Saturday 10 November 2012

ဝန်ကြီးဌာနတချို့ အမည်ပြောင်း



ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံ မှာ နောက်ဆက်တွဲအနေနဲ့  ၀န်ကြီးဌာန ၂ ကို အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ကြေညာချက် ထွက်လာပါတယ်။ 

                                                                         
ယခင် အမည် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အစား  ယခု အမည်   ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနဟု၎င်း၊ အလုပ်သမား ၀န်ကြီးဌာန အစား ယခု အမည် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဟု၎င်း နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ရုံး အမိန့် ကြော်ငြာစာဖြင့် အမည်များ ပြောင်းလဲ သတ်မှတ် လိုက်ပါတယ်။ 

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြချက်ကို အောက်တွင် ဖတ်ရှု့နိုင်ပါတယ်။ 


No comments:

Post a Comment