Friday 9 November 2012

သူဘယ်သူလဲ ၊ သူဘယ်မှာလဲ ( ဇော်သက်ထွေး )

                                                                                             
                                       ( ဇော်သက်ထွေး )

ထောင်ထဲမှာရော အပြင်မှာရော ရင်းနှီးခင်မင်လက်တွဲခဲ့ရတဲ့ သူငယ်ချင်း တာရာမင်းဝေ ( ရွှေဘုန်းလူ ) ကွယ်လွန်သွားခဲ့တာ
(၅) နှစ် ကျော်ကြာခဲ့ပါပြီ။ ဖိနိုပ်ရက်စက်တဲ့ အာဏာရှင် စံနစ်ဆိုးအောက်ကနေ မြန်မာနိုင်ငံ နိုးထလွတ်မြောက်ဖို.
ရုန်းကန်နေပြီ ဖြစ်ပေမယ့် နာကျည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကိုတော့ဖြင့် ကျွန်တော်တို. လွယ်လွယ်နဲ.
မမေ့ဖျောက်နိုင်ခဲ့ကြပါဘူး။

ခွင့်လွှတ်ဖို.လွယ်ကူပေမယ့် မေ့ဖျောက်ဖို.ကတော့ ခက်ပါတယ်။ သူငယ်ချင်းရွှေဘုန်းလူလို. ကျွန်တော်တို.က ချစ်စနိုးခေါ်တဲ့
တာရာမင်းဝေတစ်ယောက်လည်း တမလွန်ကို စောစီးစွာ ထွက်ခွာသွားခဲ့ပေမယ့် ကျွန်တော်တို.နဲ.တစ်သဘောတည်း
ရှိပါလိမ့်မယ်။ တာရာမင်းဝေ မဖြစ်ခင် အကျဉ်းထောင်ထဲက ရွှေဘုန်းလူရဲ.ဘ၀ဟာ ရက်စက်တဲ့ အငြိုးအတေး အာဃာတတွေကြောင့်
အရုပ်ဆိုး အကျည်းတန်ခဲ့ရပါတယ်။


သူ.ကို ထောင် (၅) နှစ် အပြစ်ပေးတဲ့ အချိန်မှာ အင်းစိန်၊ သရက်၊ သာယာဝတီ စတဲ့ ထောင်တွေကို အမျိုးမျိုး ရွေ.ပြောင်းချုပ်နှောင်
ထားခဲ့ပါတယ်။ ဒီထောင်သုံးထောင်အနက် ရွှေဘုန်းလူ အထိအနာဆုံးကတော့ သရက်ထောင်မှာပါပဲ။
သရက်ထောင်မှာ အပြစ်အမျိုးမျိုးရှာပြီး အရိုက်အနှက်ခံခဲ့ရတယ်။ ရိုက်ရင်လည်း မျက်နှာကို ခေါင်းစွပ်စွပ်ပြီးမှ ရိုက်တယ်။
နိုင်ငံရေးနဲ.ပတ်သက်တဲ့ ယုံကြည်ချက်တွေ၊ မာန်မာနတွေ အားလုံး တစစီပြိုကွဲအောင်လုပ်တယ်။ ကျွန်တော်တို.လည်း အင်းစိန်ထောင်ကနေ
တောင်ငူထောင် ပြောင်းရွေ.ပြီး နေခဲ့ရတာပါ။ ဒါပေမယ့် ရွှေဘုန်းလူလောက်တော့ မဆိုးဘူး။

ဒီလိုဘာကြောင့်ဖြစ်ရတာလဲလို. မေးခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာထောင်နဲ. ထောင်ပိုင်ကြီးလို.အများကခေါ်တဲ့ အကျဉ်းထောင်တာဝန်ခံရဲ.
လူစိတ်ရှိမှု မရှိမှုက အဓိကဖြစ်ပါတယ်။ ထောင်ပိုင်တစ်ယောက်ရဲ. လုပ်ပိုင်ခွင့်က အကျဉ်းသားအားလုံးကို တချိန်တည်းမှာ ငိုအောင်၊ရယ်အောင်
လုပ်နိုင်စွမ်းရှိပါတယ်။ ထောင်လုံခြုံရေးအတွက်ဆိုပြီး နေ.တိုင်း တလာစီ ( ရှာဖွေရေးပြုလုပ်ခြင်း ) လုပ်မလားရတယ်။
အကျဉ်းသားတွေကို ထောင်ကပေးထားတဲ့ ပုံစံ ၂ ထည်ကလွဲပြီး အိမ်ကထောင်ဝင်စာမှာပေးခဲ့တဲ့ အနွေးထည်တွေ၊ အ၀တ်အထည်တွေ
သိမ်းထားချင်လား ရတယ်။ စားစရာတွေကို ထောင်ရဲ. ကျန်းမာရေးရှူထောင့်ကကြည့်ပြီး ကန်.သတ်လိုက်မလား ရတယ်။
အကျဉ်းသားတစ်ယောက်ကို ကြည့်မရလို.ဆိုပြီး ခေါ်ရိုက်ချင်သလား ရတယ်။ ထောင်ပိုင်တစ်ယောက်လုပ်ပိုင်ခွင့်ကတော့
အများကြီးပဲလို.ဆိုရပါ့မယ်။




