ပြည်ပစခန်းမှ အလွမ်းအိပ်မက်
ကိုယ့်ပြည်ကိုယ့်ရွာ မနေသာအောင်
အာဏရှင် စစ်သူခိုးတွေက
ညစ်နည်းအမျိုးမျိုးနဲ့ ကြီးစိုးအုပ်ချုပ်
ကိုယ့်ပြည်ကိုယ့်ရွာ မနေသာအောင်
အာဏရှင် စစ်သူခိုးတွေက
ညစ်နည်းအမျိုးမျိုးနဲ့ ကြီးစိုးအုပ်ချုပ်
မင်းလုပ်လာတာ မြေဇာပင်ပြည်သူတွေခမျာ
ရေကြည်ရာ မြက်နုရာသို့
ဝတ်လာတဲ့ ပုဆိုးကိုချွတ်
သင့်တော်တဲ့ဘောင်းဘီကိုစွပ် ပြီး
လွတ်ရာကျွတ်ရာ နိုင်ငံတကာလွှင့်
ရွက်ဖွင့်ရာ ရောက်လာကြတော့တယ်…။
ရွက်ကျရာ အပင်ပေါက်တော့တယ်…။
အမေကျော် ဒွေးဒေါ်လွမ်းခြင်းမဟုတ်
အဖေခေါ်လဲ ပထွေးတော်ကအခေါ်မခံလို့
တော်ရာမှာ ကျွန်လာခံရတာ…
ပြည်တကာမှာ ကျွန်ခံသမို့
တို့တတွေက နည်လှည့်(ပြည်လှည့်)ကျွန်
ကျွန်တော့ကျွန်ပါပဲ ပြည်လှည့်ကျွန်က
စစ်နွံမှာနစ်တဲ့ စစ်ကျွန်နဲ့စာရင်
မိုးနဲ့မြေပမာ အကွာကြီးကွာပေတယ်…။
ပြည်လှည့်ကျွန် ဘယ်ကလောက်ပင်အနွံတာခံခံ
ဒီမိုကရေစီအသံတော့ ကြားရသေး
လူ့အခွင့်ရေးလဲ ရလိုက်သေး
ငေးကြည့်နေစရာမလို လူဆိုကတည်းက
မွေးရာပါ အခွင့်ရေး အလိုလိုရ…။
ဟိုတလောက ပြောလိုက်ကြ ဟောလိုက်ကြတာ
မစားရ ၀ခမန်းပါ..ဘာတဲ့လဲ…အပြောင်း လဲနဲ့
အကောင်းပဲဖြစ်လာတော့မလိုလို
ဒီမိုကရေစီကို သရေတွေယိုအောင်
တကယ့်ကိုအတည်ဖက် ချီတက်နေပြီတဲ့…။
ကြားရ နားဝမှာချမ်းသာလိုက်တာ
ဟော…မကြာပါဘူး ဗူးပေါ်သလိုပေါ်
ပျော်တာမှ မ၀သေး ကြေးနီတောင်စီမံကိန်းက
လူတွေဖင်ကြိမ်းရုံတင်မက
အမြင်ပါတိမ်းပါး စိမ်းကားလောက်တဲ့
ကြောက်စရာ့မီးကွင်းတွေနဲ့ခွ င်း
မီဗုံး မီးစုန်းတွေနဲ့ ရှင်းလိုက်တာ
မကြည့်ရက်စရာ ဆန္ဒထုတ်ဖေါ်လာတဲ့
ရဟန်းတော်များမှာ အရှင်လတ်လတ်
ငရဲမီးအဟပ်ခံလိုက်ရပြီလေ…။
ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြတောင်
ပြည်သူတွေက ယုံနေအုံးမှာလား
အာဏာရှင်ထောက်တိုင်နဲ့
ဒီမိုကရေစီပန်းတိုင်ရောက်နိုင်ပါမလား
