှာ... သိပ်တာဝန်ကြေ အနစ်နာခံ လုပ်ဆောင်နေတဲ့ လူမျိုးပမာ...
ဆရာကြီး ပုံစံမျိုးနှင့် ပြောလာရင်တော့...
လက်တွေ့ လုပ်နှင့်ရင်ဆိုင်မယ်...
တခြားလူမလိုဘူး.... မင်းတို့ လင်မယားနှစ်ယောက်ကို ငါ တယောက်တည်း ရင်ဆိုင်မယ်..။
အပြောတွေနှင့်လာမလုပ်နှင့်  ကိုယ်ပိုင်စွမ်းအားနှင့် ပါးပြောင်ကြောင်းပြကြအောင်...
ဒီ Facebook နေရာမှာ  Profile picture ပေါ်ဓါတ်ပုံထည့်ပြပြီး
လူစွမ်းကောင်းလုပ်ရပ်လို့ .... အရှက်မဲ့ဘ၀င်မြင့် စိန်ခေါ်မဲ့အစား...
ကိုယ့်ချွေးနဲစာဖြင့် အများအတွက်လုပ်ရပ်အဖြစ်..
ကျော်ပြားပေါ်မှာထိုးသော ကဗျဉ်းမျိုးနှင့် စိန်ခေါ်လိုက်ပါ...
ဒီ Facebook နေရာမှာ  Profile picture ပေါ် ဓါတ်ပုံထည့် ဘ၀င်မြင့်အစား
ကိုယ့်ချွေးနဲစာဖြင့် အများအကျိုးလုပ်အရပ်အဖြစ်...
သတင်းစာမျက်နှာပေါ်... တီဗွီမျက်ပေါ်မှာ တင်ပြခံနိုင်ရခြင်းမျိးနှင့်
မျက်နှာမော့နိုင်တဲ့အလုပ် လုပ်ပါလို့ ပြောရင်း ဒီစာကို ဒီနေရာမှာ အဆုံးသပ်လိုက်တယ်...။
-----------
ဆက်ပြောသင့်ရင် ထပ်ပြောအုံးမယ်...၊
မူရင်း
https://www.facebook.com/notes/khu-daun/%E1%80%B1%E1%80%95%E1%80%AB%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%90%E1%80%AC-%E1%80%9F%E1%80%9A%E1%80%B9-%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%83-/425598487504672 
No comments:
Post a Comment