Monday 31 December 2012

နှစ်သစ် ခန်းဆီး ဖွင့်လှစ်ခြင်း


တနှစ်ပြီးတနှစ် ဒီနှစ်သစ်
သက္ကရာဇ်တွေသာ ပြောင်းသွားတယ်
ဘ၀တွေက အကုန်အဟောင်း
အရာရာအားလုံး ဘာမှမပြောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
ဆုတောင်း အဟောင်းတွေ သစ်ခဲ့တယ်
ကောက်ကြောင်းတွေက ပုံမပြောင်း
အားလုံး အရင်လို နဂို အဟောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
အဟောင်းတွေ ပြန်သစ်ခဲ့တယ်
အဖြစ်တွေက မြင်မကောင်း
စစ်နွံထဲမှာ နစ်နေကြောင်း။
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
မင်းလည်းအဟောင်း ၊ ငါလည်းအဟောင်း



အဟောင်း အဟောင်း ၊ အကုန်အဟောင်း
တိုင်းပြည်လည်းအဟောင်း ၊ ခေတ်လည်းအဟောင်း
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
လူတွေလည်းအဟောင်း ၊ မူလည်းအဟောင်း
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
အကျင့်လည်းအဟောင်း ၊ စနစ်လည်းအဟောင်း
အဟောင်းသံသရာ ၊ ပြည်မြန်မာမှာ
ငါ ဆုမတောင်း ၊ တိုက်မှပြောင်းမည်
သေလျှင်မြေကြီး ၊ ရှင်ရွှေထီး
နှစ်သစ် ခန်းဆီး ဖွင့်စေသတည်း။       ။


ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ကိုရီးယား။

No comments:

Post a Comment