Showing posts with label ကဗျာ သတင်း. Show all posts
Showing posts with label ကဗျာ သတင်း. Show all posts
Tuesday, 12 March 2013
သွေးမုန်တိုင်း နိဒါန်း
အတွေးတွေအခြေမကျတဲ့ သွေးမြေကျခဲ့မတ်လ
ဦးနှောက်မဲ့နှလုံးသား
ပိတ်ဆို့ခံထားရတဲ့ အတွေးအခေါ်များနဲ့
လက်မရွံ့ကြေးစား ဖောက်ပြန်ရေးသမားတွေရဲ့
မတရားအလံထူထားတဲ့ အလကားလူတွေကြောင့်
တံတားဖြူနဲ့အင်လျားကန်မှာ
ကံဆိုး မိုးမှောင်ကျ ၊
သွေးမုန်တိုင်း နိဒါန်းအစပျိုးခဲ့တယ် ။
နွေထက်ပူလောင်တဲ့ ဒီမတ်လမှာ
မတ်တပ်ရပ်ကာစ လူ့အခွင့်အရေး
သွေးစက်များ ပေကျံ
ထောင်အချုပ်ကားထဲ အသက်ရှုရပ်သလို
မနက်ဖြန်တွေ မွန်းကြပ်နေတယ်။
သံချေးတက်နေတဲ့ စနစ်ဟောင်းမှာ
တိုက်ပုံနဲ့ ခေါင်းပေါင်းဝတ်များရဲ့
မြန်မာ့နည်း ၊မြန်မာ့ဟန်လို ဖောက်ပြန်ခဲ့ အမွေကို
ဗြောင်လိမ်ဗြောင်စားတဲ့ စစ်ယူနီဖောင်းဝတ်များထံ လွှဲပြောင်း
အဆိုးအမှားတွေ ပြင်းထန်တဲ့ အမှောင်ဘ၀များကို
အရှင်လတ်လတ် ဆင်းရဲခြင်းတွင်းနက်နက်ထဲ တွန်းချနေတယ် ။
စီးပွားရေး ချောက်ထဲကျတဲ့ ခေတ်မှာ
ကတောက်ကဆတွေ မကြာကြာဖြစ်ရ
ကမောက်ကမ ဖြစ်မှုတွေ ဒုနဲ့ဒေး
အကျင့်စာရိတ္တပျက်မှုများက လျှပ်စစ်မီးလို ခဏခဏပျက်
သွေးစွန်းလက်နဲ့ဘုရားတည်
မကောင်းမှုတွေရဲ့နိဂုံးမှာ ငရဲရောက်မယ်ဆိုတာ ကြိုသိလို့
ယတြာချေတဲ့ အနေနဲ့
ငရဲနဲ့နီးနီးမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီးနေကြတယ်။
ရုန့်ရင့်ကြမ်းတမ်းမှုများကို ရပ်တန့်ကမရပ်ပဲ
ရန်စွယ်ရန်ငြိုးများ စစ်မီးလိုမွှေးကာ မျိုးပွားပြီး
အာဏာကို စစ်သွေးနဲ့ ဆေးကြောသူတွေကြောင့်
ရုန်းရင်းဆန်ခတ်မှုများ ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တယ် ။
အတွေးတွေ အခြေမကျတဲ့
သွေးမြေကျခဲ့ မတ်လ
အရိုးတောင်တန်းတွေ အထပ်ထပ်
သွေးမြစ်တွေ ဖြတ်စီး
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
သွေးချင်းချင်းနီစဲလက်များနဲ့ လှုပ်နှိုးခဲ့တယ်။
အောင်ခိုင်မြင့်
၁၃ မတ်လ ၂၀၀၉
Monday, 11 February 2013
“ဂဠုန် ဆရာစံ ရေးခဲ့တဲ့ ကဗျာ လင်္ကာ ”
တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ သာယာဝတီထောင်မှ တရားရုံးသို့အသွား ဓါတ်ပုံ http://honestchoose.blogspot.com/မှ
မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲ မှတ်ရာ
လူ့ တံထွာတည်း။
မီးတစ်ဆယ့်တစ်၊ ငြိမ်းရာ ဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။
Sunday, 27 January 2013
ပြတိုက်-ဝေဒနာ
( က )
တကြိမ်နှစ်ကြိမ်                                           (ခ ) အကြိမ်တရာ
သုံးကြိမ်ကန်တော့                                              အခါတထောင်
မန်လျော့ပါ၏                                                    ယောင်၍ဆိုကြ
ဤသစ္စာ စကားကြောင့်                                       ထောင်ထဲမှာကော
အရှင်ဘုရား ဒီမိုကရေစီ ရရှိပါစေသား ။။။။။။။။            ပြင်မှာရောလေ
                                                                    ဆိုနေကြသံ ကြားဖူးသား ။။။။။။။
( ဂ )
၈၈-က-သည်                                             ( ဃ )
နှစ်ထောင့်ဆယ်ငါး                                               ပြတိုက်စားပွဲပေါ်
ရောက်ရှိသွားခိုက်                                                ၀င်းမော်ဦးရုပ်ထု
ပြတိုက်ထဲမှာ                                                      ဗိုလ်ချုပ်မြ-မကျန်
ရုပ်ထုများစွာ ပြထားပြီ ။။။။။။။။။                                 တော်လှန်ရေးသမား
                                                                       စာသမား ကဗျာသမား
                                                                      ဒေါ်အောင်ဆန်းစုကြည်
( င )                                                                ထယ်ဝါရုပ်ထု ရှိလေ၏ ။။။။။။။။။။။
သမီးတွဲလဲ
မြေးတွဲလဲပ
ပြတိုက်လည်သူ
ပြည်သူမှာတော့
မိုးရွာတာတောင်
ဝမ်းခေါင်ခေါင်သာ
ထီးမပါဘဲ
လာခဲ့ရပြီ
နှစ်လရှည်ကြာ တိုင်ခဲ့ပေါ့ ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
Saturday, 26 January 2013
ဘောလုံးသမား သူငယ်ချင်းများ
(ရေး - မင်းကိုနိုင်)
ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့ 
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့
အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ ယက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။
“တစ်သက် ထာဝရ သတိရနေမယ်”
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
“ရွှေခွက်” လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာ
ငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။
မင်းကိုနိုင်
နေ့ရက်မသွေ အမေနေ့ပေ
ကျောင်းအရိပ် လောင်းရိပ်
ဆောင်းသမျှအရိပ်တွေထဲမှာ
အမြဲချွေးသိပ်စေတာ
အမေ့ရဲ့မေတ္တာရိပ်ပါ…။
ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ
အမြဲအပြစ်ကင်းတာ
အမေ့ရဲ့မေတ္တာပါ…။
လူ့တိုင်းတခွင်မှာ
တုနှိုင်းမယှဉ်သာတာ
အမေ့ရဲ့မေတ္တာပါ…။
အပေးတာရှိ အယူမရှိတဲ့
ဖြူပါဘိ မေတ္တာဟာ
အမေ့မေတ္တာပါ…။
မေတ္တာအနန္တ ကြီးမားလှတဲ့
မွေးသမိခင် ကျေးဇူးရှင်ကို
ငါလျှင်ရိုကျိုး ငါရှိခိုးမည်
အရိုးမြေကျ သေရသည့်တိုင်
မယိုင်မလဲ ပိုင်ပိုင်စွဲမည်
သေမကွဲ ရှင်မကွာ
နေ့ရက်တိုင်းကိုသာ
အမေနေ့လို့ပဲ မှတ်ယူသွားမှာပါ…။
တက္ကသိုလ်ဘုန်းကြွယ်(၁-၂၆-၁၃)
၉၂-နှစ်ရှိပြီဖြစ်သောအမေ ကျန်းမာရွှင်လန်းပါစေ။
ကန်တော့ပန်ဆင်ပေ-ချစ်မေမေ သက်တော်ရာကျော်ရှည်ပါစေ
Thursday, 24 January 2013
ခရေပန်းသည်မလေး
ကျောင်းသူအရွယ် ကလေးမရယ်
လွယ်အိတ်ကလေးတလွယ်လွယ်
ကျောင်းကိုကွယ် ပျော်ဖွယ်ခြေလှမ်း
မြန်းရမယ့်အစား အများနဲ့မတူ
အမေ့ကိုကူ ဒိုးတူပေါင်ဖက်
ဝမ်းရေးအတွက် ခရေပန်းကောက်ရန်ထွက်…။
ခရေပန်းပွင့်
ကြွေလွင့်ရာခရေပင်အောက်
ခရေပန်းတွေတကောက်ကောက်
ကောက်ရသမျှ ခရေပန်းအလှ
ကြိုးတချောင်းထဲ သီကုံးရ
အရွယ်နဲ့မမျှအောင် ၀မ်းစာကျောင်း
တလမ်းဝင်တလမ်းထွက်အော်လို့ရောင်း…။
တက္ကသိုလ်ဘုန်းကြွယ်(၁-၂၄ ၁၃)
ပန်းချီကပြောသောဆဲဗင်းဇူလိုင်ဇာတ်လမ်း
ရန်ကုန်ဝ/သတက္ကသိုလ် ဇာတ်ကြောင်းစုံကို
ကုံလုံပြည်ဝ ဖေါ်ပြနိုင်ရန်
အသံတိတ်ဆန္ဒ ပြခဲ့သူအနေနှင့်
မသွေရုပ်လုံးဖေါ် ပန်းချီကျော်တစ်ဦးက
အထူးထုတ်စာစောင်တွင်
စုတ်တံပြောင်ပြောင် ကလောင်မာန်ထောင်၍
ကွေ့ရှောင်ဥာဏ်ပြေး
စီစစ်ရေးပင်ကျော်လာနိုင်ခဲ့ပါသေး။
ဟိုးလေးတကျော် ဇာတ်ကြောင်းပေါ်မှ
မတော်ပေခူး ရင်ဝလှံစူးသကဲ့သို့
အထူးခုန်ကြွ လိုကိလံသိမ်းဆည်းကြသည်
