Saturday, 29 June 2013

ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ မလေးရှားကနေ ဆက်လက်ရောက်ရှိ


ဇွန်လ ၂၉ ရက် ၂၀၁၃

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမယ်လို့ သိရပါတယ်။

ဒီကူညီမှုနဲ့ ပတ်သက်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးရဲမျိုးဟိန်းက RFA ကို အခုလို ပြောပါတယ်။

"အခု ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရတဲ့လူ ၁၇၂ ယောက်ရယ်၊

facebook ဆိုတာကို သူငယ်ချင်းတို့  ဘယ်လို့  ခံယူချက်နဲ့  အသုံးပြုနေကြပါသလဲ



facebook ကို သုံးတော့မယ် ဆိုရင် ကွန်နက်ရှင်မကောင်းရင် အရင်ဆုံး စိတ်တိုမယ် ပြီးနောက် အပြင်မှာ ထုတ်ဖော်ပြီးမဆဲတောင် စိတ်ထဲမှာတော့
မေတ္တာ ပို့ နေကြပြီး သူများနိုင်ငံတွေမှာတော့ အဲ့လို့ အဖြစ်မျိုး အရမ်းနည်းပါတယ် ကျွန်တော်တို့ ရဲ့ တခုထဲသော မြန်မာနိုင်ငံကြီးသာလျှင့်
အခုလို့  ဖြစ်မြဲ့မို့  မေတ္တာပို့ နေရခြင်း

ဘယ်ပန်းချီ ရေးလို့မမှီ..ခဲ့ပြီ ..။



အခုလေးတင်ပဲ လမ်းလျှောက်အ
ပြန်မှာ ထူထပ်မဲမှောင်နေတဲ့ တိမ်
တောင်နဲ့ ညိုနက်နက် ကန်ရေပြင်
အကြား လင်းလက်တောက်ပနေ
တဲ့ Zom Thoung ဘုရားကုန်း
တန်းရဲ့ နတ်ပန်းချီအလှကိုရှုကြည့်
ခံစားလှည့်ပါ ..အို...ချစ်ဆွေ.

Sai Zaw Minပေးပို့ ထားပါတယ်။

ပြန်လည်မျှဝေပါတယ်။
29.6.2013

အလွတ်ပြောနေတယ် နှစ်ခါ နားထောင်လေ



British Council ကြီးမှုးကျင်းပတဲ့ Empowering Higher Education ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ယနေ့နံနက် ၉နာရီ ၃၀မိနစ်က
British Councilမှ ကြီးမှုးကျင်းပတဲ့ Empowering Higher Education ဆွေးနွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်မှုဆေင်အဖွဲ့ဝင်များ ဖြစ်သော ဦးဟန်သာမြင့် ၊ ပညာရေးကွန်ယက် မှ ဒေါက်တာသိန်းလွင် ၊ ပညာရေးဌာနမှ ဒေါက်တာမျိုးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ နိုင်ငံတကာမှ ပညာရှင်များ ပြည်တွင်းပညာရှင်များ ၊ NGO များ တက်ရောက်ကြသည်။ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်အမှာစကားပြောကြားခဲ့သည် လည်းကောင်းပညာရေးဆွေးနွေးပွဲကို ၂ ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

popular
ပြန်လည်မျှဝေပါတယ်
29.6.2013

ပဲရစ်ဟီလ်တန်ရဲ့ တွစ်တာမှာ Followers ၁၀ သန်းကျော်ရှိ



Saturday, June 29, 2013

ကမ္ဘာကျော် အနုပညာရှင်လည်းဖြစ် သန်းကြွယ်မလေးလည်းဖြစ်တဲ့ ပဲရစ် ဟီလ်တန် ( Paris Hilton) ဟာ တွစ်တာလို့ ခေါ်တဲ့ လူမှု ကွန်ရက်အင်တာနက် ( Twitter ) ကို ထိပ်တန်း အသုံးပြုသူ တဦးပါ။


နာမည်ကြီးသူလည်းဖြစ်တာနဲ့အညီ ပဲရစ်ဟီလ်တန်ရဲ့ တွစ်တာမှာ Followers စုစုပေါင်း ၁၀ သန်းကျော် ရှိပါတယ်။

သူဟာ တွစ်တာမှာ အကြောင်းအရာပေါင်း ၁ သောင်းခွဲကို တွိ ( Tweet) လုပ်ခဲ့ပြီးဖြစ်သူ Following လုပ်ထားတာ ၅၁၃၁ ဦး ရှိပါတယ်။

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း





ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။
အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။

Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။
ဒါဟာ တွစ်တာရဲ့ Vine Video Platform ကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါပဲ။

လူသား ဖေ့ (စ) ဘုတ် လူသား



ဘကျော် (မကွေး)

ဇွန် ၂၉၊ ၂၀၁၃
မနက်စောစောအိပ်ယာထလို့
မင်္ဂလာပါ ဖေ့(စ)ဘုတ်ကြီးလို့
စတင်မိတ်ဆက်လိုက်တဲ့အချိန်–
ဖေ့(စ)ဘုတ်ကပဲ မိတ်ဆွေတွေတိုပွားလာခဲ့
ဖေ့(စ)ဘုတ်ကပဲ ရန်သူတွေများပြားလာခဲ့
ဖေ့(စ)ဘုတ်ကပဲ အသိတွေရှိစေခဲ့တယ်
ဖေ့(စ)ဘုတ်ကပဲ အမှားတွေကျူးလွန်ခဲ့ပေါ့
ဖေ့(စ)ဘုတ်ကပဲ လုပ်ငန်းတွေ ဖြစ်ပေါ်ခဲ့တယ်
ဖေ့(စ)ဘုတ်ကပဲ အရာရာကိုဆုံးရှုံးစေခဲ့
ဖေ့(စ)ဘုတ်ကပဲ တရားဓမ္မတွေ ကြားနာခဲ့ပေါ့
ဖေ့(စ)ဘုတ်ကပဲ ဘာသာမဲ့အောင်ဖြစ်စေခဲ့
ဖေ့(စ)ဘုတ်ကပဲ တွေးခေါ်မျော်မြင်မှုတွေပေးဆပ်ခဲ့
ဖေ့(စ)ဘုတ်ကပဲ ဆုံးဖြတ်ချက်အမှားတွေ ချမှတ်ထားခဲ့
မျက်စိကိုမှိတ်
အိပ်ပျော်ဖို့အချိန်
လျှပ်စစ်မီးပျက်
အင်တာနက်ကွန်နက်ရှင်ပျောက်ဆုံးမှ
ငါ့နှလုံးသားက
အေးစက်မာကျောနေခဲ့ …. ။

မူရင်း မိုးမခ

သီတဂူဆရာတော်ကြီး ပြောတဲ့ လေးချောင်းထောက်



-ကုလသမဂ္ဂကို သွားတော့ ကုလားထိုင်တစ်လုံး တစ်ချောင်းကျိုးနေတယ်..အဲဒါကို တွေ့ခဲ့တယ်...ဘာကို ပြောသလဲဆိုတော့ ညီညွတ်ရေးပဲ..ညီညွတ်မှ ကမ္ဘာကြီးငြိမ်းချမ်းမယ်...

