Saturday 10 November 2012

ရင်တွင်းဖြစ် ဒိုင်ယာရီ


လောကမှာ ရိုမီရိုနဲ့ ဂျူးလီယက်က အချစ်တွေကိုသရုပ်ဖော်ခဲ့သလာ
အာဒန်နဲ့ ဧ၀ ရှေးကစလို့  ဖော်ကျူးထားသလေရော့လား
မိုးတိမ်တွေမှာ ကြားခံနယ်ရဲ့ အနှစ်သာရကဘာလဲ ကြည်လဲ့လဲ့ ကောင်းကင်နုပျိုနေရအောင် ဖန်တီးရှင်က ဘယ်သူတွေလဲ။


ဖေ့ဘုတ်မှာ အကြင်နာမပါတော့ဘူး။ဗွီဒီယို မှာ ဖလင်ကနထ္ထိ ကွန်ပျူတာ တွေမှာfloppy ဒစ်ကမရှိ။ လူတွေက သစ္စာတရားကမသိ။ အော်.....စကားလုံးတွေမှာ အမှန်မပါတော့ဘူး။ဒါတွေဟာ စနစ်ဆိုးကြောင့်လား ?
ရွှေကြာပန်းက ရေကန်ကိုသာ အလှဆင်တယ် မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ် လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ်၊အဲဒါကို ခံစားတတ်ရမယ်။ယူတတ်ရင် ရမယ်။
နေပြည်တော်ကြီး ၂၄ နာရီ မီးလာဖို့ အတွက် ကိုကိုလူဆိုးပေါက်သင်ညို အရောင်ပြောင်းတဲ့ ဦးပိုင်ကို သတိရလို့ ကျတဲ့ ပြည်သူ့ တွေရဲ့  မျက်ရည်ကို ဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်ပေးရမှာလား"သေလိုက်လေ

တစ်ခါသတိရတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင်ဆေးရုံပေါ်ကကိုခင်မောင်တိုးကြီးဟာ စင်မြင့်ထက်မှာ လောကကြီးကို တိုင်းရင်သားလေးတွေခြံရံပြီး လောကကိုအလှတရားတွေဆင်ပြီး တေးသီချင်းသီကြူနေအုံးမှာပါ သေချာပါတယ် …

အားနာတယ်လည်း.. ပြောဖို့မလိုပါဘူး ရဲရဲရေးလိုက်ပါ အပြုံး လေးနဲ့ စပြီး အမုန်းလေးတွေကွန်မန့် တွေနဲ့ ထုံးစံတွေကိုဖယ် ဒေါ်လာတွေကိုင်ကာဒုံးပျံတွေ ၀ယ်စီးတဲ့တစ်နေ့ မက်လုံးတွေသယ်ပြီး.နေပြည်တော်အထိ ကြီးပွားဖို့ အတွက် စီးပွားရေးတွေလာပေးအုံးမယ့် အိုဘားမားကြီးကို ဆီးကြိုဖို့ အသင့်ပြင်မှတ်ထား လိုက် ….2015 ဆိုတာ မဝေးတော့ပါဘူး ဘယ်လဲ ငေးမနေနဲ့  ပြေးတွေ့ လိုက်..ဆီးကြိုလိုက်ပါ

အားလုံးကချစ်တဲ့ စုမေမေရဲ့ ဆန်းပြားတဲ့ကံတရားက ပြည်သူနဲ့ နီးရမယ်လို့ မျှော်လင့်ချက်ရခဲ့ရင်လည်း..မြင့်မြတ်တဲ့သူတွေဗမာပြည်သားတွေမှာအတွက်..၀မ်းသာစွာ နေခဲ့ပါ့မယ်...အဖြူရောင်အသဲနှလုံးပိုင်ရှင်ချစ်အမေအတွက် ပြည်သူရဲ့  ချစ်ခြင်းက ပိုင်ဆိုင်ဖို့အတွက်လဲ နေပြည်တော်မှာအမေစု က ယခင် အနှစ် နှစ်ဆယ်ပညာရေးနှင့် ယခု ပညာရေးအကြောင်းတစေ့တကြောင်းကို အဖော်ပြုကာ အဲဒီအဆိုကိုတိုင်းပြည်ကောင်းစားဖို့ အတွက် ရည်ရွယ်ပြီးတင်သွင်းခဲ့တာ ပူပူနွေးနွေးနဲ့  ခပ်ပါးပါးလေး ပညာပေးခဲ့တာ ဗီတိုအာဏာသုံးပြီး ပယ်ချရဲလို့ လား………

ဘ၀ဆက်တိုင်း..... ဘာစီလိုနာက ဘောလုံး သမား...မဖြစ်ချင်ဘူး ဗျာ အသက်ကြီးသွားလို့ ..... မြန်မာပြည်ကမှာ မင်းသား နေပြည်တော်မှာ ဘာတဲ့လဲ ... ဂျပန်မှာ ယာကူဇာ... လူမိုက် ၊၊ ယူအက်စ်မှာ မာဖီးယား... လွှတ်တော်ထဲက မေတ္တာတုံးဘင်္ဂါ လီအမတ်မေတ္တာတုံးကြောင့် လေကကြီးမှာ အဖြေကမထွက် အနေရခက်နေတာကောသိရဲ့ လား ???

အပေါဆုံးကတော့ အကြွေး စနစ်၊ မွေးရာပါအားနည်းချက်ကဒီမိုကရေစီမရှိလို့ပဲ။ စိတ်ညစ်ရတဲ့အထဲမှာ Face Book မလုပ်တတ်တာလည်းတာလည်းပါတယ်။ လောကကြီးမှာ အမေစုအတွက် ဘာရေးရေး ဘာလုပ်လုပ်ရေးနေတော့ နေရတာတောင် ပျင်းလာမိမှာအမှန်ပါဘဲဗျာ...။ ။
ကိုထွန်းဝေ
10.11.2012
ကျနော်အရမ်းလေးစားတဲ့ အမေစုပုံလေးနဲ့ တင်လိုက်မိရေးလိုက်မိပါတယ်

No comments:

Post a Comment