သူခိုးပြေးမှ ထိုးကွင်းထသူများတည်း…။
အာဏာရှင်အနာဝ တုတ်ချသကဲ့သို့
နာသွားရခြင်း အကြောင်းရင်းက
သစ်ပုပ်ပင်ရင်းကိုက ဒေါမာန်တ်ကြွကြွ
တကယ်ခံချတော့မယ့်လက်သီးသဏ္ဌာန်
မာန်တက်နေတဲ့အခက်အရွက်တွေကလ
ခွပ်ဒေါင်းမာန်သွင် ခွပ်မယ့်ဟန်တပြင်ပြင်
ပတ်ဝန်းကျင်အဆောင်တ၀ိုက်
ဆိုင်းဘုတ်တွေထောင်ပြီး
လိုက်ကြတဲ့ကျောင်းသားတွေ
အသက်ပင်သေသေ မသွေပေကပ်
ယုံကြည်ချက်မတ်မတ်နဲ့
အသတ်ခံခဲ့ရတဲ့ သွေးနီးနီးလမိးကြောင်း
ချောင်းစီခဲ့ရပါသလေ…။
စာအုပ်၎အုပ်ကိုထိပ်တိုက်
ဆက်စပ်ကြည့်လိုက်ပါလျှင်
အမြင်စိမ်းစိမ်း ဖိနပ်စိမ်းစိမ်းနဲ့
လုံထိန်းတွေသောင်းကျန်နေတာကိုများ
မျက်ဝါးထင်ထင်တွေ့မြင်ရပါမည်…။
ပန်းချီကားတစ်ချပ်
စိစစ်ရေးစောင့်ကြပ်နေတဲ့ကြားက
လွတ်လပ်စွာဖန်တီးနိုင်တဲ့ပန်းချီကျော်ကို
ထုတ်ဖေါ်ဂုဏ်ပြုလိုက်ပါသည်…။
တက္ကသိုလ်ဘုန်းကြွယ်(၁-၂၃-၁၃)
ဤတ်ပုံကိုရှာကြံတင်ပြသော
Naingmon Aungthwin's photo
နှင့်မာလတို့တတွေကို
အထူးကျေးဇူးတင်ရှိပါသည်…။
*************************************************************************
ည…။
ပန်းချီကားတစ်ချပ်
စိစစ်ရေးစောင့်ကြပ်နေတဲ့ကြားက
လွတ်လပ်စွာဖန်တီးနိုင်တဲ့ပန်းချီကျော်ကို
ထုတ်ဖေါ်ဂုဏ်ပြုလိုက်ပါသည်…။
တက္ကသိုလ်ဘုန်းကြွယ်(၁-၂၃-၁၃)
ဤဓါတ်ပုံကိုရှာကြံတင်ပြသောNaingmon Aungthwin's photo
နှင့်မာလတို့တတွေကိုအထူးကျေးဇူးတင်ရှိပါသည်…။
Saturday, 5 January 2013
ဖုန်သုတ်ထားတဲ့ စာအုပ်အဖွဲ့အနွဲ့
စာအုပ်အဖွဲ့အနွဲ့
အနာပေါ် ဆေးလိပ်မီးပွား ခါချသလို
နေ့စွဲတွေ ကျရောက်နေပုံ
တဖွားဖွား
စကားလုံးတွေ လူကြားကောင်းတယ်
အဖြစ်အပျက်တွေ လူကြားမကောင်းဘူး
နေစောင်းလည်း မွန်းတည့်ကောင်းတုံး
သေပန်းတွေ ပွင့်မဆုံးပုံက….
လူသေကို
လူရှင်က ကြောက်ကြ
ဒုက္ခပဲ…..။
Monday, 31 December 2012
နှစ်သစ် ခန်းဆီး ဖွင့်လှစ်ခြင်း
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
သက္ကရာဇ်တွေသာ ပြောင်းသွားတယ်
ဘ၀တွေက အကုန်အဟောင်း
အရာရာအားလုံး ဘာမှမပြောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
ဆုတောင်း အဟောင်းတွေ သစ်ခဲ့တယ်
ကောက်ကြောင်းတွေက ပုံမပြောင်း
အားလုံး အရင်လို နဂို အဟောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