စဉ်းစားရင်မလွဲချေ အသဲကြွေနေရပါပြီလေ…။
တခါတလေ..အမေရိကန်ပြည်ကနေ
မြန်မာပြည်အလွမ်း နာရီတွေကျွမ်းအောင်
လွမ်းနေရတာ စိတ်မသက်သာပါ
ရေကြည်ရာ မြက်နုရာဆိုပေမယ့်
ကိုယ့်ပြည်ကိုယ့်ရွာကိုတော့
မှန်းကာ ရင်တစ်ဖိုဖို အလွမ်းတွေကပို…။
ထမီတိုတို ရေစိုစိုနဲ့ အပျိုတသင်း
ရေခတ်ဆင်း အတင်းတွေပြော
သီချင်းတွေနှော…ဖိုးဖိုးဗျောကတော့
ကွမ်းအစ်တစ်လုံး ကွမ်းရွက်တွေအပြည့်ဖုံးပြီး
ထုံးတွေသုတ် ကွမ်းသီးခြမ်းကိုထုပ်
တမြုံ့မြုံ့ဝါးရင်း အဖွားကိုစဉ်းစားနေလေရဲ့
ဖွားဖွားမာကလဲ ဆေးလိပ်ရှည်ကြီး
တဖွာဖွာနဲ့ အဖိုးကိုစဉ်းစားနေရှာမှာပဲ… ။
စာဆိုငါ့မှာ ဖျာတစ်ချပ်ခင်း
ကဗျာစပ်ရင်း သီချင်းလေး တစ်ကြော်ကြော်
အော်ဆိုလိုက် တရှိုက်နှစ်ရှိုက်
ဆေးပေါ့လိပ်လေးဖွာလိုက်
တကျိုက်နှစ်ကျိုက်
လက်ဖက်ရည်ကြမ်းလေးသောက်လိုက်
လက်ဖက်သုတ်လဲနှိုက်လိုက်နဲ့
စိတ်ကြိုက်နေလာတဲ့ဘဝ
တောင့်တ အားကျလို့ လွမ်းတသသနဲ့
ပြည်ပစခန်းက မြန်မာပြည် အလွမ်းအိပ်မက်
မက်နေရတာ ကြာခဲ့ပါပကောကွယ်…။
တက္ကသိုလ်ဘုန်းကြွယ် (၁၂-၁၃-၁၂)
ရေကြည်ရာ မြက်နုရာသို့
ဝတ်လာတဲ့ ပုဆိုးကိုချွတ်
သင့်တော်တဲ့ဘောင်းဘီကိုစွပ်
လွတ်ရာကျွတ်ရာ နိုင်ငံတကာလွှင့်
ရွက်ဖွင့်ရာ ရောက်လာကြတော့တယ်…။
ရွက်ကျရာ အပင်ပေါက်တော့တယ်…။
အမေကျော် ဒွေးဒေါ်လွမ်းခြင်းမဟုတ်
အဖေခေါ်လဲ ပထွေးတော်ကအခေါ်မခံလို့
တော်ရာမှာ ကျွန်လာခံရတာ…
ပြည်တကာမှာ ကျွန်ခံသမို့
တို့တတွေက နည်လှည့်(ပြည်လှည့်)ကျွန်
ကျွန်တော့ကျွန်ပါပဲ ပြည်လှည့်ကျွန်က
စစ်နွံမှာနစ်တဲ့ စစ်ကျွန်နဲ့စာရင်
မိုးနဲ့မြေပမာ အကွာကြီးကွာပေတယ်…။
ပြည်လှည့်ကျွန် ဘယ်ကလောက်ပင်အနွံတာခံခံ
ဒီမိုကရေစီအသံတော့ ကြားရသေး
လူ့အခွင့်ရေးလဲ ရလိုက်သေး
ငေးကြည့်နေစရာမလို လူဆိုကတည်းက
မွေးရာပါ အခွင့်ရေး အလိုလိုရ…။
ဟိုတလောက ပြောလိုက်ကြ ဟောလိုက်ကြတာ
