Sunday 30 December 2012

နှစ်ထောင့်ဆယ့်သုံးဆီသို့ 





 နှစ်ထောင့်ဆယ့်သုံးဆီသို့ 

နှစ်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေပြီ
ဒို့တတွေလည်းတနှစ်တခြား
အသက်ကြီးသွားပြီ
ဖေ့ဘုတ်ကြီးလည်း 
အသံပေါင်းစုံနေတယ်။

လိုချင်တာတွေမရ
သွေးအေးအေးစစ်ခင်းနေတဲ့ 
မီးမငြိမ်းတဲ့ တိုင်းရင်းသားအရေး
ခုထိမအေးသေး
ဒီမိုကရေစီဆို ဝေလာဝေး
ဖြေစရာရယ်မရှိ
နေစရာကခက်၏ဆိုသလို
အတွေးကချာချာလည်
အဆွေးကအခါခါကြွယ်
ကချင်ကအစ လက်ပန်းတန်တောင်အဆုံး
ဆန္ဒပြတာတဗြုံးဗြုံး
အစရှာတာမလွယ်
အွန်လိုင်းပေါ်မှာ
အသံတွေကြားနေရတယ်။

ဟိုအရေးလဲဒေါ်စု
ဒီအရေးလဲဒေါ်စု
အဖော်ပြုဖို့ စဉ်းစားကြ
ဘွင်းဘွင်းဘဲပြောမယ်
မဖွကြနဲ့  လက်မစောနဲ့ 
အင်တာနက်မှာ
အသံတွေကြားနေရတယ်။

တနှစ်ပြီးတနှစ်
မနှစ်သက်လဲဒီသတင်း 
အဖြစ်အပျက်ကို ဖောက်ထွက်
ထွက်ပေါက်ကယ်ဖြေစရာ
ဂျောက်ဂျက်ဂျောက်ဂျက်
နာရီသံများကုန်ဆုံးသွား
စနစ်ဆိုးတဲ့ အဖြစ်ပျက်တွေကို
ရင်မှာပိုက်ပြီး
အပျက်အပျက်
နှာခေါင်းသွေးထွက်
အသစ်စက်စက်ဒီမိုကရေစီကို
ဒေါ်စုနဲ့  ၈၈၈၈ကို စံပြုပြီး
၂၀၁၃ နှစ်သစ်ဆီသို့
ညီညီညာညာချီတက်ကြပါစို့။

ကိုထွန်းဝေ 
30.12.2012
ရင်တွင်းဖြစ်တင်ပြလိုက်ပါတယ်။


No comments:

Post a Comment