Sunday 3 November 2013

ဦးသန်းရွှေတို့  နအဖတွေရဲ့  ဘုရား တရား သံဃာ စော်ကားမှုများ။


ထူးဆန်း လှပသော ပုံများနင့် ဘုရားပုံတော်များမှာ တင် ထား တာလေး တွေ့ လို့ ပြန် တင် ပေးတာ ပါ။ သေ သေ ချာ ချာ ဆုံး အောင် ဖတ် ကြည့်ပါ အလွန် အင် မတန် ကြောက် ဖို့  ကောင်းတဲ့လုပ်ရပ် ပါ။ 


မှူးကြီးဟောင်း ဦးသန်းရွှေတို့  နအဖတွေရဲ့  ဘုရား တရား သံဃာ စော်ကားမှုများ။
နအဖ သန်းရွှေနဲ့  မိသားစုတွေ၊ နအဖဗိုလ်ချူပ်ကြီးတွေဟာ သူတို့  ရာထူးအာဏာတည်မြဲရေးအတွက်ကို ရူးနေကြတာမို့  အာဏာတည်မြဲရရင် ပြီးရော သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်တာ မပြောနဲ့  ဘုရားတောင် မချန် သင့်တော်တာတွေ မသင့်တော်တာတွေ မဆုံးဖြတ်နိုင်ဘဲ လုပ်ချင်ရာ စွတ်လုပ်နေကြ ပါတယ်။


တန်ခိုးကြီးဘုရားတွေကို ပုံစံတူ စေတီတွေ လိုက်တည်တယ်။ ဘုရားဆင်းတုတော်တွေကို အကျဉ်းချထားသလို လုပ်ပြီး ယတြာချေတယ်။

တန်ခိုးကြီးဘုရားစေတီပုထိုးတွေက မူလ ဌာပနာတွေကို ယူဆောင်ပြောင်းရွှေ့ တယ်၊ ဘုရားစေတီပုထိုးတွေ ထီးတင်ပွဲတွေမှာနအဖကတော် အမျိုးသမီးတွေက နေရာတကာမှာ လုပ်ဆောင်တယ်၊ သန်းရွှေမျက်နှာပုံနဲ့  တူအောင် ဘုရားဆင်းတုတော် တည်တယ်။

သန်းရွှေနဲ့  သူ့ မိသားစုတွေကို လက်အုပ်ချီ ကန်တော့ခိုင်းတယ်။ သွားလေရာ အဖြူရောင် ရာဇမတ်ကွက်တွေ ကာရံထားပြီး အပူဇော်ခံကြတယ်။

ဘုရားစေတီဝန်း ဘုန်းကြီးကျောင်းဝန်းတွေအတွင်းမှာလည်း လူသတ်လက်နက် သေနတ်တွေတကားကားနဲ့  ၀င်ရောက်ကြတာတွေ လုပ်ကြတယ်။၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းကဆိုရင် ဘုန်းကြီးကျောင်းတွေထဲမှာ ပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရိုက်ဖျက် ပျက်စီးစေတယ်။


ဘုရားကို ခုတုံးလုပ်ပြီး ယတြာချေတယ်။ ဒီလို ယတြာချေတဲ့အထဲမှာ အဆိုးရွားဆုံးကတော့ သန်းရွှေမျက်နှာနဲ့ ကျောက်ဆင်းတု တည်ပြီး ရွှေတိဂုံဘုရားမှာ ထားတာဘဲ ဖြစ်ပါတယ်။


ဒီအပြင့် ရွှေတိဂုံဘုရားရဲ့  ငှက်မြတ်တော်အောက်နားမှာလည်း “ဗိုလ်ချူပ်မှူးကြီး သန်းရွှေမိသားစုကောင်းမှု” ဆိုပြီး စာတမ်းထိုးခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီတော့ကာ ရွှေတိဂုံဘုရားရောက်ရှိကြတဲ့ ဘုရားဖူးပြည်သူတွေ ရွှေတိဂုံဘုရားကို ဦးချကန်တော့တိုင်း သန်းရွှေ စာတန်းကိုပါ ကန်တော့နေရတဲ့အဖြစ်မျိုး ဖန်တီးတာ ဖြစ်ပါတယ်။

နောက်တည်တဲ့ဘုရားစေတီပုထိုးတွေမှာလည်း စေတီရဲ့  အမြင့်ပိုင်းမှာ ဒီလိုစာတမ်းထိုးတာတွေ ကမ္ဗည်းထိုးတာတွေ အလားတူ ပုံသဏ္ဍန်တွေ လုပ်ထားနိုင်ခြေ ရှိပါတယ်။