အခုလည်း သရက်ထောင်မှာ ရွှေဘုန်းလူတို.တစ်တွေဟာ နိုင်ငံရေးသမားဆိုရင် အမှုန်.ချေပစ်မယ်ဆိုတဲ့ ထောင်ပိုင်နဲ.မှ သွားတိုးခဲ့ရခြင်းဖြစ်ပါတယ်။
တစ်ချို.သူတွေကဆို နံမည်ခေါ်လိုက်တိုင်း ( ဗျာ ) လို. မထူးရဘဲ ( ရှင် ) လို.ထူးခိုင်းတဲ့ အဆင့်ထိရောက်တယ်။
ဒါဟာ လူသားရဲ. ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းပဲဖြစ်တယ်။ ပြစ်မှုကျူးလွန်တယ်လို.တောင် စွပ်စွဲလို.ရပါတယ်။ အချုပ်ပြန်ပြောရရင်
ရွှေဘုန်းလူ ဟာအပြင်ပြန်ရောက်ပြီး ကျွန်တော်နဲ.တွေ.တိုင်း သရက်ထောင်ပိုင်အကြောင်း အမြဲပြောပြလေ့ရှိတယ်။
သူ.ကို ရက်ရက်စက်စက် ချေမှုန်းတဲ့ အဖြစ်ကို သူမေ့မရဘူး။ ဒီလို လူအမျိုးအစားဟာ လူအများအပြားကို အုပ်ချုပ်တဲ့ အရေးကြီးတဲ့နေရာကို
ရောက်နေတာဟာ လူသားမျိုးနွယ်စု ကံဆိုးခြင်းပဲလို. မှတ်ယူရတော့မှာဖြစ်ပါတယ်။ ကိုရွှေဘုန်းလူ ကွယ်လွန်သွားပြီး နာဂစ်မုန်တိုင်းမှာ
ကျွန်တော်လည်း ထောင်ကိုတတိယအကြိမ်မြောက် အလည်တစ်ခေါက် ရောက်ပြန်တယ်။ ဒီတခါ အင်းစိန်ကနေ တောင်ငူကို မပြောင်းရတော့ဘဲ
တောင်ကြီးထောင်ကို အရွေ.ခံရတယ်။ တောင်ကြီးထောင်ရောက်လို. တောင်ကြီးသားတွေနဲ. ခင်မင်ရင်းနှီးသွားတော့ တောင်ကြီးထောင်ရဲ.
အတိတ်က ငရဲခန်းတွေကို ကြားရတော့တာပါပဲ။ ကျွန်တော်တို.ရောက်သွားတဲ့အချိန်က ထောင်ရဲ.အခြေအနေဟာ သာသာယာယာဖြစ်နေပေမယ့်
အရင်က ငရဲခန်းတစ်မျှဖြစ်ခဲ့တာတွေကို အကျဉ်းသားတွေက နောက်ကြောင်းပြန်ပြောပြပါတယ်။

ဒီလို ရက်ရက်စက်စက် အုပ်ချုပ်တဲ့ ထောင်ပိုင်က ဘယ်သူလဲလို. ကျွန်တော်ကမေးလို. သူတို.ပြန်ဖြေလိုက်တဲ့အခါမှာတော့ ကျွန်တော့် တကိုယ်လုံး
အေးစက် ထုံကျဉ်သွားပါတော့တယ်။ သူတို.ပြောပြလိုက်တဲ့အမည်က ရွှေဘုန်းလူ (ခေါ် ) တာရာမင်းဝေကို ရက်ရက်စက်စက်နင်းချေသွားခဲ့တဲ့
ထောင်ပိုင်ဖြစ်တယ်၊ သူက သရက်ကနေ တောင်ကြီးကို ပြောင်းရွေ. အုပ်ချုပ်သွားတာကိုး။

