Thursday 8 November 2012

စစ်တကောင်း ဘင်္ဂါလီ အရေးကို ပေါ့သေးသေး တွေးလို့ မရတော့ဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေခံနေပါပီ.....



ဘူးသီးတောင်၊ မောင်းတောက ဇွန်လမှ ဆန္ဒပြခဲ့တဲ့ ကိစ္စတွေဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့နဲ့ မဆိုင်ပါဘူးလို့ BBC အပါအ၀င် အနောက်မီဒီယာတွေ တွင်တွင်အော်ခဲ့ကြပါတယ်..... အဲ့ဒိအချိန်က သက်ဆိုင်သူတွေကို အစိုးရက ဖမ်းဆီးအရေးယူချိန်မှာ အပြစ်မဲ့သူတွေကို ဖမ်းဆီးတယ်လို့ အသံတွေ ထွက်လာခဲ့ပါတယ်.....

ယခုလတ်တလောမှာပဲ မောင်းတောမှာ အဖမ်းခံသွားရတဲ့
တပ်ကြပ်တစ်ယောက်အပါအ၀င် အားလုံးပေါင်း သုံးယောက်ဟာ ဒီ အစ္စလာမ်မစ် စစ်သွေးကြွ RSO ရဲ့ လက်ထဲမှာ ရောက်ရှိလို့ နေပါတယ်..... အခုနောက်ဆုံး သိရတဲ့ သတင်းအရ အဆိုပါ အကြမ်းဖက်အဖွဲ့ဟာ အဆိုပါသုံးယောက်ကို ပြန်ပေးဆွဲပီး ပြီးခဲ့တဲ့ ဇွန်လ အရေးအခင်းမှာ အဓိက တရားခံ လက်သည်ဖြစ်တဲ့ နူရ်လောက်(ခ) ဒေါက်တာထွန်းအောင် နဲ့ အလဲအလှယ်လုပ်ဖို့ တောင်းဆိုလာတာကို တွေ့ရပါတယ်....

ဒါဟာ RSO အဖွဲ့အနေနဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်ကို သက်သေပြလိုက်တာ ဖြစ်ပြီး၊ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ထုံးစံအတိုင်း လူသတ်၊ ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ အစပျိုးလာတာ ဖြစ်ပါတယ်.... နောက်လဲ ဒီထက်မက ဆိုးရွားတဲ့ လုပ်ရပ်တွေ အစပြုလာမှာ ဖြစ်ပါတယ်..... တဖြည်းဖြည်းနဲ့ အနောက်ဘက် ရခိုင်ဒေသ အရေးဟာ ထိုင်းနိုင်ငံ တောင်ပိုင်းလို၊ ဖိလစ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမဖြစ်ခင်က ပဠိပက္ခပုံသဏ္ဍန် အပြည့်အ၀ ပုံပေါ်လာပါပီ.....

စစ်တကောင်း ဘင်္ဂါလီ အရေးကိစ္စကို လူ့အခွင့်အရေးအဖြစ် ရှုမြင်သူများအနေနဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှုကို ခွဲခြားမြင်သင့်ပီလို့ တိုက်တွန်းချင်ပါတယ်..... ရခိုင် ပြည်သူ ပြည်သားတွေ ကျီးလန့်စာစားမနေရအောင် နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူပေးပါလို့ပဲ နိုင်ငံသား တစ်ယောက် အနေနဲ့ တောင်းဆိုလိုပါတယ်....

No comments:

Post a Comment