-မြန်မာနိုင်ငံမှာလည်း လေးချောင်းထောက် ခိုင်ဖို့လိုတယ်...အဲဒီ လေးချောင်းထောက်က-
၁)သံဃာ့မဟာနာယကအဖွဲ့
၂)အခုဖွဲ့မယ့် သံဃာအဖွဲ့
၃)နိုင်ငံတော်အစိုးရ
၎)ပြည်သူ ပဲ။

အမျိုးစောင့်ဥပဒေညီလာခံ၌ ဆရာတော်ကြီးများ သြ၀ါဒ အကျဉ်းချုပ်


၁။ မလုပ်နိုင်ပဲ တာဝန်မယူခြင်ဘူး၊ ဒါတပည့်တော် ၀ါဒပဲ။
၂။ ဗုဒ္ဓဘာသာအမျိုးသ္မီးများ အနှိပ်စက်ခံ အလှည့်စားခံဘ၀ ရောက်နေကြတယ်၊ ဒီဥပဒေကို မထောက်ခံခြင်တဲ့သူတွေဟာ ကိုယ်ချင်းစာတရား မရှိကြလို့ ဖြစ်မယ်(ဘာသာခြား)၊ ဒါမှမဟုတ် ထွက်ခြင်တိုင်းထွက် ၀င်ခြင်တိုင်းဝင်ခြင်လို့ဖြစ်မယ်(ဘာသာတူ)။

၃။ ဘာသာ၎မျိုးလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ အိမ်လေးအိမ်ရှိတဲ့ ရွာနဲ့တူတယ်၊ တခြား(ဘာသာ)အိမ်၃လုံးမှာတော့ (ဥပဒေ)ခြံခတ်ထားတယ်၊ (ဗုဒ္ဓဘာသာ) အိမ်တအိမ်ပဲ ခြံမခတ်ရသေးတာ၊ ဒီတော့ လုံခြုံမှုမရှိတော့ဘူး၊ အန္တရာယ်တွေ ၀င်လာပြီပေါ့။

၎။ မီးခဲသေးသေးလေးဖြစ်ပေမဲ့ လေနဲ့တွေ့ရင် အိမ်တွေ ရွာတွေ မြို့တွေ ပျက်စီးအောင် လောင်နိုင်တယ်၊ ထို့အတူ ကိစ္စသေးသေးလေးဖြစ်ပေမဲ့ မီဒီယာလေ နိုင်ငံရေးလေ အတိုက်ခံလိုက်ရရင် ရခိုင်လို မိတ္ထီလာလို အများစိတ်ထိခိုက်စရာ ဖြစ်သွားတတ်တယ်။

၅။ ဘယ်ကိစ္စမဆို အစွန်းမရောက်ပဲ အလယ်အလတ်လမ်းစဉ် လိုက်မှ အောင်မြင်မယ်၊ ဂျိုပေါက်တဲ့နွားလို အစွယ်ထက်တဲ့တောဝက်လို မာနခံနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လဲ အများမုန်းပြီး မအောင်မြင်တတ်ဘူး၊ ခြေသုတ်ပုဆိုးလို အဆွယ်ကျိုးတဲ့မြွေလို သူများအောက်ကကြီးပဲနေပြီး ဇာတိမာန်စသည်ပျောက်ကာ သိုးငယ်လေးလို ကြောက်လန့်ထိပ်ရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံရတတ်တယ်၊ မအောင်မြင်နိုင်ဘူး၊ ဘယ်အရာမဆို မလျှော့မတင်း အလယ်အလတ်လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်တန်းတန်းကျင့်မှ အောင်မြင်ပြီး ကောင်းကျိုးအမျိုးမျိုးရမယ်။
၆။ သာသနာမှာ ၂ပိုင်းခွဲထားရမယ်၊ ပရိယတ်ပဋိပတ်ကို စွမ်းစွမ်းတမံ လုပ်နေသူက တပိုင်း၊ သူတို့ဟာ ဘုရားတရားကိုကျင့်ကြံနေသူတွေဖြစ်လို့ ဘုရားနဲ့တူတယ်၊ သူတို့ကို လောကအကျိုးမလုပ်ဘူးလို့ အပြစ်မဆိုသာဘူး၊ နောက်တပိုင်းက ပရိယတ်ပဋိပတ်ကို ထင်သလိုမလုပ်နိုင်သူတွေအနေနဲ့ လောကအကျိုးကို ဓမ္မ၀ိနယနဲ့အညီ ကြိုးစားပြီးလုပ်ရမယ်၊ သာသနာဝန်ကို တနည်းနည်းနဲ့ ထမ်းရမယ်၊ သာသနာကို ခိုမစီးရဘူး။
၇။ သာသနာမှာ အတွင်းရန် အပြင်ရန် ၂မျိုးလုံးကို သတိထားရမယ်၊ အသားထဲကလောက်ထွက်သူတွေ နဲ့ အတုအယောင်တွေဟာ သာသနာတွင်းက ရန်သူတွေပဲ၊ ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဘာသာခြားတွေ အယူဝါဒမတူတွေဟာ အပြင်ရန်ပဲ။ (ဟင်္သာတ မိုးကောင်းဆရာတော်)

၈။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာရောက်မယ်၊ မျက်ကွယ်ပြုရာ ရောက်မယ်။
၉။ ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စတွေလုပ်ခဲ့တယ်၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရားဟောပေးခဲ့တယ်၊ လောကငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံနည်းလမ်း ဆင်းရဲသူနဲ့တွေ့ရင် သနားရမဲ့နည်းလမ်း ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမဲ့နည်းလမ်း အများနဲ့ဆက်ဆံတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံပုံနည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေးမတည်ငြိမ်ကြတော့ လင့်ကျင့်ဝတ်မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊ အတွင်းကျကျပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ရွက်ဖို့ မိန့်မှာခဲ့တယ်။
၁၀။ အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်ခန်းနဲ့ပတ်သက်လို့ ရှေးခောတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းဘကီးတွေက ခေါင်းဆောင်ခဲ့တယ်၊ ပုဂံခောတ်မှာ အရျင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မ၀ိလာသိနီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။
၁၁။ ဘာသာအားလုံးနဲ့ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေပါဝင်လို့ ပိုအောင်မြင်နေတယ်။
၁၂။ ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကိုကျော်ရင်တော့ ၇န်များတယ်။
၁၃။ ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်းမထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စိးအောင် လုပ်နေတာပဲ။
၁၄။ လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန်ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။ (အင်းစိန်ရွာမဆရာတော်)

