Thursday 24 January 2013

ထိုးစစ်အတွက် ပြင်ဆင်နေ


  1. ပန်ဝါဒေသရှိ KIA တပ်စခန်းများကို ထပ်မံအရှိန်မြှင့်ထိုးစစ်ဆင်ရန်အတွက် ဇန်န၀ါရီလ(၂၃)ရက်နေ့တွင် စစ်ရဟတ်ယာဉ်(၃)စီးဖြင့် (၃)ကြိမ် ခေါက်တုန့်ခေါက်ပြန် တပ်အင်အား လက်နက်ခဲယမ်းများကို ပို့ဆောင်ပေး ခဲ့သည်။ ထိုသို့ပို့ဆောင်ရာတွင
    Jet Fighter များကို လုံခြုံရေးအတွက် အတူပျံတန်းလျက်ရှိသည်။
    အဆိုပါ စစ်ရဟတ်ယာဉ်တို့သည် လုပီဒေသတွင် ဆင်းသက်ကာ
    တပ်အင်အားတိုးချဲ့နေကြောင်း သိရသည်။

    ၎င်းအပြင် ဇန်နဝါရီလ(၂၃)ရက်မှာလည်း မြစ်ကြီးနားမှ
    ရှဒန်ပါ ရှေ့တန်းဗျူဟာအဖွဲ့သို့ ရဟတ်ယာဉ်(၃)စီးဖြင့် (၃)ကြိမ်
    တပ်ဖွဲ့အင်အားနှင့် လက်နက်ကြီးကျည်များ၊ အခြားခဲယမ်းများကို
    ပို့ဆောင်ပေးခဲ့သည်။

    ဇန်နဝါရီလ (၁၇)ရက်နေ့က တုန်မဂျင်း(Tung Magyeng)တွင် ပြောင်းရွှေ့
    ထားသော ၁ဝ၅ မမ အမြောက်ကို ရဟတ်ယာဉ် ဖြင့် သယ်ဆောင်ကာ
    အင်တပ်ဘွမ်(Ntap Bum)သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

    ဤကဲ့သို့ နေရာအနှံ့ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးပြင်ဆင်မှုကြောင့် လာမဲ့တစ်ရက်၊ နှစ်ရက်အတွင်း လဂျားယန်ဒေသ၊ ခယာဘွမ်၊
    ပန်ဝါ ဒေသများတွင် တိုက်ပွဲပြန်လည်ပြင်းထန်လာနိုင်မည်ဖြစ်ကြောင်း
    သုံးသပ်သိရှိရသည်။

    သတင်း....... http://myitkyina.blog.com/

No comments:

Post a Comment