ဒီတပတ် ဖတ်စရာ စင်တင်တဲ့စာ
============
ရိုင်းမြစ်ကမ်းဘေးက ပန်းချီဆရာ
(ထားထားမြင့်)
============
ရိုင်းမြစ်ကမ်းဘေးက ပန်းချီဆရာ
(ထားထားမြင့်)
အိမ်ကနေ ၀ါရှင်တန်ဒီစီကို ရထားနဲ့ ရောကားနဲ့ ရောသွားလေ့ရှိရာမှာ
ကားနဲ့သွားရတာကို ကိုယ်ကပိုကြိုက်တယ်။ အချိန်ကတော့ ဘာနဲ့ပဲသွားသွား
နာရီဝက်ပါပဲ။ ဒါပေမယ့် ရထားကတော့ လေးဘူတာလောက်ပဲ မြေပေါ်ကသွားပြီး
ကျန်တာတွေက မြေအောက်ထဲကပဲသွားတာမို့ ဘာရှုခင်းမှ မမြင်ရဘူး။ မြစ်ဆိုရင်လည်း
မြစ်အောက်ကနေဖြတ်သွားတာမို့ မြစ်အောက်ကဖြတ်တဲ့ ဘူတာရောက်တိုင်း ငါးတွေကတော့
ငါ့ခေါင်းပေါ်ရောက်နေပြီလို့ တွေးရတာပဲရှိတယ်။
ကားနဲ့ သွားရင်သဘောအကျဆုံးရှုခင်းက
ဒီစီကိုအ၀င် ပိုတိုမက်မြစ်ကိုဖြတ်တဲ့ နေရာပဲ။ မြစ်တဘက်ကမ်းကနေ
မျှော်ကြည့်လိုက်ရင် လွတ်လပ်ရေး ကျောက်တိုင်ကြီးက မားမားဝင့်လို
့ဂျက်ဖာဆင်နဲ့ အေဗရာဟင်လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံတွေကလည်း မြစ်ဘေးမှာ
လွမ်းစရာလိုလို။ ခန့်ညားထယ်ဝါသလိုနဲ့ ဒီစီကို ရောက်တာနှစ်နှစ်နီးပါးကြာတာ တောင် ကြည့်လို့မရိုးနိုင်ဘူး။
မြစ်ထဲကလည်း နွေအခါဆိုရင်လှေစီးနေတဲ့သူေ တွ သဘောင်္စီးတွေ နဲ့ စည်ကားသလို ဆောင်းတွင်းဆိုရင်လည်း ရေတွေခဲနေတာမို့ ကိုယ့်မှာ တံတားကိုကားဖြတ်ရင် အထူးအဆန်းဖြစ်ပြီးကြည့်လိုက်ရတာ။
မြစ်ဝကျွန်းပေါ်သူ မြစ်ဘေးမှာကြီးခဲ့ ရလို့ ထင်တယ်။ ကိုယ်ကမြစ်တွေကို သဘောကျတယ်။ ကံတရားကဖေးမလို့လည်း မြန်မာနိုင်ငံမှာရော နိုင်ငံတကာက မြစ်ပေါင်းစုံနဲ့ ပါ ရင်းနှီးခွင့်၊ မြင်ဖူးခွင့်ရတယ်။
ဆင်းရဲတဲ့မြစ်။ ချမ်းသာတဲ့ မြစ်။ တောကျတဲ့ မြစ်။ မြို့ဆန်တဲ့မြစ် ဘယ်လိုပဲဖြစ်ဖြစ် မြစ်တွေရဲ့ အမှတ်တရတွေကိုယ့်မှာရှိတယ်။ မိုးသည်းသည်းမှာ ကျိုတ်လတ်မြစ်ထဲ ရင်တုန်တုန်နဲ့ လှေပေါ်မှာ ထီးဆောင်းပြီးစီးခဲ့ဖူးတယ်. .လရောင်ကမြစ်ထဲကျလို့ ငွေရောင်တောက်နေတဲ့ ချင်းတွင်းမြစ်ကို သီတင်းကျွတ်လပြည့်ညတညမှာ ကလေးဝရွှေမုဌောဘုရားတောင်ပေါ် က ကြည့်ရတဲ့ ရှုခင်းလည်း မမေ့နိုင်ပါဘူး။ လန်ဒန်ကသိမ်းမြစ်ရေ ဘယ်လိုနေလဲလို့ လည်း လက်နဲ့ထိကြည့်ဖူးတယ်။
ဒါပေမယ့် မြစ်တစင်းကို လူတယောက်နဲ့ တွဲပြီး ကိုယ်အမြဲသတိရနေတာကတော့ ဂျာမဏီက ရိုင်းမြစ်ပါ။
၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ကိုယ်က ဂျာမဏီဘွန်းမြို့ က DW ရုပ်သံဌာန အာရှ အင်္ဂလိပ်ဌာနမှာ သင်တန်းတက်ရတယ်။
ကံကောင်းချင်တော့ DW ရုပ်သံဌာနအဆောက်အအုံကြီးက ရိုင်းမြစ်ဘေးမှာ။
ဒါကြောင့် မနက်တိုင်း ရုံးမတက်ခင် စောစောလာပြီး မြစ်ကမ်းပါးဘေးထိုင်ပြီး ရိုင်းမြစ်ကို ကိုယ်က ထိုင်ငေးတာပဲ။ နွေရာသီမို့ မြစ်ဘေးက ပန်းရိုင်းပင်တွေကို ကြည့်ရတာ.. မြစ်ထဲဖြတ်သွားတဲ့ သဘောင်္တွေ မြစ်တဖက်ကမ်းက ရဲတိုက်တွေကိုငေးကြည့်ရတာ မြေပုံပေါ်မှာကိုယ်သိခဲ့တဲ့ မြစ်ကြီးကိုငေးရတာ ကိုယ်သိပ်ကြိုက်တယ်။ အဲဒီမှာ ပန်းချီဆရာကို ကိုယ်ဆုံခဲ့တာပေါ့။
ပန်းချီဆရာက ကိုယ့်ကိုမြင်ကာစက တောင်အမေရိကတိုက်ဘက်ကလို့ ထင်သတဲ့ ။ ဒီမိန်းခလေးဘာကြောင့် မြစ်ဘေးမှာ လာလာထိုင်ရတာလဲလို့ လည်း သိပ်စပ်စုချင်သတဲ့။ ဒါကြောင့်ကိုယ့်ကိုယ် အရင်လာ မိတ်ဆက်တတ်တာတဲ့ ။
ကိုယ်ကတော့ အသက် ၆၀လောက်အရွယ်ရှိတဲ့ လူကြီးတယောက်မို့ ရယ်. ပြောဆိုပုံနူးညံ့လွန်းလို့ ရယ် ဥရောပက ပန်းချီတွေအကြောင်း ကိုယ်မတောက်တခေါက် သိလာချိန်မှာ ပန်းချီဆရာတယောက် ဖြစ်နေတာမို့ရယ် မိတ်ဆွေဖြစ်ခဲ့တာပါ။
ကိုယ်ခန့်မှန်းသလိုပဲ ပန်းချီဆရာကစိတ်ကောင်းရှိတဲ့ 
ဦးလေးတယောက်ပါ။ ကိုယ်ကဘွန်းမြို့မှာ ဧည့်သည်မှန်း သူသိသွားလို
့ဘွန်းမြို့အနှံ သူက လိုက်ပို့ပေးတယ်။ အထူးသဖြင့်တော့ ရိုင်းမြစ်ရဲ
့နာမည်ကျော်နေရာတွေကို ခေါ်သွားပေးတယ်။ သူပြလို့ ရိုင်းမြစ်ကမ်းဘေးက
အခု ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်နေခဲ့တဲ့ အိမ်ကိုလည်း ကိုယ်မြင်ဖူးတယ်။
အမေရိကန်သမ္မတ ကနေဒီ ရောက်တုန်းက တရားတက်ဟောတဲ့ မြို့တော်ခန်းမစင်မြင့်ပေါ် ကို တက်ပြီး ကနေဒီ့စတိုင်နဲ့ ကိုယ်လက်ပြ နုတ်ဆက်တာကို အောက်ကနေ လက်ခုပ်တီးပေးတာလည်း ပန်းချီဆရာပေါ့။
ဘွန်းမြို့ ကရုပ်တုတွေ သိပ်ပေါတာပဲ။ ဘယ်နေရာရောက်ရောက် ရုပ်တုတွေတွေ့ ရင် အရှေ့ကပြေးရပ်ပြီး ဓာတ်ပုံရိုက်ခံတတ်တဲ့ ကိုယ့်ခမျာ ဘွန်းရောက်တော့ လက်မြှောက်ရတယ်။ အထူးသဖြင့်ရုပ်တုတွေက ရိုင်းမြစ်ဘေးမှာ ပိုများတယ်။ များလွန်းလို့ ဘယ်သူတွေမှန်းလဲ မမှတ်နိုင်တော့ပါဘူး။ ပန်းချီဆရာပြောတာကတော့ အဲဒီရုပ်တုရှင်တွေဟာ ဗီသိုဗင်တို့ လို ဘွန်းမြို့ သားအနုပညာရှင်တွေတဲ့ ။ သူတို့ ကွယ်လွန်ပြီးခါမှ ဘွန်းမြို့ကဂုဏ်ပြုပြီး ရုပ်တုတွေထုထားတာတဲ့ ။ တနေ့ကျ မင်းပြန်လာလို့ ရှိရင်ငါ့ ရုပ်တုကိုလည်း မင်းတွေ့ရင်တွေ့ရမှာပေါ့တဲ။့  အနုပညာရှင်တွေက ရှင်တုန်းက ဘယ်သူမှမသိဘဲ သေမှပဲ အောင်မြင်တတ်တယ်တဲ့လေ။