၁၅။ လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
၁၆။ ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။ (ရွှေတောင်ကုန်းဆရာတော်)

၁၇။ဝိုင် အမ် ဘီ အေ အသင်ကြီးမှာ ဆရာတော်တွေဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ ပညာ ကဏ္ဍကြီး၎ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊ အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။
၁၈။ အောင်မြင်ခြင်ရင် ဦးတည်ချက်တခုထဲထား အောင်စိတ်မွေး။
၁၉။ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်လူမျိုးတွေဟာ အမျိုးကိုထိမ်းနိုင်ကြလို့ ခုထိ ရှိပေမဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်းလျှမ်းတောက်ထင်ရှားခဲ့တဲ့ ပျူလူမျိုး ခု ရှာမရတော့ဘူး။
၂၀။ သင်ရုံလေးနဲ့ မပီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့ သံဃာ၁သောင်းကျော် ပညာသင်ကြားပေးတဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။ (တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)

၂၁။ သီးခံခြင်း ခွင့်လွှတ်ခြင်းထားကြပါ၊ မထားနိုင်ရင် လမ်းဆုံးမရောက်နိုင်ဘူး၊ ကိုယ့်လုပ်ငန်းအနှောက်အယှက်ဖြစ်နိုင်တယ်။
၂၂။ သီးခံရမယ်ဆိုပေမဲ့လဲ ဒီနေရာမှာဖြစ်တဲ့ကိစ္စ ဒီနေရာမှာ ပြီးအောင်ရှင်း၊ ကဲ့ရဲ့လာရင် မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်၊ မှန်နေရင်လဲ ၀န်ခံရဲရမယ်။
၂၃။ ဘုရားတောင်မှ ရာဇဂြိုဟ်မှာရော ကောသမ္ဘီမှာရော မကောင်းမြင်သူတွေရဲ့ အတိုက်ခိုက် ခံရဖူးတယ်၊ ရာဇဂြိုဟ်မှာတော့ ဘုရင်အကူအညီရတော့ ပြဿနာ အကြီးအကျယ် မဖြစ်ဘူး၊ ကောသမ္ဘီမှာတော့ ဘုရင်က မိန်းမဘက်ပါပြီး ဘုရားကို ဂရုမစိုက်တော့ အကြီးအကျယ် ဒုက္ခကြုံရတယ်။
၂၄။ ဧည့်သည်ကလဲ ကိစ္စသေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး အိမ်ရှင်ရဲ့အိမ်ကို မဖျက်စီးရဘူး၊ အိမ်ရှင်ကလဲ တခုခုဖြစ်လာရင် မှန်မှန်ကန်ကန်ဖြေရှင်းတတ်ရမယ်။
၂၅။ အင်အားသေးတယ်ဆိုပြီး အထင်မသေးနဲ့၊ ကိုယ့်ကို စိတ်ဆွနေ ၇န်စနေရင် တည်တည်ငြိမ်းငြိမ်နဲ့ တုန့်ပြန်ရမယ်၊ ဒေါသကိုလွှတ်ပြီး Overspeed နဲ့ တုန့်ပြန်ရင် အင်အားကြီးတယ်ဆိုပေမဲ့ ထောင်ချောက်ထဲဝင်ပြီး ဘ၀ပျက်တတ်တယ်။
၂၆။ ပြဿနာဖြစ်လာရင် အပေါ်ယံတင် မကြည့်ပဲ ပြဿနာရဲ့ ဇစ်မြစ်ထိ ကြည့်တတ်ရတယ်၊ နောက်ကွယ်က အကြောင်းအရာထိ မကြည့်နိုင်ရင် အဖြေမှန်မပေါ်ပဲ တလွဲဖြစ်သွားတတ်တယ်။
၂၇။ သံဃာတွေဟာ ဘယ်ကိစ္စနဲ့ကြုံကြုံ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေရမယ်၊ လူ့အသိုင်းအ၀ိုင်းက ဆူပူနေရင်လဲ ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ Peacemaker ဖြစ်ရမယ်၊ ဆူပူအောင် မလုပ်ရဘူး။

(သီတဂူဆရာတော်)
ကိုထွန်းဝေ
ပြန်လည်မျှဝေပေးပါတယ်.။
29.6.2013


မြစ်ဆုံစီမံကိန်း ဆိုင်းငံရုံသာဖြစ်ပြီး ဆက်လုပ်ဖို့ အစိုးရဘယ်လိုသဘော တူထားလဲဆိုတာ အစိုးရကို အရင်မေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




ဒေါ်အောင်ဆန်းစုကြည်မှ

အဲဒီဟာက အစကတည်းက အန်တီပြောတယ်၊ ရပ်လိုက်တယ်ဆိုတာ၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ (၅)နှစ်၊ ဘယ်လိုစာချုပ်တွေချုပ်ချုပ် ဘယ်လိုသဘောတူညီမှုတွေ ယူထားမှန်းကို မသိဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး။

အဲဒီတော့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စပေါ်မှာ အန်တီတို့အနေနဲ့ မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။

အဲဒါလည်း အစိုးရကို မေးရမှာ၊ ဘယ်လိုသဘောတူညီချက်တွေရှိတယ်၊ ဘယ်လိုအချက်အလက်တွေနဲ့ ဒီဟာကို သဘောတူညီမှုယူထားတာလဲ၊

ဒီဟာကို ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ၊ ဆိုင်းငံ့တာ ဆိုင်းငံ့တာပဲ၊ နောင်ဘယ်လိုအစီအစဉ်ရှိလဲ၊ ဆိုင်းငံ့လိုက်တဲ့ အစိုးရကိုမေးရမှာ။

ဟု ဖြေကြားခဲ့ပါသည်။

DVB News ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းလျှောက်အင်တာဗျုး မှ ကောက်နှုတ်ဖေါ်ပြပါသည်။

