Friday 9 November 2012

ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးနှင့် ပတ်သတ်သောအရေးကြီးအဆိုတင်သွင်း 9.11.2012


ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးနှင့် ပတ်သတ်သောအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်နှင့် ဦးအုန်းကြိုင် (ဒီချုပ်) တို့မှ ထောက်ခံဆွေးနွေးခဲ့ပြီးပညာရေး ဒုဝန်ကြီးမှ ပြန်လည် ရှင်းလင်းပြောကြားနေပြီဖြစ်သည်။(ပုံ။အရေးကြီးအဆို မတင်သွင်းမီ နံနက်ပိုင်းကကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားနေသောဝန်ကြီးအား ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်)



ဒေါ်အောင်ဆန်းစုကြည်၏ အဆိုမှာ "ရန်ကုန် ၀ိဇ္ဇာ-သိပံ္ပတက္ကသိုလ်အား ပြုပြင်မွမ်းမံပြီး သင်ထောက်ကူ
ပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာပညာများ၌ ခေတ်မီတက္ကသိုလ်
တစ်ခု ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာရပ်
ဆိုင်ရာကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့်
ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းပေးပါရန် ပြည်ထောင်စုအစိုးရကို
တိုက်တွန်းကြောင်း"

အဆို ဖြစ်ပြီးပြည့်သူ့လွှတ်တော်ဥက္ကဌ က ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်တို့အား ချက်ချင်းဆွေးနွေးစေပြီး ဆွေးနွေးသည့် ကိုယ်စားလှယ် နှစ်ဦးမှ လည်း ယခင် တက္ကသိုလ် ၏ အနေ နှင့် စပ်လျဉ်း၍ပြောကြားထောက်ခံခဲ့ကြသည်။ယခု အခါ ပညာရေးဒုဝန်ကြီး ဦးဘရွှေက ပြန်လည်ရှင်းလင်းရာတွင် ရန်ကုန်တက္ကသိုလ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ၊ရေရှည် ရေတို စီမံကိန်းများကို အကျယ်တ၀ံ့ ဖြေကြားနေကြောင်းသိရသည်။(ဆက်လက်ဖော်ပြပါမည်။)


ပေါ်ပျူလာဂျာနယ်။

No comments:

Post a Comment