သူအဲလိုပြောတော့ ကိုယ်က ဦးလေးကလည်း မပြောကောင်းမဆိုကောင်းလို့ ပြန်ပြောခဲ့တယ်။
နာမည်ကျော်ပန်းချီ ဆရာဗန်ဂိုးဟာ သေသွားတဲ့ အခါကျမှသာ ကမ္ဘာကျော်ပြီး သူ့ပန်းချီကားတချပ်ဟာ ဒေါ်လာသန်းချီခဲ့ပေမယ့် အသက်ရှင်စဉ်တုန်းကတော့ စားဝတ်နေရေး မပြေလည်ခဲ့သူပါ။ ကိုယ့်မိတ်ဆွေပန်းချီဆရာ ကလည်း ဒီတချက်မှာတော့ ဗန်ဂိုးနဲ့ တူတယ်။ ချမ်းသာတဲ့ ဂျာမဏီနိုင်ငံမှာ မအောင်မြင်တဲ့ ပန်းချီဆရာမို့ လို့ တခြားကိုယ်သိတဲ့ ဂျာမန်မိတ်ဆွေတွေလို မဟုတ်ဘဲ အတော်ချို့တဲ့ရှာတယ်။ အစကတော့ ကိုယ်မသိပါဘူး။ ဒါပေမဲ့ အတူသွားလို့ အအေးတွေဘာတွေ သောက်မယ်ဆိုရင် သူအအေးဘိုးပေးဖို့  ယူရိုအကြွေစေ့လေးတွေကို ရေနေရှာတာ တခြားမိတ်ဆွေတွေလို ခရစ်ဒစ်ကတ်တွေ မသုံးနိုင်ဘူး။
သူက ဘွန်းမှမွေးပြီး ရိုင်းမြစ်ဘေးကြီးခဲ့တဲ့ ဘွန်းမြို့သားတယောက်ပါ။ အထက်တန်းကျောင်းသားဘ၀ထဲက တက္ကသိုလ်မတက်ဘဲ ပန်းချီကျောင်းတက်ခဲ့တယ်တဲ့ ။ ပန်းချီနဲ့ ရင်းပြီးငွေမရှာဘဲ နဲ့ ကိုယ်ကြိုက်တဲ့ ပန်းချီကားတွေပဲ ဆွဲတယ်။ ငွေကြေးအရ မအောင်မြင်တာမို့ သိပ်မပြေလည်ပါဘူး။ ငွေမရှိတော့လည်း တကိုယ်တည်းဘ၀နဲ့ မိတ်ဆွေလည်းနည်းတာပေါ့။ ငယ်စဉ်တုန်းကတော့ သူလုပ်ချင်ရာလုပ်နေရလို့ ကျေနပ်ခဲ့ရပေမယ့် အသက်ကြီးလာ ငွေမရှိတဲ့ အချိန်မှာ သူစိတ်ဓာတ်ကျရော။
ဒါကြောင့်သူ ချစ်တဲ့ ရိုင်းမြစ်ဘေးမှာ လာထိုင်နေတုန်း ကိုယ်နဲ့ သိတာ။
ဂျာမဏီလိုနိုင်ငံမျိုးကို ကိုယ်တို့ လိုအာရှကလူတွေက နတ်ဘုံလို ထင်ပြီး အခြေချဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေချိန်မှာ သူတို့ နိုင်ငံက ဆင်းရဲတဲ့ 
လူတွေ တွေ့ရရင် ကိုယ်တော်တော်သနားမိပါတယ်။ ချမ်းသာတဲ့ နိုင်ငံမှာ လူဖြစ်တာတောင် ကံမကောင်းသူတွေပေါ့။ ဒီနိုင်ငံမှာက အလုပ်ပုံမှန်ရှိရင် အဆင်ပြေတယ်။ ဆင်းရဲလွန်းရင် အလုပ်မရှိရင်လည်း အစိုးရထောက်ပံ့မှုရလို့  အဆင်ပြေပေမယ့် ပန်းချီဆရာတို့ လို ၀င်ငွေမမှန်တဲ့ အလုပ်ရှိတဲ့ လူတွေကျတော့  ဟိုမရောက်ဒီမရောက်နဲ့ အတော်ဒုက္ခရောက်ပါတယ်။ အစိုးရက ထောက်ပံ့တဲ့ထဲလည်းမပါ။ ပြီးတော့ သူတို့ အနုပညာသမားတွေ ဆိုတာကလည်း တခါတခါ စိတ်ခံစားမှုကို အသားပေးလွန်းတာမို့ အလုပ်တိုင်းလည်း ၀င်မလုပ်နိုင်။
