Saturday 10 November 2012

သခင့်အတွက် ထာဝရ ဘက်တော်သား


International news for myanmar
သခင့်အတွက် ထာဝရ ဘက်တော်သား

ပုံမှာ မြင်တွေ့နေရတဲ့ ခွေးဟာ ယင်း အုတ်ဂူဆီကို ညနေ ၆ နာရီတိုင်း လာလာ အိပ်တာ စုစုပေါင်း ၆ နှစ်ကျော် ကြာမြင့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အုတ်ဂူမှာ ကွယ်လွန်သူကတော့ သူချစ်ရတဲ့ သခင် ဖြစ်ပါတယ်။ ဂျာမနီ စစ်ဗိုလ် တစ်ဦး ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အုတ်ဂူ သွင်းပြီး နောက်နေ့တွေတိုင်းမှာ သူပုံမှန်လာပါတယ်။ ညနေ ၆ နာရီတိုင်း လာလာ အိပ်ပါတယ်။

သူနေ့တိုင်း ပုံမှန် လာလာအိပ်နေတာကို သင်္ချိုင်းစောင့်များက တွေ့ရှိနေတာ ၆ နှစ်ကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

မေတ္တာပေါ် သစ္စာဆင့်

သူ့အားကျွေးမွေး
သူ့အားမေတ္တာပေးတဲ့
သခင်လေး သေဆုံးတဲ့အခါ
သူ့ခမျာမှာ…..
တိရိစ္ဆာန် ဖြစ်ပါသော်ငြား
သံယောဇဉ်ပွား တွယ်တာမှုများနဲ့
ထာဝရ ဘက်တော်သားအသွင်
သခင်မြုပ်ထား အုတ်ဂူကျောက်ပြားအပေါ်
အိပ်ပျော်မှေးစက်
အဖေါ်လုပ်လျက်နေသတဲ့…။

တက္ကသိုလ်ဘုန်းကြွယ်
(နိုင်ဝင်ဘာ ၉ ၂၀၁၂)

No comments:

Post a Comment