Friday 9 November 2012

မိုဘိုင်းလ် စမတ်ဖုန်းများ ရောင်းချရမှု


ယခုနှစ် တတိယ (၃)လပတ် မိုဘိုင်းလ် စမတ်ဖုန်းများ ရောင်းချရမှုတွင် Samsung ကုမ္ပဏီထုတ် Galaxy SIIIက Apple၏ iPhone 4Sကို ကျော်တက်ခဲ့ကြောင်း သိရှိရသည်။

Strtegy Analyticsမှ သုတေသီများက စမတ်ဖုန်း ဈေးကွက်ကို သုတေသနပြု လေ့လာပြီးနောက် (၂၀၁၂)ခုနှစ်၊ တ
တိယ (၃)လပတ်အတွက် ကမ္ဘာပေါ်တွင် ရောင်းအကောင်းဆုံး စမတ်ဖုန်းသည် Galaxy SIIIဟု အတည်ပြုခဲ့သည်။ Samsungသည် ကမ္ဘာတလွှားသို့ Galaxy SIIIဖုန်းအလုံးပေါင်း (၁၈)သန်း တင်ပို့ရောင်းချခဲ့သည်။ ထို့အပြင် Galaxy SIII၏ ဈေးကွက်ဝေစုသည် ထို(၃)လအတွင်း (၁၁)ရာခိုင်နှုန်း ရှိခဲ့ပြီး (၁၆.၂)သန်း တင်ပို့ရောင်းချရသည့် iPhone 4Sကို နောက်ကောက် ချနိုင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်၏ နောက်ဆုံး (၃)လတွင်မူ Galaxy SIIIကို Apple၏ နောက်ဆုံးထုတ် iPhone 5က ကျော်တက်မည်ဟု သုတေသီများက ခန့်မှန်းထားသည်။ တတိယ (၃)လပတ် အတွင်းတွင်မူ iPhone 5အလုံးရေ (၆)သန်းကျော် ရောင်းချထားပြီး ဖြစ်သည်။

ယခုနှစ်၏ တတိယ (၃)လပတ်အတွင်း ရောင်းချရသော စမတ်ဖုန်း အရေအတွက် စုစုပေါင်းမှာမူ (၁၆၇.၈)သန်း ရှိခဲ့ကြောင်းလည်း သိရှိရသည်။
 
သတင်း 

No comments:

Post a Comment