Friday, 28 June 2013

အင်းစိန်သံဃာ့ညီလာခံမှာ သံဃာတော်တို့ တညီတညွတ်တည်း ရပ်တည်


အင်းစိန်သံဃာ့ညီလာခံမှာ သံဃာတော်တို့ တညီတညွတ်တည်း ရပ်တည်
အရှင်ဥာဏိဿရက အမျိုး၊ ဘာသာ၊ သာသနာနှင့် ညီညွတ်ရေး တရားဟော
မိုးမခရုပ်သံကောက်နုတ်ချက်၊ ဇွန် ၂၈၊ ၂၀၁၃
        ယမန်နေ့က ကျင်းပသည့် အင်းစိန်သံဃာ့ညီလာခံတွင် အဖျက်အမှောင့်များကို သတိဖြင့် ဆင်ခြင်သိရန်၊ အရှင်ဝီရသူနှင့်တကွ သံဃာတော်တို့က သီးခံကြရန်၊ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လုပ်ငန်းကို စနစ်တကျ ပြင်ဆင်တည်ဆောက်ကြရန်၊ ကမ္ဘာအပေါ်ကိုလည်း အမြင်ကျယ်ကျယ်ဖြင့် စောင့်ကြည့်ရန်၊ အားလုံးညီညွတ်ကြရန် စသည်ဖြင့် သြ၀ါဒမိန့်ကြားသွားသည်။
မြန်မာသံဃာတော်တို့သည် အချို့သောမီဒီယာများ၊ ပြင်ပအဖွဲ့အစည်းများနှင့် အချို့သောအင်အားစုတို့၏ ဝေဖန် ပြစ်တင်မှုများ၊ ကန့်ကွက်မှုများကို သံဃာ့ညီလာခံတွင် တစုတစည်းတည်း မကွဲမပြားဘဲ အတူတကွ ရင်ဆိုင်သွားသည်ကို တွေ့ရသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း


အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေသည် ဦးဝီရသူ ရေးဆွဲခြင်းမဟုတ်




Friday, June 28, 2013

အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ ဆရာတော်ကြီးများ၏ သြ၀ါဒစီစဉ်ဦးဆောင်မှုဖြင့် ဥပေဒေပညာရှင်များ ပူးပေါင်းရေးဆွဲထားကြောင်း ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာသော ဆရာတော်များက မိန့်ကြားခဲ့သည်။

ယင်းဥပဒေအား လွှတ်တော်တင်သည့်အခါတွင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို သိလိုကြောင်း အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီးက မိန့်သည်။

" ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။

ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်" ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင် ထည့်သွင်းမိန့်ကြားသွားသည်။

Popular Myanmar News Journal

တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်



ဇူလိုင်လ ၁ ရက်နေ့ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမှာ ရေးသားထားတဲ့ The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးကနေ ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ သံဃာတော်တွေ မြှောက်ပင့်ပေးလို့ ဖြစ်ရတာမဟုတ်သလို မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ လူငယ်တွေအပေါ်ကိုလည်း သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရက ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သံဃာ့ညီလာခံကို တက်ရောက်လာကြတဲ့ သံဃာတော်တွေနဲ့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ချုပ် ဆရာတော်တွေ ညီညွတ်ကြဖို့ သီတဂူဆရာတော်က တိုက်တွန်းခဲ့သလို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်ကြဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။

သမိုင်းဝင်တဲ့သာသနာတော်ကြီး အစည်းအဝေးမှတ်တမ်းတစ်ခု (ရုပ်သံ)


ယနေ့ ကျင်းပပြုလုပ်သောသံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ သို့  သြ၀ါဒပေးနေသည့်သံဃာ့ညီလာခံ အစည်းအဝေးတွင် တင်ပြလျှောက်ထားသော ဓမ္မဒူတ အရှင်ပညာဝရ(ဘ၀လမ်းခွဲ) ဆရာတော်၏ လျှောက်ထားချက် ကို ဖြန့် ဝေပေးပါတယ်။ မျိုးစောင့်ဥပဒေ မလိုအပ်ဘူးဆိုတာ ဗဟုသုတနည်းတဲ့အမျိုးသမီးတွေ အတွက်တော့ ချင်မှဟုတ်မယ်..။ ဗဟုသုတနည်းတဲ့ တောသူ တောင်သား မြန်မာတိုင်းရင်းသူတွေအမျိုးသမီးတွေအတွက် လိုအပ်လှပေသည်..။ ပညာတတ်အမျိုးသမီးတွေတောင် တခါတရံ လမ်းမှားကို လိုက်မိကြသေးတာပါ..။ မြန်မာပြည်မှာ ပညာတတ် မြို့ပြလူတန်းစား အမျိုးသမီးကများလား ဗဟုသုတနည်းတဲ့ တောသူတောင်သား အမျိုးသမီးကများလား ၊ ဗဟုသုတနည်းတဲ့ တောသူတောင်းသား မြန်မာတိုင်းရင်းသူတွေအတွက် မျိုးစောင့်ဥပဒေနဲ့ အကာအကွယ်ပေးပြီး လူနေမှုအဆင့်အတန်း ပညာအဆင့်အတန်း မြင့်တင်ပေးနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ တနေ့မှာတော့ သူ့အလိုလိုကာကွယ်ပြီးသား ဖြစ်သွားမှာပါ..ဆင်ခြင်ကြည့်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ကိုထွန်းဝေ လေးစားစွာမျှဝေပေးပါတယ်။

Thursday, 27 June 2013

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"



အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)

ပေါ်ပျူလာဂျာနယ်။
28.6.2013
ပြန်လည်မျှဝေပါတယ်.။

" အဖမ်းအဆီးခံ မလေးရောက် မြန်မာအလုပ်သမား ၇၀၀ ကျော်ပြန်လာနိုင်ရန် သီတဂူဆရာတော်ကူညီခဲ့"



မလေးရှားလူဝင်မှုကြီးကြပ်ရေးက ဖမ်းထားသော မြန်မာအလုပ်သမား (၇၀၀)ကျော်ကို မြန်မာနိုင်ငံပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဉ်ခဲ့ကြောင်း သီတဂူဆရာတော်ဘုရားကြီးက မိန့်သည်။

" အဖမ်းခံထားရတဲ့သူတွေ သူတို့မြန်မာနိုင်ငံပြန်လာဖို့ဆို မလေး လ၀က ကို ရင်းဂစ် ၄၀၀ ဒဏ်ငွေဆောင်ရတယ်။ ဘုန်းကြီး ဒေါ်လာ ၁ သိန်းကိုင်ပြီးသွားတာ အခုပြန်ရောက်ရောက်ခြင်း ဒီအစည်းအဝေးလာတာ" ဟု သီတဂူဆရာတော်ကြီးက အင်းစိန်အောင်ဆန်းတပ်ဦးကျောင်းတိုက် သံဃာအစည်းအဝေး၌ မိန့်ကြားခဲ့သည်။

သတင်း Popular Myanmar News Journal
27.6.2013
ပြန်လည်မျှဝေပါတယ်.