အဟောင်းတွေ ပြန်သစ်ခဲ့တယ်
အဖြစ်တွေက မြင်မကောင်း
စစ်နွံထဲမှာ နစ်နေကြောင်း။
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
မင်းလည်းအဟောင်း ၊ ငါလည်းအဟောင်း
Sunday, 30 December 2012
နှစ်ထောင့်ဆယ့်သုံးဆီသို့ 
 နှစ်ထောင့်ဆယ့်သုံးဆီသို့ 
နှစ်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေပြီ
ဒို့တတွေလည်းတနှစ်တခြား
အသက်ကြီးသွားပြီ
ဖေ့ဘုတ်ကြီးလည်း 
အသံပေါင်းစုံနေတယ်။
လိုချင်တာတွေမရ
သွေးအေးအေးစစ်ခင်းနေတဲ့ 
မီးမငြိမ်းတဲ့ တိုင်းရင်းသားအရေး
ခုထိမအေးသေး
ဒီမိုကရေစီဆို ဝေလာဝေး
ဖြေစရာရယ်မရှိ
နေစရာကခက်၏ဆိုသလို
အတွေးကချာချာလည်
အဆွေးကအခါခါကြွယ်
ကချင်ကအစ လက်ပန်းတန်တောင်အဆုံး
ဆန္ဒပြတာတဗြုံးဗြုံး
အစရှာတာမလွယ်
အွန်လိုင်းပေါ်မှာ
အသံတွေကြားနေရတယ်။
ဟိုအရေးလဲဒေါ်စု
ဒီအရေးလဲဒေါ်စု
အဖော်ပြုဖို့ စဉ်းစားကြ
ဘွင်းဘွင်းဘဲပြောမယ်
မဖွကြနဲ့  လက်မစောနဲ့ 
အင်တာနက်မှာ
အသံတွေကြားနေရတယ်။
တနှစ်ပြီးတနှစ်
မနှစ်သက်လဲဒီသတင်း 
အဖြစ်အပျက်ကို ဖောက်ထွက်
ထွက်ပေါက်ကယ်ဖြေစရာ
ဂျောက်ဂျက်ဂျောက်ဂျက်
နာရီသံများကုန်ဆုံးသွား
စနစ်ဆိုးတဲ့ အဖြစ်ပျက်တွေကို
ရင်မှာပိုက်ပြီး
အပျက်အပျက်
နှာခေါင်းသွေးထွက်
အသစ်စက်စက်ဒီမိုကရေစီကို
ဒေါ်စုနဲ့  ၈၈၈၈ကို စံပြုပြီး
၂၀၁၃ နှစ်သစ်ဆီသို့
ညီညီညာညာချီတက်ကြပါစို့။
ကိုထွန်းဝေ 
30.12.2012
ရင်တွင်းဖြစ်တင်ပြလိုက်ပါတယ်။
Friday, 28 December 2012
“ရှေ့ မှာ၂၀၁၃၊ ထပ်ပြုံးလိုက်စို့ လားအမေ...”
“ရှေ့ မှာ၂၀၁၃၊
ထပ်ပြုံးလိုက်စို့ လားအမေ...”
ပြုံးရင်လှပါတယ်အမေ....။
အမေလည်းပြုံး၊သားလည်းပြုံးလို့ 
အပြုံးကိုယ်စီနဲ့ (သားတို့ )
ကြိုခဲ့တဲ့နှစ်(၂၀၁၂)
ဘာတွေပဲဖြစ်ဖြစ်
(အပြုံးနဲ့ ကြိုနိုင်ခဲ့သလို )
အပြုံးနဲ့ ပဲလက်ပြ
နှတ်ဆက်ချန်ထားလိုက်နိုင်မှ
ရှေ့ မှာ၂၀၁၃
သားတို့ ထပ်ပြုံးနိုင်မှာမဟုတ်လားအမေ...။
(ဘာတွေပဲဖြစ်ဖြစ် )
ပြုံးရင်လှပါတယ်အမေ....။
ကိုမျိုး(မြန်မာစာ)
[၂၀၁၂ကိုနှစ်သစ်ကြိုအပြုံးကဗျာနဲ့ 
ကြိုခဲ့သလို၂၀၁၃ကိုလည်းကဗျာနဲ့ 
ကြိုလိုက်ရပါတယ်....ကိုမျိုး(မြန်မာစာ)]
ကိုမျိုး ပေးပို့ ပါတယ်။
Wednesday, 26 December 2012