ကိုယ်ကချမ်းသာတဲ့ နိုင်ငံမှာ မွေးပြီး ရှားရှားပါးပါးဆင်းရဲနေတဲ့ ပန်းချီဆရာကို သနားမိကြောင်းပြောတော့ ဘာလင်က ကိုယ်နဲ့သိတဲ့ မြန်မာအမတယောက်က ဘာပြောတယ်အောက်မေ့လဲ။
''ဒီမှာ ထားထားရေ ကိုယ့်ကိုယ်ကိုယ်သာ သနားဟေ့။
သူတို့ က ဘယ်လောက်ဆင်းရဲရဲ နေတဲ့ အိမ်မှာ ခြင်မရှိဘူး။ ၂၄ နာရီ မီးရတယ်။ တီဗီရှိတယ်။ တယ်လီဖုန်းရှိတယ်။ နေမကောင်းဖြစ်ရင်လည်း အစိုးရကဆေးကုပေးတာ ငါတို့ က ဒါမျိုးတောင်ရှိလို့လားတဲ့။ ''
ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ကိုယ်တို့က မွေးကတည်းက အသားကျနေပါပြီ။
ပန်းချီဆရာထက် ပိုဆင်းရဲတဲ့ နေရာမှာ နေရပေမယ့် ချမ်းသာတဲ့ နိုင်ငံမှာ ဆင်းရဲနေရှာတဲ့ ပန်းချီဆရာကိုပဲ သနားမိတယ်.။ သနားအမိဆုံးနေ့ကတော့ ဗီသိုဗင်တေးဂီတပွဲကို ကိုယ့်ကိုလိုက်ပြတဲ့နေ့ပါပဲ ။
ဧည့်သည်ဖြစ်ပေမယ့် သွားလေရာစားသောက်တိုင်း ကိုယ်ကပဲ ပိုက်ဆံရှင်းနေတယ် မဟုတ်လား။ ပန်းချီဆရာက အားနာရှာတယ်။ တနေ့တော့ ဘွန်းမြို့က ကမ္ဘာကျော် တေးဂီတပညာရှ င်ဗီသိုဗင် အထိမ်းအမှတ် တေးဂီတပွဲ တခုကို လိုက်ပြမယ်တဲ့။ ကိုယ်လည်းသိပ်ဝမ်းသာတာပေါ့။ သီချင်းတပုဒ်တောင် ဖြောင့်အောင်မရပေမယ့် ဒါမျိုးတော့ ကြည့်ဖူးချင်သား။ လက်မှတ် ဘယ်လိုဝယ်ရမလဲလို့ တောင် မမေးလိုက်တော့ဘူး။
ဗီသိုဗင်ပွဲက အတော်စည်တယ်။ လူတွေကလည်း ဘွန်းမြို့က အနုပညာချစ်တဲ့ လူကုံထံတွေချည်းပဲ။ ပွဲခန်းမရှေ့ရောက်တော့ ပန်းချီဆရာကပြောတယ်။ သူ့မှာ အခုလက်မှတ် မရှိသေးဘူးတဲ့။ ပြပွဲကိုလက်မှတ်ရပြီး မလာဖြစ်တဲ့ လူတွေရဲ့ လက်မှတ်ကိုပွဲမစခင် ကြည့်ချင်တဲ့ လူတွေကို ဝေပေးတတ်တာကို သူရအောင်တန်းစီယူပြီး ကိုယ့်ကိုပြမှာတဲ့ လေ။
ကိုယ်အတော်စိတ်မကောင်းဖြစ်သွားတယ်။
လက်မှတ်ဝယ်ရအောင်လည်း ပွဲချိန်နီးနေပြီမို့ မရောင်းတော့ဘူး။
ပန်းချီဆရာကတော့ လက်မှတ်ဝေမယ့် နားမှာသွားစောင့်နေတယ်။
တသက်လုံးမကြည့်ဖူးတဲ့ ပွဲမျိုးမို့ 
ကြည့်ချင်ပေမဲ့ ပန်းချီဆရာကို 'ဦးလေး ရပါတယ်။ ကျမ မကြည့်ချင်ဘူး။ ပြန်မယ်' လို့  ပြောမိတယ်။ ပန်းချီဆရာကတော့ လက်မခံပါဘူး။
လတ်မှတ်ရောင်းတဲ့ လူတွေနားမှာ မျက်နှာလေးငယ်ပြီး လက်မှတ်စောင့်တောင်းနေတာပဲ။
မကြည့်ရက်တာနဲ့ ကိုယ်တော့မျက်နှာပဲ လွဲထားလိုက်တော့တယ်။
သူ့စေတနာမှန်တယ် ထင်ပါရဲ့ ။ လက်မှတ်နှစ်စောင် ကိုယ်တို့ ရခဲ့ပြီး ပွဲကြည့်နိုင်ခဲ့တယ်။ အဆိုမပါတဲ့ တယောသမား နှစ်ရာကျော်တီးတဲ့ တေးသံစုံဝိုင်းကြီးကို နှစ်နာရီနီးပါးကြာအောင် ကိုယ်မျက်တောင်မခတ်တမ်း
ကြည့်တဲ့ အချိန်မှာတော့ ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ပန်းချီဆရာကပြုံးလို့။
ဘွန်းကနေကိုယ်ပြန်တဲ့ နေ့မှာတော့ ပန်းချီဆရာက ကိုယ့်အထုပ်တွေဆွဲပြီး ဘူတာရုံကို လိုက်ပို့တယ်။
သူတို့ ဂျာမန်က ကိုယ်နဲ့ရွယ်တူမိန်းခလေးတွေ လို
မဟုတ်ဘဲ လူကြီးတွေကို ရိုရို သေသေဆက်ဆံတတ်တဲ့  အမြဲတမ်းပြုံးနေတဲ့
ကိုယ့်ကိုသူ သတိရနေမယ်တဲ့။ ဘွန်းနဲ့ ရိုင်းမြစ်ကိုလည်း ပြန်လာလည်ပါလို့
တဖွဖွမှာတယ်။
ဂျာမဏီက ကိုယ်ပြန်လာတာ အခုဆို နှစ်နှစ်တောင်ပြည့်သွားပြီ။ မနက်တိုင်း ၀ါရှင်တန်ဒီစီကို ကားနဲ့ သွားတဲ့ အခါ ပိုတိုမက်မြစ်ကိုဖြတ်ရင် ရိုင်းမြစ်ကို ငေးကြည့်နေမယ့် ပန်းချီဆရာကို သတိရတယ်။
သူဘာတွေလုပ်နေမှာပါလိမ့်။
အရင်လိုပဲ စားဝတ်နေရေး ခက်နေတုန်းပဲလား။
သူ့လိုပဲ ရိုင်းမြစ်ကို သဘောကျတဲ့ ကိုယ့်ကိုယ်ရော သတိရနေမလား။
တနေ့နေ့မှာတော့ ဘွန်းနဲ့ ရိုင်းမြစ်ဆီကို ကိုယ်အလည်ပြန်သွားဦးမှာပါ။
ဒါပေမယ့် ရိုင်းမြစ်ကမ်းဘေးမှာတော့ ပန်းချီဆရာရဲ့  ရုပ်တုကို မတွေ့ပါရစေနဲ့ လို့  တိတ်တိတ်ကလေး ဆုတောင်းနေမယ်။
(၂၀၁၀)
ကားနဲ့ သွားရင်သဘောအကျဆုံးရှုခင်းက
မြစ်ထဲကလည်း နွေအခါဆိုရင်လှေစီးနေတဲ့သူေ
မြစ်ဝကျွန်းပေါ်သူ မြစ်ဘေးမှာကြီးခဲ့ ရလို့ ထင်တယ်။ ကိုယ်ကမြစ်တွေကို သဘောကျတယ်။ ကံတရားကဖေးမလို့လည်း မြန်မာနိုင်ငံမှာရော နိုင်ငံတကာက မြစ်ပေါင်းစုံနဲ့ ပါ ရင်းနှီးခွင့်၊ မြင်ဖူးခွင့်ရတယ်။
ဆင်းရဲတဲ့မြစ်။ ချမ်းသာတဲ့ မြစ်။ တောကျတဲ့ မြစ်။ မြို့ဆန်တဲ့မြစ် ဘယ်လိုပဲဖြစ်ဖြစ် မြစ်တွေရဲ့ အမှတ်တရတွေကိုယ့်မှာရှိတယ်။
ဒါပေမယ့် မြစ်တစင်းကို လူတယောက်နဲ့ တွဲပြီး ကိုယ်အမြဲသတိရနေတာကတော့ ဂျာမဏီက ရိုင်းမြစ်ပါ။
၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ကိုယ်က ဂျာမဏီဘွန်းမြို့ က DW ရုပ်သံဌာန အာရှ အင်္ဂလိပ်ဌာနမှာ သင်တန်းတက်ရတယ်။
ကံကောင်းချင်တော့ DW ရုပ်သံဌာနအဆောက်အအုံကြီးက ရိုင်းမြစ်ဘေးမှာ။