Popular Myanmar News Journal

ဦးဝင်းတင်နဲ့နေထိုင်ခြင်း

ငါ ဒေါ်အောင်ဆန်းစုကြည်လွတ်လာချင်းညမှာ စီအီးစီအစည်းအဝေး ထိုင်တော့ သေချာပြောတယ်။ ဒေါ်စု ကျနော်လည်းအိုပြီ၊ ဥာဏ်လည်းယိုင်ပြီ၊ ခြေထောက်တင် ယိုင်တာမဟုတ်ဘူး၊ ဥာဏ်ပါယိုင်နေပြီ။ ကျနော့်ကို စီအီးစီကထွက်ခွင့်ပေးပါ။ ကျနော် ပါတီက ထွက်မပြေးပါဘူး။ ကျနော် ပါတီမှာပဲအလုပ်လုပ်ပါ့မယ်။ ကျနော် စီစီမှာ ဆင်းလုပ်ပါ့မယ် ဆိုတာ မင်းတို့အမေ သဘောမတူလို့ ငါ့မှာ ယောင်ချာချာနဲ့ ခုထိ ပါနေရသေးတာကွာ။

ငါ့ကောင် ဘယ်တော့မှသေတဲ့အထိ လုပ်မယ်ဆိုတဲ့စကားမပြောကောင်းဘူး။ ဒီလိုပဲ ဖယ်ပေး ရမှာပေါ့ကွာ။

ငါက ဖယ်ပေးမယ် ပြောတော့ ဒေါ်စုက နေရာချဲပေးတယ်လောက်ပဲ သုံးပါ။ ဖယ်ပေးပါလို့ မပြောဘူးတဲ့။ ဒေါ်စုက ကာလဒေသလိုက် စကားလုံးသုံးနှုန်းတာလည်း လှတယ်ကွာ။ အဲ့လိုနေရာတွေမှာ ဒေါ်စုကို ဘယ်သူမှမလိုက်နိုင်ဘူး။

မင်းတို့ကောင်တွေ ယောင်ဝါးဝါးတော့ မလုပ်နဲ့။ ငါ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့ လူတွေနဲ့ ဆက်ဆံဖူးတယ်။ အကုန်ပျက်ကုန်တာပဲ။ အေး တစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က မပျက် ဘူးကွ။ သူ့နေရာမှာ တခြားလူတွေဆို ခုလောက်ရှိ ရူးကုန်လောက်ပြီ။ ဘယ် .. ဒီလောက် ထိ မြှောက်ပင့်ပေးနေတာ တော်ယုံလူဆိုမြောက်ပြီပေါ့။ ဒီတစ်ကွက် ဒီအချက်နဲ့တင်ကို ကျေးဇူး တင်လေးစားစရာကောင်းလှပြီကွာ။ ငါသေတာ မသေတာ အရေးမကြီးဘူး။ ဒေါ်စု မသေဖို့လို တယ်....”

(ဦးဝင်းတင်နဲ့နေထိုင်ခြင်း - ၉ - မိုးမခ)
ပြန်လည်မျှဝေပါတယ်
27.6.2013

သင်္ယန်းကျွန်းမြို့နယ် မြေသိမ်းခံလယ်သမားများ ဆန္ဒပြ


သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ ဒေသခံများက ၎င်းတို့ပိုင်မြေများ သိမ်းဆည်းခံရသောကြောင့် ဇွန် ၂၇ ရက် နံနက်က ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် ငါးကြိမ်မြောက် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် လူအင်အား ၃၀၀ ကျော် ပါဝင်ခဲ့သည်။၎င်းတို့ပိုင်သည့် မြေများကို လွန်ခဲ့သော ၂၂ နှစ်ကတည်းက စစ်တပ်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး လူနည်းစုသာလျော်ကြေးရရှိခဲ့သည်ဟု ဆန္ဒပြသူများက ပြောသည်

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ လွှတ်တော် မကန့်ကွက်တော့


Thursday, June 27, 2013
ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ လွှတ်တော် မကန့်ကွက်တော့ ဧရာဝတီ ယနေ့ ဇွန် ၂၇ ရက် မနက် တွင် ကျင်းပသော ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ တင်ဒါပေးမည့်ကိစ္စ ဆက်သွယ်
ရေး ဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အစိုးရကို တိုက်တွန်းသော်လည်း အစိုးရက ဆက်လက် 
ဆောင်ရွက်မည့်အပေါ် မကန့်ကွက်ဘဲ ရွေးချယ်မှုကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်ကြောင်း သိရှိရသည်။ 

၈၈မျိုးဆက်များ အင်္ဂလန် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ




အင်္ဂလန်နိုင်ငံ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံသို့ State Visit သွားရောက်ခဲ့ကြသော ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ၊ ကိုကိုကြီး၊ မင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုမာကီ(ခ)ကိုကျော်ကျော်ထွေး၊ မနီလာသိန်းနှင့်မမီးမီးတို့သည် ယနေ့ ည ၇း၀၀နာရီက ထိုင်းလေကြောင်းလိုင်းမှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာကြပြီ ဖြစ်သည်။

8888 သတင်း
27.6.2013

ဆရာတော်ဘုရားကြီးများ၏ ဆိုဆုံးမခဲ့သော တရားစကားများ..





