Thursday 24 January 2013

ပန်းချီကပြောသောဆဲဗင်းဇူလိုင်ဇာတ်လမ်း




ရန်ကုန်ဝ/သတက္ကသိုလ် ဇာတ်ကြောင်းစုံကို
ကုံလုံပြည်ဝ ဖေါ်ပြနိုင်ရန်
အသံတိတ်ဆန္ဒ ပြခဲ့သူအနေနှင့်
မသွေရုပ်လုံးဖေါ် ပန်းချီကျော်တစ်ဦးက
အထူးထုတ်စာစောင်တွင်
စုတ်တံပြောင်ပြောင် ကလောင်မာန်ထောင်၍
ကွေ့ရှောင်ဥာဏ်ပြေး
စီစစ်ရေးပင်ကျော်လာနိုင်ခဲ့ပါသေး။

ဟိုးလေးတကျော် ဇာတ်ကြောင်းပေါ်မှ
မတော်ပေခူး ရင်ဝလှံစူးသကဲ့သို့
အထူးခုန်ကြွ လိုကိလံသိမ်းဆည်းကြသည်
သူခိုးပြေးမှ ထိုးကွင်းထသူများတည်း…။

အာဏာရှင်အနာဝ တုတ်ချသကဲ့သို့
နာသွားရခြင်း အကြောင်းရင်းက
သစ်ပုပ်ပင်ရင်းကိုက ဒေါမာန်တ်ကြွကြွ
တကယ်ခံချတော့မယ့်လက်သီးသဏ္ဌာန်
မာန်တက်နေတဲ့အခက်အရွက်တွေကလ
ခွပ်ဒေါင်းမာန်သွင် ခွပ်မယ့်ဟန်တပြင်ပြင်
ပတ်ဝန်းကျင်အဆောင်တ၀ိုက်
ဆိုင်းဘုတ်တွေထောင်ပြီး
လိုက်ကြတဲ့ကျောင်းသားတွေ
အသက်ပင်သေသေ မသွေပေကပ်
ယုံကြည်ချက်မတ်မတ်နဲ့
အသတ်ခံခဲ့ရတဲ့ သွေးနီးနီးလမိးကြောင်း
ချောင်းစီခဲ့ရပါသလေ…။

စာအုပ်၎အုပ်ကိုထိပ်တိုက်
ဆက်စပ်ကြည့်လိုက်ပါလျှင်
အမြင်စိမ်းစိမ်း ဖိနပ်စိမ်းစိမ်းနဲ့
လုံထိန်းတွေသောင်းကျန်နေတာကိုများ
မျက်ဝါးထင်ထင်တွေ့မြင်ရပါမည်…။

ပန်းချီကားတစ်ချပ်
စိစစ်ရေးစောင့်ကြပ်နေတဲ့ကြားက
လွတ်လပ်စွာဖန်တီးနိုင်တဲ့ပန်းချီကျော်ကို
ထုတ်ဖေါ်ဂုဏ်ပြုလိုက်ပါသည်…။

တက္ကသိုလ်ဘုန်းကြွယ်(၁-၂၃-၁၃)

ဤတ်ပုံကိုရှာကြံတင်ပြသော
Naingmon Aungthwin's photo
နှင့်မာလတို့တတွေကို
အထူးကျေးဇူးတင်ရှိပါသည်…။
*************************************************************************

ည…။

ပန်းချီကားတစ်ချပ်
စိစစ်ရေးစောင့်ကြပ်နေတဲ့ကြားက
လွတ်လပ်စွာဖန်တီးနိုင်တဲ့ပန်းချီကျော်ကို
ထုတ်ဖေါ်ဂုဏ်ပြုလိုက်ပါသည်…။

တက္ကသိုလ်ဘုန်းကြွယ်(၁-၂၃-၁၃)

ဤဓါတ်ပုံကိုရှာကြံတင်ပြသောNaingmon Aungthwin's photo
နှင့်မာလတို့တတွေကိုအထူးကျေးဇူးတင်ရှိပါသည်…။
 

No comments:

Post a Comment