ဒါကြောင့် မနက်တိုင်း ရုံးမတက်ခင် စောစောလာပြီး မြစ်ကမ်းပါးဘေးထိုင်ပြီး ရိုင်းမြစ်ကို ကိုယ်က ထိုင်ငေးတာပဲ။ နွေရာသီမို့ မြစ်ဘေးက ပန်းရိုင်းပင်တွေကို ကြည့်ရတာ.. မြစ်ထဲဖြတ်သွားတဲ့ သဘောင်္တွေ မြစ်တဖက်ကမ်းက ရဲတိုက်တွေကိုငေးကြည့်ရတာ မြေပုံပေါ်မှာကိုယ်သိခဲ့တဲ့ မြစ်ကြီးကိုငေးရတာ ကိုယ်သိပ်ကြိုက်တယ်။ အဲဒီမှာ ပန်းချီဆရာကို ကိုယ်ဆုံခဲ့တာပေါ့။
ပန်းချီဆရာက ကိုယ့်ကိုမြင်ကာစက တောင်အမေရိကတိုက်ဘက်ကလို့ ထင်သတဲ့ ။ ဒီမိန်းခလေးဘာကြောင့် မြစ်ဘေးမှာ လာလာထိုင်ရတာလဲလို့ လည်း သိပ်စပ်စုချင်သတဲ့။ ဒါကြောင့်ကိုယ့်ကိုယ် အရင်လာ မိတ်ဆက်တတ်တာတဲ့ ။
ကိုယ်ကတော့ အသက် ၆၀လောက်အရွယ်ရှိတဲ့ လူကြီးတယောက်မို့ ရယ်. ပြောဆိုပုံနူးညံ့လွန်းလို့ ရယ် ဥရောပက ပန်းချီတွေအကြောင်း ကိုယ်မတောက်တခေါက် သိလာချိန်မှာ ပန်းချီဆရာတယောက် ဖြစ်နေတာမို့ရယ် မိတ်ဆွေဖြစ်ခဲ့တာပါ။
ကိုယ်ခန့်မှန်းသလိုပဲ ပန်းချီဆရာကစိတ်ကောင်းရှိတဲ
အခု ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်နေခဲ့တဲ့ အိမ်ကိုလည်း ကိုယ်မြင်ဖူးတယ်။
အမေရိကန်သမ္မတ ကနေဒီ ရောက်တုန်းက တရားတက်ဟောတဲ့ မြို့တော်ခန်းမစင်မြင့်ပေါ်
ဘွန်းမြို့ ကရုပ်တုတွေ သိပ်ပေါတာပဲ။ ဘယ်နေရာရောက်ရောက် ရုပ်တုတွေတွေ့ ရင် အရှေ့ကပြေးရပ်ပြီး ဓာတ်ပုံရိုက်ခံတတ်တဲ့ ကိုယ့်ခမျာ ဘွန်းရောက်တော့ လက်မြှောက်ရတယ်။ အထူးသဖြင့်ရုပ်တုတွေက ရိုင်းမြစ်ဘေးမှာ ပိုများတယ်။ များလွန်းလို့ ဘယ်သူတွေမှန်းလဲ မမှတ်နိုင်တော့ပါဘူး။ ပန်းချီဆရာပြောတာကတော့ အဲဒီရုပ်တုရှင်တွေဟာ ဗီသိုဗင်တို့ လို ဘွန်းမြို့ သားအနုပညာရှင်တွေတဲ့ ။ သူတို့ ကွယ်လွန်ပြီးခါမှ ဘွန်းမြို့ကဂုဏ်ပြုပြီး ရုပ်တုတွေထုထားတာတဲ့ ။ တနေ့ကျ မင်းပြန်လာလို့ ရှိရင်ငါ့ ရုပ်တုကိုလည်း မင်းတွေ့ရင်တွေ့ရမှာပေါ့တဲ။
သူအဲလိုပြောတော့ ကိုယ်က ဦးလေးကလည်း မပြောကောင်းမဆိုကောင်းလို့ ပြန်ပြောခဲ့တယ်။
နာမည်ကျော်ပန်းချီ ဆရာဗန်ဂိုးဟာ သေသွားတဲ့ အခါကျမှသာ ကမ္ဘာကျော်ပြီး သူ့ပန်းချီကားတချပ်ဟာ ဒေါ်လာသန်းချီခဲ့ပေမယ့် အသက်ရှင်စဉ်တုန်းကတော့ စားဝတ်နေရေး မပြေလည်ခဲ့သူပါ။ ကိုယ့်မိတ်ဆွေပန်းချီဆရာ ကလည်း ဒီတချက်မှာတော့ ဗန်ဂိုးနဲ့ တူတယ်။ ချမ်းသာတဲ့ ဂျာမဏီနိုင်ငံမှာ မအောင်မြင်တဲ့ ပန်းချီဆရာမို့ လို့ တခြားကိုယ်သိတဲ့ ဂျာမန်မိတ်ဆွေတွေလို မဟုတ်ဘဲ အတော်ချို့တဲ့ရှာတယ်။ အစကတော့ ကိုယ်မသိပါဘူး။ ဒါပေမဲ့ အတူသွားလို့ အအေးတွေဘာတွေ သောက်မယ်ဆိုရင် သူအအေးဘိုးပေးဖို့  ယူရိုအကြွေစေ့လေးတွေကို ရေနေရှာတာ တခြားမိတ်ဆွေတွေလို ခရစ်ဒစ်ကတ်တွေ မသုံးနိုင်ဘူး။