နေ့စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်း သဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်း သဘော ရှိသည်ဖြစ်၏။ နာခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်း သဘော ရှိသည်ဖြစ်၏။ သေခြင်း သဘော တရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုး ရှိသည်၊ ကံသာလျင် ကိုးကွယ် လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်း ဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
စွန်းလွန်း ဆရာတော်ဘုရားကြီး
“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”


ကျေးဇူးတော်အရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး
အရှိနှင့်အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ၊ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့နာမ်ကို နောက်ဉာဏ်နဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ၊ ရှေ့ကဖြစ်ပျက်ကို နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ၊ အသေကို အရှင်ကကြည့်တာ ၀ိပဿနာ။


အရှင်ဝီရသူ သူ့အလုပ်သူလုပ်နေတာပါ



ကိုကျော်ကျော်ခိုင်( ဆောင်းပါးရှင်)



ဗုဒ္ဓ၏သားတော် အရှင်ဝီရသူ အမည်ရတဲ့ သံဃာတော်တပါးဟာ ရှေးနှစ်များစွာကတည်းက သံဃာအလုပ်လုပ်ပါတယ်။ ဘာသာသာသနာ တည်တံ့ခိုင်မြဲစေရေးမှာလည်း ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နေပြီး ကိုယ်ရဲ့ကိုးကွယ်ရာ ဘာသာသာသနာကို ထိပါးစော်ကားခံနေရတာကို သိနေတာကြောင့် သည်းခံတတ်လွန်းပြီးအလွန်သဘောကောင်းလှတဲ့မြန်မာတွေ၊ ကိုယ်တိုင်ထိမှနာမှန်းသိတတ်တဲ့မြန်မာတွေ ကောက်ရိုးမီးစိတ်ဓါတ်နဲ့မြန်မာတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။

ပညာရေးအတွက်လည်း “လောကအလင်း” ပညာဒါန ကျူရှင်ကျောင်းကိုလည်း ဖွင့်လှစ်ပေးထားပြီး ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်မှာဆိုယင် ကျောင်းသားကျောင်းသူ ၄၉ ဦးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူကလေးတဦးက ရူပဗေဒဂုဏ်ထူး၊ ခရစ်ယာန်ဘာသာဝင် ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ကလေး ၁၅ဦး အောင်မြင်မူရရှိခဲ့ပါတယ်။ ဆရာတော်ဟာ လူမျိုးဘာသာခွဲခြားခြင်းမရှိသော်လည်း ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးကတော့ ဘာသာသာသနာကို ထိပါးလာနေသူတွေ ရှိနေတဲ့အတွက်သာ ဖြစ်ပါတယ်။

၂၇ . ၆ .၂၀၁၃ ရက် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး



တတိယနေ့အစီအစဉ် ကိုအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာစဉ် အစည်းအဝေးတွင် ဦးစိုးစိုး ထီးချိုင့်မှဲဆန္ဒနယ်မှ အလယ်တောကျေးရွာ အနီးတွင် ကန်ချောင် တစ်ဖက်ရပ်ဆည်တာတံမံအား တည်ဆောက်ပေးရန်ရှိ/မရှိ မေးခွန်း၊ ဦးစိုင်းငေါင်းဆိုင်ဟိန်း မောက်မဲ မဲဆန္ဒနယ်မှ နောင်ခိုင်ရေထွက်အား လျှိုပိတ်ဆည်အဖြစ် ဆောက်လုပ်ပေးရန် ရှိ/မရှိ မေးခွန်း ၊ ဦးဖေသန်း မြေပုံမဲဆန္ဒနယ် မှ

TIME ဆောင်းပါးကို အစိုးရ ဘာကြောင့် ပိတ်တာလဲ


မြန်မာ သံဃာ တစ်ပါး ဖြစ်တဲ့ ဦးဝီရသူရဲ့ ပုံကို မျက်နှာဖုံး တင်ပြီး The Face of Buddhist Terror လို့ ခေါင်းစဉ် တပ်ထားတဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းပါ ဆောင်းပါးကို မူရင်းရော မိတ္တူပါ ဖြန့်ချိခွင့် မပြုဖို့ မြန်မာ အစိုးရ အရေးပေါ် စီမံ ခန့်ခွဲရေး ဗဟို ကော်မီတီက တားမြစ်လိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရကရော မြန်မာ နိုင်ငံသား အတော် များများ ကပါ ကန့်ကွက် နေကြတဲ့ တဲ့ တိုင်းမ် မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ ပတ်သက်လို့ တိုင်းမ် မဂ္ဂဇင်းကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ သူတို့ မဂ္ဂဇင်း ရဲ့ အပြည်ပြည်ဆိုင်ရာ မျက်နှာဖုံး ဆောင်းပါးဟာ မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ နွယ်နေတဲ့ အစွန်းရောက် လှုပ်ရှားမှု ရှိတယ် ဆိုတာ အသေ အချာ ပိုင်းခြား စိတ်ဖြာ ရေးသား ထားတဲ့ သတင်း ဖြစ်တယ်၊ သူတို့ သတင်း ဖော်ပြ မှုကြောင့် အခုလို အချေ အတင် ဆွေးနွေး မှုတွေ ဖြစ်လာတဲ့ အတွက် ကျေနပ်မိ ပါတယ်လို့ ပြန်ဖြေခဲ့ ပါတယ်။

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား




Created on Thursday, 27 June 2013 02:49


လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။

လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင်းပခဲ့ပြီး အထူးအစည်းအဝေး တစ်ကြိမ်၊ ပုံမှန်အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိတွင် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပလျက် ရှိသည်။

Wednesday, 26 June 2013

ဟံသာဝတီ ဦးဝင်းတင်






ဇွန် ၂၆၊ ၂၀၁၃
ကျုပ်အသက်ကလည်း မသေးတော့ဘူးဗျ။ တဲခေါင်မိုးထိုးနေပြီ။ အာကာသထဲ ဖောက်ထွက်သွားမယ့် အချိန်က တယ်မဝေးလှတော့ဘူး ထင်ပါရဲ့ဗျာ။ လူကသာ သချုင်္ိင်းကုန်း ခြေတစ်ဖက်လှမ်းနေတာ၊ ခါးကတော့ လိမ်ခွေခေါက်ချိုး ဇောက်ထိုးပြာကပ် ဖြစ်နေပြီဗျ။ မနိုင်ဝန်တွေပိတာ၊ ဖိတာကိုး။ အလုပ်တွေက လူကိုသာ ဖိတာ၊ ထောင်းတာမဟုတ်ဘူး။ စိတ်ကိုပါ စီးတာ၊ မောင်းတာဗျို့။



