Friday 9 November 2012

“မီဒီယာခရိုနီ ဒေါက်တာသန်းထွဋ်အောင်ဆီက အံကျလာတဲ့ စကား”



“လွန်ခဲ့တဲ့ နှစ်လကပဲ ပြန်ကြားရေးဝန်ကြီးက ပုဂ္ဂလိက သတင်းစာကို နှစ်ဆန်းမှာ ခွင့်ပြုသွားမယ်လို့ပြောတာကို တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ သိထားတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားက ရှင

်းရှင်းလင်းမရှိဘူး။ မရိုးသားဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ ထိန်းချုပ်တာဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးဖို့ စိတ်ကူးမရှိတာဖြစ်ပါ တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့စိတ်ကူးမရှိတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့စိတ်ကူးမရှိတာပဲဖြစ်ပါတယ်။ (KIO နဲ့ ဆွေးနွေးပွဲမှာလည်း ဒီမေး ခွန်းပဲမေးခံရမှာပါ) ဒီနှစ်ချက် အခြေခံမရှိဘူးဆိုရင် တိုင်းပြည်ဟာ နောက်ပြန်သွားလိမ့်မယ်။ ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ မရနိုင်ဘူး။ အစိုးရကိုလည်း ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ဘူး။”

“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။

စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”

ဒေါက်တာသန်းထွဋ်အောင် Eleven Media Group

No comments:

Post a Comment