Wednesday, 19 December 2012

ကိုဘဆွေ - ကိုဖေခင်

ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဦးညွတ်ပြီးကန်တော့လိုက်ပါတယ်..။

ကိုဘဆွေ - ကိုဖေခင်

ကနေ့ ဂျင်းဖောများနှင့် အစည်းအဝေးကို ခင်ဗျားတို့ဘဲ ဆက်လက် ဆွေးနွေးကြပါ -

ကျွန်တော် မလာတော့ဘူး -

အရင်က လျှော့ထားဒါထက်တော့ လျှော့လို့ မဖြစ်တော့ဘူး -

အခုလျှော့ထားတာတောင် တိုင်းပြည်က ဘာပြောအုံးမယ် မသိသေးဘူး ပီးတော့ ဒီလိုပေးတယ် ဆိုတာဟာလဲ တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာဘဲ သို့မဟုတ်ရင် ကျူပ်တို့ ပေးနိုင်မှာ မဟုတ်ဘူး -

ကရင်ဘက်ကလဲ CID information အရဆိုရင် riot တောင်လုပ်ဖို့ တချို့ ကြံနေကြတယ်လို့ သတင်းရတယ် -

ဟုတ်မဟုတ်တော့ မပြောနိုင်ဘူး -



ဘာဘဲ ဖြစ်ဖြစ် သူတို့ကိုတော့ နယ်နဲ့ပတ်သက်လို့ ရှိရင်တော့ သည့်ထက် မပိုနိုင်တော့ဘူး -

We have reached the limit of our concession ဆိုတာ ပြောလိုက်ပါ -

ဂျင်းဖော state နဲ့ နီးစပ်ရာနယ်တွေကို North Eastern Frontier Province ဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ လုပ်နိုင်မလား မပြောတတ်ဘူး -

ဒါပေမဲ့ ဒါကို အတိအကျ မပြောစေလို -

Don’t commit yourselves in this matter နဲနဲပါးပါးလေးသာ discuss လုပ်ပြီး (အတည်မဟုတ်သေး) လို့ ရှင်းအောင် ပြောပြပါ -


အောင်ဆန်း ( ၂.၇.၁၉၄၇ )
General Aung San's letter to his chief negotiators

No comments:

Post a Comment