နိုဘယ်ဆုသမိုင်း



သန်းဝင်းလှိုင်
ဇွန် ၂၆၊ ၂၀၁၃



ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ စာပေပညာရှင်များ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သော ဆုများတွင် `နိုဘယ်ဆု´ မှာ အထင်ရှားဆုံးနှင့် သြဇာတိက္ကမ အကြီးဆုံးဖြစ်သည်။ နိုဘယ်ဆု ကျော်ကြားရခြင်းမှာ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးအတွက် ကွက်ကွက်လေးသာမက ကမ္ဘာ့နိုင်ငံအသီးသီး၏ လူ့လောကကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ချီးမြှင့်ခြင်း၊ ငွေကြေးပမာဏအားဖြင့် များပြားလှခြင်း၊ ဂုဏ်သိက္ခာနှင့် သြဇာကြီးမားခြင်း၊ နေ့ချင်းညချင်းကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်ခဲ့ရခြင်း၊ နိုင်ငံရေးသဘောမဆောင်ခြင်းနှင့် မည်သည့်အာဏာပိုင်အစိုးရအဖွဲ့၏ ဝေဖန်စောကြောပံ့ပိုးခြင်းများကိုမျှ မလိုက်လျောခြင်းတို့ကြောင့်ပင် ဖြစ်သည်။

ကြည်ညိုလေးစား ဦးထိပ်ထားရတဲ့ သီတဂူဆရာတော်ဘုရား


 ယနေ့ညနေပိုင်းတွင် ကပုန်းဘုန်းတော်ကြီးကျောင်း၌ မလေးရှားမှ အမိမြေပြန်
မြန်မာလူငယ်များအား ထောက်ပံ့ခြင်း အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ထိုပွဲတွင် မြန်မာနိုင်ငံမှ အလှူရှင်များမှလှူဒါန်းလိုက်သည့် အလှူငွေပေါင်း $ 103340 အား သီတဂူဆရာတော် ဘုရားကြီးမှ ဦးသီဟမောင်မောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်၊ဒေါက်တာဦးမြတ်သူ၊ဦးသီဟမောင်၊ဦးအောင်မိုး၊ဦးရဲထွန်း တို့ အပါအဝင်မြန်မာနိုင်ငံ မှနှစ်ဦး တို့ နှင့်  သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား)အားဖွဲ့စည်းပြီးမြန်မာနိုင်ငံပြန်လိုသူများလဝကတွင်ပေးဆောင်ရသည့်ရင်းဂစ်၄၀၀အားပေးဆောင်လှူဒါန်းနိုင်ရန်မိန့်ကြားခဲသည့်အပြင် ဆက်လက်လှူဒါန်းသွားရန်ရှိသေးကြောင်းလည်း
မိန့် ကြားခဲ့ပါသည်။

 မူရင်း Aung Than Nyunt Aungnilai
ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်။
26.6.2013

အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင် ချောင်းအတွင်း ဖမ်းဆီးရမိ



ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်းဖမ်း ဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

Tuesday, 25 June 2013

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း




● ဦးဝင်းတင်နဲ့ သေခြင်းတရား
လူတွေမွေးဖွားကတည်းက တခါတည်း အမှတ်အသားပြုပေးလိုက်တာကတော့ သေခြင်းတရားပဲဗျ။ သေမှာပဲ သေတာ အမျိုးအစားခွဲလိုက် သေးရတယ်။ လူ့သတ်မှတ်ချက်တွေပေါ့လေ…။ အသေဆိုး..အဆိုးသေ..အစိမ်းသေ အစရှိသဖြင့် သေခြင်းတရားကို အမျိုးအစားခွဲထား သေးတယ်။ ဒါပေမယ့် ဘယ်လိုသေသေ သေတာကတော့ သေတာပါပဲ။ ကျနော်တို့တွေ အသက်အရွယ်သတ်မှတ်ချက်အလိုက် သေခြင်းကို အသက်ကြီးသူများကို ဦးစားပေးထားတယ်ဗျ။ ငါကတော့ ငယ်သေးလို့၊ ဟိုလူကတော့ သေချိန်တန်နေပြီ အစရှိသဖြင့် ဘုရားဟော ဒေသ နာကို နှလုံးမသွင်းနိုင်ပဲ ကိုယ်သေစေ့ချင်တဲ့လူဆို သေချိန်တန်နေပြီ၊ကိုယ်ချစ်ခင်တဲ့လူဆို အသေစောလို့ နှမြောလှချည့်တွေဖြစ်ကုန်တော့တာပဲ။ ဆိုပါတော့ဗျာ အဘဦးဝင်းတင် ရှစ်ဆယ့်လေးဆိုတော့၊ ကျနော့်ထက် အသက်ထက်ဝက်မကကြီးတယ်။ ဒီတော့ သေစားရှိ ဦးဝင်းတင် အရင်သေပေးရမှာပေါ့။ (ဒီနေရာမှာတော့ အဘကို ကျနော်သဘောထားကြီးပေးလိုပါတယ်) အဲ့သလို တရားမရှိ ကြီးပြင်းနေကြ တာလားဗျာ။

အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်

အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားပါတယ်။
 

နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်းဆိုတာ ရှိနိုင်ဟု NLD ဥက္ကဋ္ဌပြော




Tuesday, June 25, 2013

နေပြည်တော်မှာ ယနေ့ ပြန်လည်စတင်လိုက်တဲ့ လွှတ်တော်အစည်းအဝေး ခဏနားချိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံ
မေးမြန်းချိန်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေအပြင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်း ဆိုတာ ရှိနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီအပြင် နိုင်ငံရေးမှာ တံခါးတွေကို ဖွင့်ထားဖို့လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ဘာသူတွေ ဘာတွေ မေးခဲ့လို့ ဘာတွေ ဖြေခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာပါ။
လွန်ခဲ့တဲ့ ရက်သတ္တ ပတ် ကျော်က အမေရိကန် ပြည်ထောင်စုကို ရောက်နေခဲ့ချိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရ ဦးရွှေမန်းကလည်း တိုင်းပြည်အတွက် လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ ညွှန့်ပေါင်း ဖွဲရင် ဖွဲ့မှာ ပဲလို့ ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"



နေပြည်တော်၊ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာယာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်စဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင်. လွတ်တော်အမတ်များတွေ.ဆုံ

 

၂၄.၆.၂၀၁၃ ညနေ ၆း၀၀ တွင်နေပြည်တော် စည်ပင်ဧည်ဧည်.ရိပ်သာတွင် တွေဆုံခဲ့ပြီး၂၅.၆.၂၀၁၃တွင်ပြန်လည်ကျင်းပမည်လွတ်တော်အစည်းအဝေးကိစ္စများကိုဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါတယ်။