နေပြည်တော်မှ ဥပ္ပါတသန္တိဘုရားစေတီတည်တဲ့အချိန်မှာ ရွှေတိဂုံဘုရားက မူလဌာပနာတွေကို ပြောင်းရွှေ့ ကြောင်းနဲ့  ရွှေတိဂုံ ဘုရားကုန်းတော် မှာရှိတဲ့ န၀င်းရုပ်ပွားတော် ကိုးဆူထဲက ဘုရားတစ်ဆူဖြစ်တဲ့ အထက်ပစ္စယံ မှာရှိတဲ့ ”ပတ္တမြားမျက်ရှင်ဘုရား” အစစ် ပျောက်ဆုံးနေတာကို ပြည်သူတွေထဲက သတိပြုမိသူတွေ ရှိကြပါတယ်။


”ပတ္တမြားမျက်ရှင်ဘုရား” ရဲ့  နဖူးတော်မှာ ပတ္တမြားမျက်ရှင် ကိန်းဝပ်ပြီး ဘိုးဘိုးအောင်တည်ထားတယ်လို့ အဆိုရှိပါတယ်။


တစ်ခါတစ်ရံမှာ ပတ္တမြားမျက်ရှင် ဆင်းတုတော်ဟာ မျက်တောင်ခတ်တတ်တယ်။

တစ်ခါတစ်ရံမှာတော့ မျက်လုံးတော်နှစ်ဘက် နီရဲတောက်ပလာပြီး ပတ္တမြားမျက်ရှင် ကွန့်မြူးတတ်တယ်။ ဆုတောင်းသိပ်ပြည့်တဲ့ဘုရားလို့  ထင်ပေါ်ကျော်ကြားပါတယ်။


ရွှေတိဂုံဘုရားကို ဘုရားဖူးလာကြတဲ့သူတွေဟာ ပတ္တမြားမျက်ရှင်တန်ဆောင်းတွင်ဖြစ်စေ၊ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ရှေ့မှောက်တွင်ဖြစ်စေ (မေတ္တာသုတ်) ကို ကိုးခေါက်ရွတ်ဆိုလေ့ ရှိပြီးဆုတောင်းမှု ပြုလေ့ရှိပါတယ်။


ဒီဟာကို သိတဲ့ သန်းရွှေဟာ သူ့ ရဲ့  အာဏာတည်မြဲဖို့ ၊ မိသားစု ချမ်းသာကြွယ်ဝဖို့ ၊ အာဏာရှင်စနစ်တည်တံ့ဖို့ အတွက် ဆုတောင်းဖို့  အတွက်သာမက၊ ပြည်သူတွေ တောင်းဆဲ့ဆုတွေ ပြည့်မှာ ကြောက်ပြီး မရိုးသားသော လုပ်ရပ်ကြောင့်

ယခုဆိုရင် ”ပတ္တမြားမျက်ရှင်ဘုရား” ဟာ ယတြာချေဖို့ အတွက်ဘဲ အကျဉ်းချထားသလား၊ နေပြည်တော်က နောက်တည်တဲ့ ဥပ္ပါတသန္တိဘုရားစေတီတော်မှာဘဲလား၊ သန်းရွှေမိသားစုသာ သီးသန့်  အပိုင်စီးထားသလား ဆိုတာ သံသယ ဖြစ်ဖွယ်ပါဘဲ။


သန်းရွှေဟာ မိမိကိုယ်ကို ဘုရင်ရူး ရူးနေတာကြောင့် ရှေးခေတ်ကလို ဘုရားတည် နန်းတည် ဘုရားဒကာ ကျောင်းဒကာ ရေမြေ့ ရှင် ဘုန်းတန်ခိုးကြီးလှပေသော ဘုရင်မင်းမြတ်တွေလို အောင်းမေ့ ပြီး ထင်ရာလုပ်နေတာက လူသတ်သမားက သွေးစွန်းနေတဲ့လက်နဲ့  ဘုရားတည်နေတာဖြစ်နေတာကြောင့် ဘုရားကို ညာနေ ခုတုံးလုပ်နေတဲ့အတွက် အခုဆိုရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ မုန်တိုင်းတိုက်တာတွေ၊ ဘုရားစေတီပြိုကျတာတွေ ဖြစ်လာရတာပါ။


****အမှန်တရားအတွက် မည် သူ့ ကို မှ စိုးရီမ်စရာမလို *****

No comments:

Post a Comment