အမေ ရွှင်လန်းဖို့  ၀ိုင်းရံစို့ 
အမေ
ရွှင်လန်းဖို့  ၀ိုင်းရံစို့ 
မြန်မာပြည်မှာ ကြယ်တပွင့်
တောက်ပတဲ့ ရွှေအဆင်း
လင်းလက်ကြယ်စင်။
ဗမာပြည်ဝင့်ထယ်ရေး
ကြိုးစားတဲ့ ရွှေရောင်လမင်း
ပြည်ချစ်သားမျက်လုံးအစုံနဲ့
 မေမေစုလိုအရည်အသွေး
တောက်ပတယ်လေး။
ငွေလမင်း ရွှေရည်မှုန်းလို့
အပြုံးနဲ့ ပြည်သူကကြို
ကမ်းဆင့်လို့ ခေါ်
မျက်နှာဘေး ပြည်သူ့ အရေးမို့ 
အိမ်ဖြူတော် တက္ကသိုလ်လမ်းသွယ်သွယ်
ရွှေကြာယံ မြလွှာထက်က
ဝင်းလက်ပုံဆောင်။
တခိုင်လုံးရွှေ ပြည်သာဖို့ 
ငွေနှင်းရီ တိုင်းလုံကျော် ဒီမိုကရေစီအရေး
နှင်းအရောင်ဖြူသလားကျနော်မေး
ပြည်ချစ်သူ 2015 ဆီကိုတွေး
အမေ့နားမှတဖ၀ါးမှမခွာဖို့  လှုံဆော်ပေး
လမ်းပြကြယ်မေမေစုအရေး
ဝိုင်းရံစို့ လေး။   ။
ကိုထွန်းဝေ
26.12.2012
ဓါတ်ပုံ  စူပါ
Monday, 24 December 2012
ခရစ္စမတ်ဆုတောင်း
ခရစ္စမတ်ဆုတောင်း
ခရစ္စမတ်အခါတော်နေ့မြတ်မှာ
ကောင်းဓါတ်မှန်သမျှကမ္ဘာပတ်
ကောင်းရပ်မှန်သမျှမြန်မာပြည်ကပ်ပြီး
အမှန်မသွေဘေးကပ်အထွေထွေမှ
ကင်းဝေးကြပါစေ…။
တက္ကသိုလ်ဘုန်းကြွယ်
(ဒီဇင်ဘာ ၂၃ ၁၂)
Wednesday, 19 December 2012
လင်းလဲ့သော်တာ စမ်းရေပမာလို
လင်းလဲ့သော်တာ စမ်းရေပမာလို
ငြိမ်းချမ်းရေးမေမေစု
မေမေစုရဲ့ အရိပ်အောက်ဝယ်
အေးမြကြည်လင်စိတ်ထားရွှင်
နှလုံးသားရှိလေရဲ့ 
Tuesday, 18 December 2012
ရင်ထဲက ကိုကိုကြီး
ရင်ထဲက ကိုကိုကြီး
ကျနော့်ငယ်ချစ် ရှစ့်ဆယ့်ရှစ်
နိုင်ငံဂုဏ်နဲ့ လူမျိုးဂုဏ်
အဟုန်ပြင်းပြင်း၊ သူ့ချစ်ခြင်းနဲ့
အဆင်းလှလှ၊ သင်းမြမြ
ဝင်းပတောက်ပြောင်စေခဲ့တဲ့ကိုကိုကြီး
မျိုးဆက်သစ်တွေ ပေါများစေဖို့
ရေကြည်သွန်းလောင်း၊ သူ့လမ်းကြောင်းမှာ
ပန်းပေါင်းများစွာ ပွင့်လန်းစေခဲ့တဲ့ကိုကိုကြီး။
သစ္စာတရားကို ပန်းလိုထိုးစိုက်
အကြင်နာကို ဘုရားမှာဆုပန်
မေတ္တာတရား က ပြည်သူ့ အတွက်
အမှန်တရားကိုလိုလားသူ
ထောင်ထဲမှာဘ၀တွေပေးဆပ်ခဲ့
ဗမာပြည် အနှံ့ အရပ်၇ပ်
သူ့ ခြေရာတွေအထပ်ထပ်
၈၈၈၈သမိုင်းကို ဖြတ်သန်းရင်း
ကိုကိုကြီးအတွက်သန့်သန့်စင်စင် နဲ့ ...။
ကိုကိုကြီး၅၁နှစ်မြောက်မွေးနေ့ သို့ 
မွေးနေ့ မှာ ဆုံလာသမျှတောင်းဆုချွေခဲ့ပေးခဲ့ပါတယ်..ကိုယ်၏ကျမ်းမာခြင်းစိတ်၏ချမ်းသာခြင်းနှင့်ပြည်စုံပြီးနိုင်ငံအကျိုးနှစ်ဆတိုးပြီးထမ်းဆောင်နိုင်ပါစေ..။
