Friday 9 November 2012

သူများမကြိုက်တာ မပြောပါ



သူများထိခိုက် မထိခိုက်
သူများမကြိုက်ခဲ့ပါရင်
အလိုက်အထိုက် ရေလိုက်ငါးလိုက်
လိုက်လျှောညီထွေ နေတတ်ပါစေ…။

စကားခြောက်ခွန်း လူ၌ထွန်း
လေးခွန်းကိုပယ် နှစ်ခွန်းသယ်
ဤနှစ်ခွန်းဝယ်စကား မှတ်ပါလား။

မှန်ကားမှန်၏ အကျိုးတော့မရှိ
သူတပါးနှစ်သက်လှပါ၏။

မှန်ကားမှန်း၏ အကျိုးလဲရှိ
သူတပါးလဲနှစ်သက်လှပါဘိ။

ဤစကားနှစ်မျိုးသာ ပြောသွားပါ
နှစ်ဖြာချမ်းမြ ရန်ကင်းပ
ဒေါသခပ်သိမ်း ကင်းငြိမ်းစွ…။

တက္ကသိုလ်ဘုန်းကြွယ်
(နိုဝင်ဘာ ၈ ၁၂)

No comments:

Post a Comment