ဓါတ်ပုံ ဘိုဘို
NLD

ပြန်လည်မျှဝေပါတယ်။


Monday, 24 June 2013

ဂေါတမ မြတ်စွာဘုရားရှင်၏ ဓါတ်တော် စွယ်တော်



အတုမရှိသော မြင်ရခဲဖူးရခဲတဲ့ ဗုဓ္ဒ မြတ်စွာဘုရားရဲ့ ဓါတ်တော် စွယ်တော်ဖြစ်ပါတယ်။

မိတ်ဆွေများ အားလုံးမင်္ဂလာပါ အစဉ်လာရှိရှိ နံနက်တိုင်းမှာမိမိတို့ ၏ အလုပ်အကိုင် များ အဆင်ပြေဖို့ နှစ်သစ်မှာ ခေတ်သစ်စနစ်ဆိုးဒဏ်မှ လွတ်ကင်းဖို့  စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့် ပြည့်စုံဖို့ ဘုရားတရားသံဃာဆရာသမား အမိအဖများကို ရင်မှာဦးညွှတ်ပြီး ပဋ္ဌာန်း ၂၄-ပစ္စည်း၏ တရားဓမ္မနှင့် ပဌာန်း အင်္ဂလိပ်ဘာသာနှင့် အတုမရှိသော မြင်ရခဲဖူးရခဲတဲ့ ဗုဓ္ဒ မြတ်စွာဘုရားရဲ့ ဓါတ်တော် စွယ်တော်ကိုကုသိုလ်မျှဝေပေးပါတယ်။

ပဋ္ဌာန်း ၂၄-ပစ္စည်း
၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance.


ဆရာတော် ဦးဉာဏ (လယ်တီကျမ်းများကို အင်္ဂလိပ် ဘာသာပြန်သူ)
ကျနော့်ထံသို့ ရောက်ရှိလာသူများစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနှင့် တလုံးတ၀တည်း ပြည့်စုံနိုင်ကြပါစေ..မေတ္တာထားလိုက်ပါတယ်။


ကိုထွန်းဝေ
စုဆောင်းဖော်ပြပါတယ်..။
24.6.2013
Monday

မူရင်း TanhThuan

Sunday, 23 June 2013

Time မဂ္ဂဇင်းအားကန့်ကွက်ကြောင်းနိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်မှာ ရေးသားဖော်ပြ



နေပြည်တော် ဇွန် ၂၃
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။

သိန်း ၂၂ဝ နဲ့ ရောင်းမယ့် Ford ကားသစ်


Sunday, June 23, 2013
 
မြန်မာပြည်ရောက်နေတဲ့ Ford  က သူ့ရဲ့ ပစ္စည်းတင် အိမ်သုံးကားကို စာနယ်ဇင်းတချို့မှာ ကြော်ငြာနေပါတယ်။ 

နေရာမရွေး၊ ကုန်မရွေးတဲ့ဒီကားကို ကြမ်းခင်းဈေး သိန်း ၂၂ဝ လို့ ကြော်ငြာနေတာပါ။


  Standard


ပစ္စည်းတင်ကား ၄ မျိုးကို သူတို့ရဲ့ မြန်မာပရိသတ်အတွက်အွန်လိုင်းမှာ ဖော်ပြထားရာမှာ အခု အပေါ်မှာ တွေ့ရတာကတော့ Standard  အမျိုးအစား ဖြစ်ပါတယ်။

သိန်း ၂၂ဝ ဆိုတာ အဲဒါပါပဲ။
ပြီးတော့  XL,  XLT, Wildtrack ဆိုတဲ့ ဆင်တူယိုးမှား ၃ မျိုး ရှိပါသေးတယ်။ အဲဒါတွေကိုတော့ ဈေးနှုန်း မသိရပါ။

သိန်း ၂၂ဝ ထက် ပိုမယ်လို့ ယူဆပါတယ်။
ဒီကားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်များကို
www.ford-myanmar.com/pickups/all-new-ranger/specifications/#!specifications-options မှာ အင်္ဂလိပ်ဘာသာနဲ့ တပုံတပင် တွေ့ရမှာပါ။

ကြော်ငြာမှာ ရေးထားတဲ့ သိန်း ၂၂ဝ ဆိုတာ ခေါ်ဈေး ညှိနှိုင်းဈေး ဟုတ်ဟန် မတူ၊ အလျှော့အတင်း လုပ်မယ့်ဟန် မတူပါ။ ရောင်းဈေးကို ပြောထားပုံပါပဲ။

၂၂ဝ ကုန်ပြီးရင် အခွန်/လိုင်စင်လုပ်ဖို့ ဘယ်လောက် ထပ်ကုန်မယ်မှန်း မသိရပါ။

Ford  က
  မြန်မာပြည်ဈေးကွက်အတွင်း ကားသစ်တွေသွင်းဖို့ ၀င်လာတဲ့ နိုင်ငံခြားကားကုမ္ပဏီများထဲမှာ ပထမဆုံး ဖြစ်ပါတယ်။

မိတ်အင်ဂျပန်တွေနဲ့ပိုမိုအသားကျတဲ့ မြန်မာပြည်မှာ အမေရိကန်ကားသစ်ကို ဝယ်မောင်းမယ့်သူက အကန့်အသတ်နဲ့ပဲ ရှိမယ်လို့ ယူဆစရာပါပဲ။

သို့သော်လည်း တခြားတဘက်က ဆင်ခြင်ကြည့်ရင် ကားသစ် ဝယ်လိုသူ၊ အမေရိကန်တံဆိပ်ကို အားပေးချင်သူတွေ၊ ငွေသုံးနိုင်သူတွေကတော့ အကန့်အသတ်မရှိတာ တွေ့ရမှာဖြစ်ပါတယ်။

XL



XLT
 


စာနယ်ဇင်းများမှာ အထက်ပါအတိုင်း ကြော်ငြာနေပါပြီ။
ဒီဘလော့မှာတော့ ကြော်ငြာခ မရဘဲ အခမဲ့ညွှန်းပေးနေတာပါ။
လယ်ယာလုပ်ငန်းခွင်မှာ သိန်းနှစ်ရာကျော်တန်ကားနဲ့ လန်းနေတဲ့ပုံ ဖြစ်ပါတယ်။

Wildtrack

ဆက်စပ်


Ford is First to Enter Burma’s Growing, Volatile Car Market
http://www.irrawaddy.org/archives/33384

ဖို့ဒ် ကားကုမ္ပဏီ မြန်မာပြည်တွင် အရောင်းပြခန်း ဖွင့်မည်
http://burma.irrawaddy.org/archives/34800

ဘာသာမတူထိမ်းမြားမှုချုပ်ချယ်မည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်ပြစ်တင်ဝေဖန်



(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား လက်ထပ်ထိမ်းမြားမှုကို ချုပ်ချယ်တင်း ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက ဆို ပါသည်။

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း Radio Free Asia ကသတင်းဖော်ပြသည်။