သူက ဘွန်းမှမွေးပြီး ရိုင်းမြစ်ဘေးကြီးခဲ့တဲ့ ဘွန်းမြို့သားတယောက်ပါ။ အထက်တန်းကျောင်းသားဘ၀ထဲက တက္ကသိုလ်မတက်ဘဲ ပန်းချီကျောင်းတက်ခဲ့တယ်တဲ့ ။ ပန်းချီနဲ့ ရင်းပြီးငွေမရှာဘဲ နဲ့ ကိုယ်ကြိုက်တဲ့ ပန်းချီကားတွေပဲ ဆွဲတယ်။ ငွေကြေးအရ မအောင်မြင်တာမို့ သိပ်မပြေလည်ပါဘူး။ ငွေမရှိတော့လည်း တကိုယ်တည်းဘ၀နဲ့ မိတ်ဆွေလည်းနည်းတာပေါ့။ ငယ်စဉ်တုန်းကတော့ သူလုပ်ချင်ရာလုပ်နေရလို့ ကျေနပ်ခဲ့ရပေမယ့် အသက်ကြီးလာ ငွေမရှိတဲ့ အချိန်မှာ သူစိတ်ဓာတ်ကျရော။
ဒါကြောင့်သူ ချစ်တဲ့ ရိုင်းမြစ်ဘေးမှာ လာထိုင်နေတုန်း ကိုယ်နဲ့ သိတာ။
ဂျာမဏီလိုနိုင်ငံမျိုးကို ကိုယ်တို့ လိုအာရှကလူတွေက နတ်ဘုံလို ထင်ပြီး အခြေချဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေချိန်မှာ သူတို့ နိုင်ငံက ဆင်းရဲတဲ့ 
လူတွေ တွေ့ရရင် ကိုယ်တော်တော်သနားမိပါတယ်။ ချမ်းသာတဲ့ နိုင်ငံမှာ လူဖြစ်တာတောင် ကံမကောင်းသူတွေပေါ့။ ဒီနိုင်ငံမှာက အလုပ်ပုံမှန်ရှိရင် အဆင်ပြေတယ်။ ဆင်းရဲလွန်းရင် အလုပ်မရှိရင်လည်း အစိုးရထောက်ပံ့မှုရလို့  အဆင်ပြေပေမယ့် ပန်းချီဆရာတို့ လို ၀င်ငွေမမှန်တဲ့ အလုပ်ရှိတဲ့ လူတွေကျတော့  ဟိုမရောက်ဒီမရောက်နဲ့ အတော်ဒုက္ခရောက်ပါတယ်။ အစိုးရက ထောက်ပံ့တဲ့ထဲလည်းမပါ။ ပြီးတော့ သူတို့ အနုပညာသမားတွေ ဆိုတာကလည်း တခါတခါ စိတ်ခံစားမှုကို အသားပေးလွန်းတာမို့ အလုပ်တိုင်းလည်း ၀င်မလုပ်နိုင်။
ကိုယ်ကချမ်းသာတဲ့ နိုင်ငံမှာ မွေးပြီး ရှားရှားပါးပါးဆင်းရဲနေတဲ့ ပန်းချီဆရာကို သနားမိကြောင်းပြောတော့ ဘာလင်က ကိုယ်နဲ့သိတဲ့ မြန်မာအမတယောက်က ဘာပြောတယ်အောက်မေ့လဲ။
''ဒီမှာ ထားထားရေ ကိုယ့်ကိုယ်ကိုယ်သာ သနားဟေ့။
သူတို့ က ဘယ်လောက်ဆင်းရဲရဲ နေတဲ့ အိမ်မှာ ခြင်မရှိဘူး။ ၂၄ နာရီ မီးရတယ်။ တီဗီရှိတယ်။ တယ်လီဖုန်းရှိတယ်။ နေမကောင်းဖြစ်ရင်လည်း အစိုးရကဆေးကုပေးတာ ငါတို့ က ဒါမျိုးတောင်ရှိလို့လားတဲ့။
ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ကိုယ်တို့က မွေးကတည်းက အသားကျနေပါပြီ။
