Friday 9 November 2012

အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့


အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့
=========================
ဒေါ်အောင်ဆန်းစု ကြည်က " ယခင် အနှစ် နှစ်ဆယ်ပညာရေးနှင့် ယခု ပညာရေးသည် ဆိုးရွားစွာ တွေ့ရှိနေရကြောင်း၊တက္ကသိုလ် အားလုံးကို အဆင့်မြင့်ဖို့ထက် လက်ရှိ အခြေအနေတွင် လက်တွေ့ကျကျ လိုအပ်သော နေရာ များကိုသာ ပြုလုပ်သွားရန်လိုကြောင်း၊လောလောဆယ်တွင် တက္ကသိုလ်အားလုံးကို အဆင့်မြှင့် သွားရန် မဖြစ်နိုင်သေးကြောင်း ယင်းသို့ အားလုံးကို တပြိုင်နက် အဆင့်မြှင့်ပါ
က၊တိုးတက်နိုင်သလောက် တိုးတက်မည် မဟုတ်ကြောင်း၊ပွင့်လင်းစွာပြောပါက ပညာရေး ၀န်ကြီးဌာနမှ လုပ်ဆောင်ချက်ကို မြင်တွေ့နေသော်လည်း လုံလောက်မှုမရှိသေးကြောင်းခြုံငုံပြောကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ကကိုသာ ရယူရန်သာ ပြောကြားသွားသည်။ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ က မဲဆန္ဒရယူရာ ထောက်ခံဆန္ဒမဲ ၂၄၈ ၊ကန့်ကွက်မဲ ၆၈ နှင့် ကြားနေ ၉ မဲဖြင့် အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့ကြောင်းသိရသည်။မဲပေးမည့် ကိုယ်စားလှယ်ဦးရေစုစု ပေါင်းမှာ ၃၇၆ ဦးရှိကြောင်းသိရသည်။

Popular Myanmar News Journal
 https://www.facebook.com/PopularNewsJournal

No comments:

Post a Comment