Friday 9 November 2012

ဦးခင်မောင်တိုး ကျမ်းမာရေး ကောင်းလာကြောင်းပြောကြား



စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသ
ည်။

အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာ

ရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ပါသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိကြောင်း သိရှိရပါသည်။
Eleven Media Group
https://www.facebook.com/ElevenMediaGroup
ကျနော်၏ ဖေ့ဘုတ်တွင်လည်း ရေးခဲ့ပါတယ်
ဘယ်လောက်ဝမ်းသာစရာကောင်းလဲဗျာ .
ငြိမ်းချမ်းရေး သီချင်းသံတွေပြန်ကြားရတော့မယ်။

ကိုခင်မောင်တိုး () ကိုတိုးကြီးအကြောင်းကြောင့် မျက်နှာမပျက်ကြပါနဲ့ ။ကျနော် တစ်ခုပြောမယ် ဖေ့ဘုတ်ဆိုတာ မိမိရဲ့ အကောင့် အသိဥာဏ်သုံးပြီး ဆင်ဆင်ချင်ချင်ရေးကြပါ ။ မိမိပုံတောင်မဖော်ပြရဲကြတာကြည့်ကြဗျာ။ ဒီလိုပါဘဲ ၀က်ဆိုဒ်တွေ ဘလော့တွေ ဖေ့ဘုတ်စာမျက်နှာတွေ ရမ်းပြီးမလုပ်မရေးကြဖို့ ဆင်ဆင်ခြင်ခြင် သတင်းအမှန်ဘဲ ဖော်ပြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုဒီ စာလေးရေးနေတဲ့အချိန်အထိ အကိုကြီးကိုခင်မောင်တိုး ရှိနေသေးပါတယ်။
တော်တော်လေးဖြစ်နေလို့  ပါ ။ဆရာဝန်က လက်မလွှတ်သေးဘူး ပိုက်မဖြုတ်သေးဘူး။ တော်တော်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ၀ိုင်းပြီးဆုတောင်းပေးရမှာဖြစ်ပါတယ်။ ဘာမဆိုင်ညာမဆိုင် ဂလိုင်မခေါက်ကြနဲ့ ဗျ။ ဘ၀ကိုတည့်တည့်ပြောကြေးဆိုရင်ဗျာ စိတ်ကောင်းနှလုံးကောင်းထားပြီး အားလုံးက ၀ိုင်းဝန်းဆုတောင်းပေးလိုက်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဆေးတွေလဲတိုးတက်ခေတ်မှီနေတာဘဲဗျာ။ ဘာမဆိုင်ညာမဆိုင် မရေးစေ့ချင်ဘူး။ ကိုတိုးကြီးမိသားစု ဘယ်လောက်မျက်နှာ ငယ်မလဲ စဉ်းစားသာကြည့်ပါ။
ကိုယ်ချင်းစာတရားလဲထားကြပါဗျို့ ။ ဒါမျိုးက ၀မ်းသာစရာမဟုတ်ပါကြောင်းဗျာ။ နားလည်ပေးကြပါခင်မျာ။ဟုရေးခဲ့ပါတယ် ကျနော့ကိုနားလည်ပေးမည်ဟုထင်မြင်ပါကြောင်း

ကိုထွန်းဝေ
9.11.2012
2.26 pm Jp time

No comments:

Post a Comment