ပန်းချီဆရာထက် ပိုဆင်းရဲတဲ့ နေရာမှာ နေရပေမယ့် ချမ်းသာတဲ့ နိုင်ငံမှာ ဆင်းရဲနေရှာတဲ့ ပန်းချီဆရာကိုပဲ သနားမိတယ်.။ သနားအမိဆုံးနေ့ကတော့ ဗီသိုဗင်တေးဂီတပွဲကို ကိုယ့်ကိုလိုက်ပြတဲ့နေ့ပါပဲ
ဧည့်သည်ဖြစ်ပေမယ့် သွားလေရာစားသောက်တိုင်း ကိုယ်ကပဲ ပိုက်ဆံရှင်းနေတယ် မဟုတ်လား။ ပန်းချီဆရာက အားနာရှာတယ်။ တနေ့တော့ ဘွန်းမြို့က ကမ္ဘာကျော် တေးဂီတပညာရှ င်ဗီသိုဗင် အထိမ်းအမှတ် တေးဂီတပွဲ တခုကို လိုက်ပြမယ်တဲ့။ ကိုယ်လည်းသိပ်ဝမ်းသာတာပေါ့။
ဗီသိုဗင်ပွဲက အတော်စည်တယ်။ လူတွေကလည်း ဘွန်းမြို့က အနုပညာချစ်တဲ့ လူကုံထံတွေချည်းပဲ။ ပွဲခန်းမရှေ့ရောက်တော့ ပန်းချီဆရာကပြောတယ်။ သူ့မှာ အခုလက်မှတ် မရှိသေးဘူးတဲ့။ ပြပွဲကိုလက်မှတ်ရပြီး မလာဖြစ်တဲ့ လူတွေရဲ့ လက်မှတ်ကိုပွဲမစခင် ကြည့်ချင်တဲ့ လူတွေကို ဝေပေးတတ်တာကို သူရအောင်တန်းစီယူပြီး ကိုယ့်ကိုပြမှာတဲ့ လေ။
ကိုယ်အတော်စိတ်မကောင်းဖြစ်သ
ကြည့်ချင်ပေမဲ့ ပန်းချီဆရာကို 'ဦးလေး ရပါတယ်။ ကျမ မကြည့်ချင်ဘူး။ ပြန်မယ်' လို့  ပြောမိတယ်။ ပန်းချီဆရာကတော့ လက်မခံပါဘူး။
လတ်မှတ်ရောင်းတဲ့ လူတွေနားမှာ မျက်နှာလေးငယ်ပြီး လက်မှတ်စောင့်တောင်းနေတာပဲ။
မကြည့်ရက်တာနဲ့ ကိုယ်တော့မျက်နှာပဲ လွဲထားလိုက်တော့တယ်။
သူ့စေတနာမှန်တယ် ထင်ပါရဲ့ ။ လက်မှတ်နှစ်စောင် ကိုယ်တို့ ရခဲ့ပြီး ပွဲကြည့်နိုင်ခဲ့တယ်။ အဆိုမပါတဲ့ တယောသမား နှစ်ရာကျော်တီးတဲ့ တေးသံစုံဝိုင်းကြီးကို နှစ်နာရီနီးပါးကြာအောင် ကိုယ်မျက်တောင်မခတ်တမ်း
ကြည့်တဲ့ အချိန်မှာတော့ ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ပန်းချီဆရာကပြုံးလို့။
ဘွန်းကနေကိုယ်ပြန်တဲ့ နေ့မှာတော့ ပန်းချီဆရာက ကိုယ့်အထုပ်တွေဆွဲပြီး ဘူတာရုံကို လိုက်ပို့တယ်။
သူတို့ ဂျာမန်က ကိုယ်နဲ့ရွယ်တူမိန်းခလေးတွေ
ဂျာမဏီက ကိုယ်ပြန်လာတာ အခုဆို နှစ်နှစ်တောင်ပြည့်သွားပြီ။
သူဘာတွေလုပ်နေမှာပါလိမ့်။
အရင်လိုပဲ စားဝတ်နေရေး ခက်နေတုန်းပဲလား။
သူ့လိုပဲ ရိုင်းမြစ်ကို သဘောကျတဲ့ ကိုယ့်ကိုယ်ရော သတိရနေမလား။
တနေ့နေ့မှာတော့ ဘွန်းနဲ့ ရိုင်းမြစ်ဆီကို ကိုယ်အလည်ပြန်သွားဦးမှာပါ။
ဒါပေမယ့် ရိုင်းမြစ်ကမ်းဘေးမှာတော့ ပန်းချီဆရာရဲ့  ရုပ်တုကို မတွေ့ပါရစေနဲ့ လို့  တိတ်တိတ်ကလေး ဆုတောင်းနေမယ်။
(၂၀၁၀)
No comments:
Post a Comment