မစားရ ၀ခမန်းပါ..ဘာတဲ့လဲ…အပြောင်း
အကောင်းပဲဖြစ်လာတော့မလိုလို
ဒီမိုကရေစီကို သရေတွေယိုအောင်
တကယ့်ကိုအတည်ဖက် ချီတက်နေပြီတဲ့…။
ကြားရ နားဝမှာချမ်းသာလိုက်တာ
ဟော…မကြာပါဘူး ဗူးပေါ်သလိုပေါ်
ပျော်တာမှ မ၀သေး ကြေးနီတောင်စီမံကိန်းက
လူတွေဖင်ကြိမ်းရုံတင်မက
အမြင်ပါတိမ်းပါး စိမ်းကားလောက်တဲ့
ကြောက်စရာ့မီးကွင်းတွေနဲ့ခွ
မီဗုံး မီးစုန်းတွေနဲ့ ရှင်းလိုက်တာ
မကြည့်ရက်စရာ ဆန္ဒထုတ်ဖေါ်လာတဲ့
ရဟန်းတော်များမှာ အရှင်လတ်လတ်
ငရဲမီးအဟပ်ခံလိုက်ရပြီလေ…။
ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြတောင်
ပြည်သူတွေက ယုံနေအုံးမှာလား
အာဏာရှင်ထောက်တိုင်နဲ့
ဒီမိုကရေစီပန်းတိုင်ရောက်နိ
စဉ်းစားရင်မလွဲချေ အသဲကြွေနေရပါပြီလေ…။
တခါတလေ..အမေရိကန်ပြည်ကနေ
မြန်မာပြည်အလွမ်း နာရီတွေကျွမ်းအောင်
လွမ်းနေရတာ စိတ်မသက်သာပါ
ရေကြည်ရာ မြက်နုရာဆိုပေမယ့်
ကိုယ့်ပြည်ကိုယ့်ရွာကိုတော့
မှန်းကာ ရင်တစ်ဖိုဖို အလွမ်းတွေကပို…။
ထမီတိုတို ရေစိုစိုနဲ့ အပျိုတသင်း
ရေခတ်ဆင်း အတင်းတွေပြော
သီချင်းတွေနှော…ဖိုးဖိုးဗျေ
ကွမ်းအစ်တစ်လုံး ကွမ်းရွက်တွေအပြည့်ဖုံးပြီး
ထုံးတွေသုတ် ကွမ်းသီးခြမ်းကိုထုပ်
တမြုံ့မြုံ့ဝါးရင်း အဖွားကိုစဉ်းစားနေလေရဲ့
ဖွားဖွားမာကလဲ ဆေးလိပ်ရှည်ကြီး
တဖွာဖွာနဲ့ အဖိုးကိုစဉ်းစားနေရှာမှာပဲ…
စာဆိုငါ့မှာ ဖျာတစ်ချပ်ခင်း
ကဗျာစပ်ရင်း သီချင်းလေး တစ်ကြော်ကြော်
အော်ဆိုလိုက် တရှိုက်နှစ်ရှိုက်
ဆေးပေါ့လိပ်လေးဖွာလိုက်
တကျိုက်နှစ်ကျိုက်
လက်ဖက်ရည်ကြမ်းလေးသောက်လိုက
လက်ဖက်သုတ်လဲနှိုက်လိုက်နဲ့
စိတ်ကြိုက်နေလာတဲ့ဘဝ
တောင့်တ အားကျလို့ လွမ်းတသသနဲ့
ပြည်ပစခန်းက မြန်မာပြည် အလွမ်းအိပ်မက်
မက်နေရတာ ကြာခဲ့ပါပကောကွယ်…။
တက္ကသိုလ်ဘုန်းကြွယ် (၁၂-၁၃-၁၂)
No comments:
Post a Comment