Thursday 27 June 2013

၂၇ . ၆ .၂၀၁၃ ရက် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး



တတိယနေ့အစီအစဉ် ကိုအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာစဉ် အစည်းအဝေးတွင် ဦးစိုးစိုး ထီးချိုင့်မှဲဆန္ဒနယ်မှ အလယ်တောကျေးရွာ အနီးတွင် ကန်ချောင် တစ်ဖက်ရပ်ဆည်တာတံမံအား တည်ဆောက်ပေးရန်ရှိ/မရှိ မေးခွန်း၊ ဦးစိုင်းငေါင်းဆိုင်ဟိန်း မောက်မဲ မဲဆန္ဒနယ်မှ နောင်ခိုင်ရေထွက်အား လျှိုပိတ်ဆည်အဖြစ် ဆောက်လုပ်ပေးရန် ရှိ/မရှိ မေးခွန်း ၊ ဦးဖေသန်း မြေပုံမဲဆန္ဒနယ် မှ

ထုံကျိန်လွင်ပြင်ဒေသအား အစိုးရတာတမံအဖြစ် သတ်မှတ်ပြီး ရေငံတာတမံတည်ဆောက်ပေးရန် ရှိ/မရှိ မေးခွန်းအပါအ၀င် မေးခွန်း ၁၀ ခုနှင့် ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း၊ပြည်သူ့လွှတ်တော်ဥက္ကဌက အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အားအမည်စာရင်းတင်သွင်နိုင်ကြောင်းကြေညာခြင်း၊မြန်မာနိုင်ငံ လေယာဉ် အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာတင်သွင်းခြင်း စသည်များကိုဆွေးနွေးတင်ပြသွားကြမည်ဖြစ်သည်။

ဓါတ်ပုံ သတင်း NLD
ပြန်လည်မျှဝေပါတယ်။


No comments:

Post a Comment