Thursday 8 November 2012

MSDN အတွက် ရေရှည် ဖွံ့ဖြိုးရေးအလှူရှင်များ ဖိတ်ခေါ်


2 hours ago

ဒီလို နယ်လှည့် စာကြည့်တိုက် ကားမျိုးက ကျနော်တို့ နဲ့ အလွန်ကို အဆင်ပြေပါတယ်။ အလွန်ကို အသုံးဝင်နိုင်မယ့် အစီအစဉ်လည်း ဖြစ်နိုင်ပါတယ်။ နယ်လှည့် အခမဲ့ ကွန်ပျူတာ အခြေခံ နဲ့ အင်တာနက် အသုံးပြုနည်း သင်တန်းတွေ ဝေးလံခေါင်ဖျား ကျေးလက် ရွာများမှာ အခမဲ့
သင်ကြား ဖို့ဖွင့်လှစ်တဲ့ အခါမျိုးမှာ သင်တန်းကာလ ဖြစ်တဲ့ ဆယ်ရက် တပတ် အတွင်း ဒီဒေသ ကျေးရွာက လူငယ်တွေကို ကွန်ပျူတာ ပညာ သင်ကြားပေးနေတုန်း သင်တန်း မတက်ရောက်နိုင်သူေ
ကျးရွာသူရွာသား သက်ကြီး ကလေးငယ်တွေက စာအုပ်တွေကို တပတ်တာ ငှားရမ်း ဖတ်ရှုခွင့် ရအောင် စီစဉ်ပေးနိုင်ထား နိုင်ပါမယ် ။ သင်တန်းလည်း ပြီးသွားချိန် လူအတော်များများလည်း စာပေ ဗဟုသုတတွေ ရ ကျန်နေခဲ့မယ်။

ဂျပန် နိုင်ငံကနေ ကားကို ပေးပို့လှူဒါန်းလာမယ်ဆိုရင် ပြည်တွင်းက အခွန်အခ တွေ ထုတ်ယူ စရိတ်တွေကို မိမိတို့ကွန်ရက်က ကြိုးစားရှာဖွေ ထုတ်ယူပါမယ်။ ပြည်သူလူထု အထူးသဖြင့် ခေါင်ဖျားဝေးလံတဲ့ ဒေသတွေ အတွက် အကျိုးပြု လုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်သွားမယ့် MSDN အတွက် ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အတွက် မရှိမဖြစ် လိုအပ်လာမယ့် ဒီလို လုပ်ဆောင်ချက်မျိုး အတွက် မွန်မြတ်သော အလှူရှင်များ ဖိတ်ခေါ်ပါတယ်။ ရိုးသားစွာနဲ့ တိုင်းပြည်ကို အကျိုးရှိတဲ့ လုပ်ဆောင်ချက်များမှာသာ အသုံးပြုမှာဖြစ်တဲ့ အကြောင်း ကျနော် နေမျိုးဇင် တာဝန်ယူပါတယ်။
တနေ့နေ့တော့ ဖြစ်လာလိမ့်မယ် လို့ ထင်ပါတယ်။

လောလောဆယ်တော့ ဘတ်စ်ကားတွေနဲ့ ခရီးဆက်ပြီး နယ်လှည့် အခမဲ့ ကွန်ပျူတာ အခြေခံ သင်တန်း ခြောက်ခုမြောက်ကို ကျောက်ပန်းတောင်း မြို့နယ် တောင်ဦး ကျေးရွာမှာ ဖွင့်လှစ်တော့မည် ဖြစ်ပါတယ်။

မိမိတို့ ကွန်ရက် လူငယ်များဟာ ကားကြုံ တတန်၊ ကြုံရာ လိုင်းကား တတန်နဲ့ အခုလို နယ်လှည့် အခမဲ့ သင်တန်းတွေကို လိုက်လံ ပို့ချပေးနေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment