လင်းလဲ့သော်တာ စမ်းရေပမာလို
ငြိမ်းချမ်းရေးမေမေစု
မေမေစုရဲ့ အရိပ်အောက်ဝယ်
အေးမြကြည်လင်စိတ်ထားရွှင်
နှလုံးသားရှိလေရဲ့ 
သင်းပျံ့ နေတဲ့ ငှက်ကလေးတွေ
မွှေးထုံချစ်မွှေးမပြယ်တဲ့ အတိတ်စိမ်း
အနှစ်နှစ်ဆယ်က ချစ်စံအိမ်ပါဘဲ..။
မေမေစုရဲ့ မိန့် ခွန်းတိုင်းမှာ
ငြိမ်းချမ်းရေး ထစ်ချုံးသံသာ
ပဲတင့်ရိုက်ခတ်နေလေရဲ့ 
အောင်အတိတ် အောင်နမိတ် အောင်ခြေလှမ်းနှင့်
ဆန်းသမျှအတည်ပြု
ယုံကြည်မှုနှင့်သစ္စာတည်
ထွန်းလင်းတောက်ပ မျိုးဗီဇမို့ 
ရင်မှာကြည်နူး အမေ့ ပုံရိပ်ဝယ်
ခဏလောက်တည်းခိုချင်ပါတယ်။
ဓါတ်ပုံ
Wendy Aung
ကိုထွန်းဝေ
19.12.2012
မေမေစုကိုတန်ဖိုးထားလို့  ဒီအတိုင်းဘဲညီမ Wendy Aung ရဲ့ ဓါတ်ပုံနဲ့ လင်းလဲ့သ်ာတာ စမ်းရေပမာလို ရေးလိုက်တာပါ ...။ မိဘပြည်သူများ မိတ်ဆွေများကိုလေးလေးစားစားနဲ့ မျှဝေအပ်ပါတယ်။

No comments:
Post a Comment