Friday 28 December 2012

“ရှေ့ မှာ၂၀၁၃၊ ထပ်ပြုံးလိုက်စို့ လားအမေ...”

“ရှေ့ မှာ၂၀၁၃၊
ထပ်ပြုံးလိုက်စို့ လားအမေ...”

ပြုံးရင်လှပါတယ်အမေ....။
အမေလည်းပြုံး၊သားလည်းပြုံးလို့ 
အပြုံးကိုယ်စီနဲ့ (သားတို့ )
ကြိုခဲ့တဲ့နှစ်(၂၀၁၂)
ဘာတွေပဲဖြစ်ဖြစ်
(အပြုံးနဲ့ ကြိုနိုင်ခဲ့သလို )
အပြုံးနဲ့ ပဲလက်ပြ
နှတ်ဆက်ချန်ထားလိုက်နိုင်မှ
ရှေ့ မှာ၂၀၁၃
သားတို့ ထပ်ပြုံးနိုင်မှာမဟုတ်လားအမေ...။
(ဘာတွေပဲဖြစ်ဖြစ် )
ပြုံးရင်လှပါတယ်အမေ....။

ကိုမျိုး(မြန်မာစာ)

[၂၀၁၂ကိုနှစ်သစ်ကြိုအပြုံးကဗျာနဲ့ 
ကြိုခဲ့သလို၂၀၁၃ကိုလည်းကဗျာနဲ့ 
ကြိုလိုက်ရပါတယ်....ကိုမျိုး(မြန်မာစာ)]

ကိုမျိုး ပေးပို့ ပါတယ်။

No comments:

Post a Comment