Thursday 8 November 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်တွင်းစကား

ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်တွင်းစကား
*****************************


ဖေ့ဘုတ်နှင့်မီဒီယာတွေ တို့ မီးရှို့ မီးမလုပ်ကြပါနဲ့ 

အမေ မှန်မှန် မှားမှား
ပြည်သူတစ်ယောက်အနေနဲ့  ရေးချမိပါတယ်

အမေစု က တော်တော် မယ်တော်တွေက ကဲဆိုသလို
တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ လွမ်းအောင်လဲမချွဲပြခဲ့ဘူး
အမေ ယုံအောင်လဲ မပြောပြခဲ့ဘူး
ပင်ကိုယ်ပကတိအတိုင်း အရှိကိုအရှိ အတိုင်း
မီဒီယာနဲ့ ကမ္ဘာကြီးပေါ်မှာ အမေ့သမိုင်းအမေရေးနေတယ်
ဒါဟာ ..မြန်မာပြည်အတွက်

အမေက တော်တော် ပါးရည်နပ်ရည်ရှိတဲ့ခေါင်းဆောင်ဖြစ်တယ်
အမေစိတ်ထားမြင့်မြတ်သူ ဖြစ်တယ်
့မြန်မာပြည်အတွက် ဘ၀ကိုရင်းနှီးမြှပ်နှံပေးဆပ်သူလည်းဖြစ်တယ်။
ဦးနှောက်စားတဲ့ ဒဏ်တွေကို အလူးအလဲခံရဘူးတယ်။
အားလုံးကိုသိအောင် ကြောက်စိတ်တွေကို အံတုနေသူပါ။

မုသားမသုံးဘူး အမေရဲ့ ဖြူစင်တဲ့ စိတ်ထား မြင်မြတ်တဲ့ရည်မှန်ချက်တွေက မြန်မာပြည်သူပြည်သားတွေအတွက်ဖြစ်တယ်။ လွှတ်ကနဲ ခရားထဲကရေကျသလို အလကားစကားမပြောတတ်ဘူး။

အမေစု ကအကြီးမားဆုံး တန်ပြန်ဖိအားတွေကို ကြံ့ကြံ့ခံနေရဆဲ ဖြစ်တယ်။
ပြည်သူအများ ကျေနပ်လောက်အောင် စာဖွဲပြီးပြောတာ မရှိသေးဘူး။
အမေစုက ပြည်သူများအတွက် သကာရည်လျက်ပြီးနိုင်ငံရေးလုပ်တဲ့ခေါင်းဆောင်မဟုတ်။ပူပြင်းတဲ့ ငရဲမီး အက်စစ်ကို နိုင်ငံရေးမှာ ရောမွှေပြီး အကြိမ်ကြိမ် မြည်းနေရတဲ့ မြန်မာအမျိုးသားတို့ ရဲ့  လမ်းပြကြယ် မဟာခေါင်းဆောင် ဆိုတဲ့ ငြိမ်းချမ်းရေးမာတာမိခင်ပါ။ ဗမာပြည်နိုင်ငံရေးမှာ ကိုယ်ရည်သွေးလဲမပြောဘူး စီးပွားလဲမရှာဘူး။
သီလ၊သမာဓိ၊ပညာ၊ ကိုယ်ကျင်တရား ခိုင်မြဲတဲ့ အားလုံးရဲ့ အမေပါ။ ရခိုင်အကြောင်းမပြောတော့တစ်မျိုး ပြောတော့ တကွက် အပြစ်မရှာကြပါနဲ့ .။
တို့ မီးရှို့ မီးတွေ ရေးတာ ဖြန့်တာ ရှောင်ကြဖို့  လက်ချင်းချိတ်ထားဖို့ ရေးသားရင်း ပြည့်စုံလွန်းတဲ့ ခန္တီ မေတ္တာ ပါရမီ ရှင် လူထုခေါင်းဆောင် အမေအား မှန်းဆတမ်းတလို့  ရေးလိုက်မိပါတယ်။

ကိုထွန်းဝေ
8.11.2012
ဝိုင်းရှယ်ပေးဖို့ လေးစားစွာ တောင်းခံအပ်ပါတယ်။

No comments:

Post a Comment