အခုတော့ သူဟာ ထောင်ပိုင်အဖြစ်ကနေ အနားယူ သွားခဲ့ပေမယ့် သူ.အကြောင်းတွေကတော့ ထောင်ထဲမှာပြောစမှတ်တွင် ကျန်ရစ်ခဲ့ပါတယ်။
(က) အဆင့် အကျဉ်းထောင်တွေဟာ လူဦးရေ များပြားတဲ့အတွက် နေ.စဉ် ထောင်အပြင်ထုတ်ပြီး ခိုင်းတဲ့ ရဲဘက်တွေရှိပါတယ်။
အလုပ်ကတော့ အမျိုးမျိုး အဖုံဖုံပါ။ ထောင်ဘေး ဧရိယာမှာ စိုက်ခင်းတွေကို ပြုပြင်ပြီး တောင်ယာစိုက်ပျိုးပေးရတဲ့ ရဲဘက်တွေ ရှိတယ်။
ရိပ်သာတွေ၊ ဓမ္မာရုံတွေ၊ အဆောက်အဦးတွေကို သန်.ရှင်းရေး လုပ်ရတဲ့ ရဲဘက်တွေရှိတယ်။ ၀က်မွေးမြူရေး ကြက်မွေးမြူရေးခြံတွေသွားပြီး
လုပ်ရတဲ့ ရဲဘက်တွေရှိတယ်။ မော်တော်ယာဉ်ဌာနမှာ စက်ပြင်ပေးရတဲ့ ရဲဘက်တွေရှိတယ်။


ဒီရဲဘက်တွေကို မနက် (၆) နာရီထောင်က ထုတ်သွားပြီး၊ ညနေ (၅) နာရီ ပြန်ပို.တယ်။ သူတို.အပြင်ထုတ်သွားရင် ခြေချင်းခတ်လေ့ရှိတယ်။
လုံခြုံရေးဝန်ထမ်းကိုလည်း သေနတ်ကိုင်ဆောင်ခွင့် ပေးထားတယ်။ ပြီးတော့ အဲဒီထောင်ပိုင်က သူ.ရဲဘော်တွေကို အမိန်.ပေးထားတယ်။
အဲဒီ အမိန်.မှာ " နှေးရင်ပစ်၊ မြန်ရင်ပစ်၊ ငုံရင်ပစ်၊ မေ့ရင်ပစ်၊ စောက်မြင်ကတ်ရင်ပစ် " ပါတဲ့ ခင်ဗျား။

ဒီအမိန်.ကြောင့် ရဲဘက်တွေခမျာမသက်သာဘူး၊ အမြင်ကတ်ရင်တောင် ပစ်မိန်.ပေးထားတဲ့ သူ.သဘောထားက အရှင်းကြီးကိုး။
အပြင်ထွက်တဲ့ ရဲဘက်တွေကို ဒီသဘောတရားထားသလို အထဲက အကျဉ်းသားတွေကလည်း သက်သာမယ်လို. မမှတ်ပါနဲ.။
ထောင်ကလူတွေ အကြောက်ဆုံးကတော့ ( မဲလုံး ) နဲ. ( ချစ်ကိုကို ) ဖြစ်ပါတယ်။ မဲလုံးဆိုတာက ဧရာမစဥ့်အိုးကြီးတစ်လုံးကို
သံဆူးကြိုးတွေနဲ. ငုံထားပြီး ၀ါးပိုးဝါးနဲ.ထမ်းရတဲ့ မိလာပုံးကို ခေါ်ကြတာဖြစ်ပါတယ်။ ချစ်ကိုကိုဆိုတာက လူအားနဲ.တွန်းပြီးလှိမ့်ရတဲ့
လမ်းကြိတ်စက်ဘီးကြီးကို ပြောတာဖြစ်ပါတယ်။ ထောင်မှာ ပိုက်ဆံမရှိတဲ့ မျက်နှာမွဲအကျဉ်းသားက မိလာပုံးထမ်းရရှာတယ်။

ကျွန်တော်ပြောတဲ့ထောင်ပိုင်ကြီးကတော့ သူအမြင်ကပ်တဲ့သူတွေကို မိလာပုံးထမ်းခိုင်းတယ်။ တောင်ကြီးထောင်ကို ကံဆိုးပြီးရောက်လာတဲ့
ထောက်လှမ်းရေးဟောင်းတွေလည်း မိလာပုံးထမ်းခဲ့ကြရတာပါပဲ။ ဒီထောင်ပိုင်ကတော့ အာဏာပိုပြင်းတယ်။ မိလာကျင်းကိုတူးခိုင်းတယ်။
ပြီးတော့ မိလာမထည့်ဘဲ တူးပြီးသား မြေကြီးတွေကို ပြန်ဖို.ခိုင်းတယ်။ သူက အကျဉ်းသားတွေ အလုပ်မလုပ်ဘဲထိုင်နေရင် ကြည့်မရချင်ဘူး။
နောက်ဆုံး အလုပ်ပြီးလို. နားနေတယ့် အကျဉ်းသားတွေ.ရင် တောင်ဖက် အုတ်ရိုးနားက ကျောက်ခဲပုံက မြောက်ဖက် အုတ်ရိုးရွေ.ခိုင်းတယ်။
ညနေရောက်ရင် မြောက်ဖက်ရောက်သွားတဲ့ အုတ်ခဲပုံကို တောင်ဖက်ပြန်ရွေ.ခိုင်းတယ်။

သူ.ကြွေးကြော်သံက " သူ.ထောင်မှာ ၀နေတဲ့ အကျဉ်းသားမရှိစေရ " ပြီးတော့ ထူးထူးခြားခြား အမိန်.တစ်ခုရှိသေးတယ်။
" အကျဉ်းသား ဆီပြန်ဟင်း မစားရ " ဆိုပဲ။ သူ.အမြင်ကို ထုတ်ပြောဆိုလေ့ရှိရာမှာ " ရဲဘက် အကျဉ်းသားတစ်ယောက်ရဲ. တန်ဖိုးက
လျှောက်လွှာ စာရွက် ၂ ရွက်ဖိုးပဲ ရှိတယ် " လို.ပြောပါတယ်။ အကြောင်းကတော့ သေရင် မှတ်တမ်းယူတဲ့ စာရွက် ၂ ရွက်ကို ဆိုလိုချင်တာ
ဖြစ်ပါတယ်။ သူချမှတ်ထားတဲ့မူကို မလိုက်နာရင် အကျဉ်းသားမပြောနဲ. လက်အောက်က အရာရှိကိုတောင် ချမ်းသာပေးလေ့မရှိဘူး။

တစ်ခါက အကျဉ်းသားတွေရှေ.မှာ ထောင်မှူးကြီး မျက်နှာကို တံတွေးနဲ.ထွေးဖူးတယ်တဲ့။ ပြီးတော့ စည်းကမ်းထိန်းတွေ၊ တန်းစီးတွေက
သူ.အရိပ်အကဲကို သိထားရတယ်။ သူဟာ အကျဉ်းသားတွေရှေ.မှာ မရိုက်ကြပါနဲ.လို.ပြောရင် ပိုရိုက်ပြရတယ်။
သူပြောလိုက်လို. မရိုက်ဘဲရပ်လိုက်တဲ့ကောင်ကတော့ နာပြီသာမှတ်။ အသားဟင်းကျွေးတဲ့နေ.ဆိုရင် တစ်ပုံစံ အသား ၁ တုံးကို ၅ ပုံခွဲပစ်တယ်။
ကျွေးတဲ့ဟာနဲ.လောက်အောင်စား။ ထမင်းစားရင်း မြေကြီးပေါ် ထမင်းတစ်စေ့လောက်ကျလို.ကတော့ သေပြီ။ ရာဘာတုတ်စာမိမှာ သေချာနေပြီ။





သူ.ရဲ.မှတ်ဥာဏ်ကတော့ ပထမတန်းစားမှာပါတယ်လို. အကျဉ်းသားတွေကပြန် ပြောပြပါတယ်။ ထောင်မှာ သက်တောင့်သက်သာနေရဖို.
သူ.ဆီမှာ လိုင်းဝင်ထားပြီးသား အကျဉ်းသားဆိုရင် အဝေးကနေလှမ်းကြည့်ရုံနဲ. မှတ်မိနေတယ်။ အမှန်တကယ်က အကျဉ်းသားတွေက
ထောင်ချီပြီးရှိနေတာလေ။ ဒါပေမယ့် သူကတော့ လုံးဝမှတ်မိတယ်။ ဒီအတွက် ငွေကုန်ကြေးကျ ခံထားပြီးသူတိုင်း မပူနဲ. ကွန်ပြူတာထက်
စိတ်ချရတယ်တဲ့။

ခု ပင်စင်ယူသွားပါပြီ။ ဒါပေမယ့် ထောင်ထဲက ရဲဘက်တွေဘဲဖြစ်ဖြစ်၊ ထောင်လုံခြုံရေးကိုတာဝန်ယူခဲ့ကြတဲ့ ၀ါဒါတွေ၊ ၀န်ထမ်းတွေပဲဖြစ်ဖြစ်
သူ.ကိုတော့ မမေ့ကြပါဘူး။ မျက်ရည်တွေ စီးဆင်းနေဆဲ နှလုံးသားတွေ နာကျင်နေဆဲ ဖြစ်ပါတယ်။

တိုင်းပြည်ကတော့ တစတစ ပြောင်းလဲနေပါပြီ။

အငြိမ်းစား ထောင်ပိုင်ကြီးတစ်ယောက် ဘယ်ဆီရောက်နေပြီလဲ။

သူ က ဘယ်သူလဲ......................

( ဇော်သက်ထွေး )
by Kyaw Swar Myint on Friday, November 9, 2012 at 3:58am ·

No comments:

Post a Comment