Friday 9 November 2012

မြန်မာနိုင်ငံတွင် ဒေါ်လာ သန်းနှစ်ထောင်ခန့် ကိုရီးယား ရင်းနှီးမြုပ်နှံမည် ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၈ The Voice Daily Newsletter

အာရှ ဒေသတွင်း နိုင်ငံများ အနက် စီးပွားရေး ဖွံဖြိုးမှုနှုန်း လျင်မြန် လာသော ကိုရီးယား နိုင်ငံသည် ၂ဝ၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ ၏ ရေကြောင်း ဆိုင်ရာ ဖွံဖြိုးရေး လုပ်ငန်းများ အတွက် ကန်ဒေါ်လာ သန်းနှစ်ထောင် ထိ ရင်းနှီး မြုပ်နှံ နိုင်ရန် ရည်မှန်း ထားကြောင်း အဆိုပါ ဖိုရမ်တွင် KMI

(Korea Maritime Institute) မှ ဒါရိုက်တာ Choi JaeSun က ပြောကြား သည်။

မြန်မာနိုင်ငံ ၏ ရေကြောင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနိုင်ငံ ရေကြောင်း တက္ကသိုလ် နှင့် ပူးပေါင်း ၍ နိုဝင်ဘာ လ ၇ရက်နေ့ က ကျင်းပသော ရေကြောင်း ဖွံဖြိုးရေး ဆိုင်ရာ ဖိုရမ်တွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ရေကြောင်း ဆိုင်ရာ ဖွံ့ဖြိုးသည့် ကိုရီးယား နိုင်ငံသည် ရေကြောင်း တက္ကသိုလ်နှင့် ပူးပေါင်းပြီး Ocean Result Centre (ပင်လယ်ပြင် သုတေသန စင်တာ) ကို မြန်မာနိုင်ငံ တွင် ပထမဆုံး တည်ထောင် သွားမည် ဖြစ်ပြီး ယင်း စင်တာ အတွက် ကန်ဒေါ်လာ ငါးသောင်းခန့် ရင်နှီး မြှုပ်နှံမည် ဟုလည်း ၄င်းက ဖြည့်စွက် ပြောကြားသည်။

လက်ရှိတွင် ကိုးရီးယား နိုင်ငံသည် ပို့ဆောင်ရေး လုပ်ငန်းများ အတွက် လည်း ရင်းနှီး မြုပ်နှံရန် ဆွေးနွေးလျက် ရှိပြီး ငါးဖမ်း လုပ်ငန်း၊ ငါးဖမ်း သင်္ဘော တည်ဆောက်ခြင်း၊ ဆိပ်ကမ်းနှင့် ရေကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ရေကြောင်း ခရီးသွား လုပ်ငန်းများ ဆက်လက် လုပ်ကိုင် သွားမည်ဟု KMI (Korea Maritime Institute) ၏ ဥက္ကဋ္ဌက ပြောကြားသည်။

No comments:

Post a Comment