ကိုထွန်းဝေ
18.12.2012
အင်္ဂါနေ့ 
ဒီဇိုင်း မင်းမင်းလတ် မှ ဆွဲပေးပါတယ်။
Friday, 14 December 2012
ပြည်ပစခန်းမှ အလွမ်းအိပ်မက်
ပြည်ပစခန်းမှ အလွမ်းအိပ်မက်
ကိုယ့်ပြည်ကိုယ့်ရွာ မနေသာအောင်
အာဏရှင် စစ်သူခိုးတွေက
ညစ်နည်းအမျိုးမျိုးနဲ့ ကြီးစိုးအုပ်ချုပ်
မင်းလုပ်လာတာ မြေဇာပင်ပြည်သူတွေခမျာ
ရေကြည်ရာ မြက်နုရာသို့
ဝတ်လာတဲ့ ပုဆိုးကိုချွတ်
သင့်တော်တဲ့ဘောင်းဘီကိုစွပ်ပြီး
Wednesday, 12 December 2012
မှတပါးအခြားမရှိပြီ
မှတပါးအခြားမရှိပြီ
************
ဒီသွေးဒီသား အဖအရေး
နေရာတိုင်းမှာအသားပေး
ဆယ်ခါရေးအခါမနှေး
မြန်မာပြည်ရဲ့ ဇာတိသွေး
လူမျိုးဂုဏ်ကတင့်တင့်တယ်
စု ..ကိုဝိုင်းရံမယ်
အရေးကြီးလို့  သွေးနီးဖို့
ဒို့ တတွေဦးညွှတ်စို့ ။ ။
ဗိုလ်ချုပ်စကား ရင်ဝယ်ထား
မှတ်မိသေးရဲ့လား
*****************
ပြည်သူပြည်သားတွေအတွက်
မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ
ယနေ့ ပြည်သူတွေကိုမတော်မတရား
စော်ကားပြီး ဖိနပ်စာကျွေး
အသက်ပါစတေးတဲ့ ခွေးမသား
လူသတ်သမား လူထုတွေကိုသတ်တဲ့
လူထုသတ်မတော် ဖြစ်သွားပါရော့လား။
ဒါလေးသိအောင်ပြန်ဖော်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
ကိုထွန်းဝေ
12.12.2012
2015 ဆီသို့  ...
Khu Daun အော်သံမှ
မှ..တပါး တခြားမရှိတော့ပေ....။
အနာဂါတ် အမျိုးသားအကျိုးအတွက်...
အမျိုးသားအားလုံး ညီညွတ်ကြ.
Monday, 10 December 2012
မေမေစုသို့ လွမ်းချင်း
လူထုနဲ့အတူ
စမ်းရေထဲမျှောလိုက်တာ
အလွမ်းတွေမဟုတ်ပါဘူး .......
အခုတော့
နတ်မောက်မြေမခြားမှာ
မိန့် ခွန်းတွေကြားထဲ
ပညာတွေယူနေရပြီလေ.......
ပြည်သူ့ အတွက်ဘဲ
နေရာတိုင်းမှာ
အမေသွားရာလူထုကပါ
ချစ်တာအထပ်ထပ်နဲ့ 
အလိမ္မာတွေသင်ပေးနေတာ
သမိုင်းဝင်မော်ကွန်းတင်
ပြည်သူအတွက်ကယ်တင်ရှင်အမေ
ဒီအမေစုတဲ့လား
ငါ့ကိုယ်ငါတောင်ဘာမှန်းမသိ
လာနားထောင်ကြည့်တဲ့
အမေ့ မိန့် ခွန်းတွေ
လေပြေရို့ရို့နဲ့
အနေမယ့်နေတဲ့
သစ်ရွက်တစ်ချို့
အပြစ်မဲ့လို့...ငါ
ရန်သူတွေကို
အမေ့ စုကိုလွမ်းလို့ 
ခွင့်လွတ်ထားလိုက်ပါပြီ........။
ကိုထွန်းဝေ
10.12.2012
တနင်္လာနေ့ 
မေတ္တာအနန္တဖြင့်...