Friday 28 June 2013

သမိုင်းဝင်တဲ့သာသနာတော်ကြီး အစည်းအဝေးမှတ်တမ်းတစ်ခု (ရုပ်သံ)


ယနေ့ ကျင်းပပြုလုပ်သောသံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ သို့  သြ၀ါဒပေးနေသည့်သံဃာ့ညီလာခံ အစည်းအဝေးတွင် တင်ပြလျှောက်ထားသော ဓမ္မဒူတ အရှင်ပညာဝရ(ဘ၀လမ်းခွဲ) ဆရာတော်၏ လျှောက်ထားချက် ကို ဖြန့် ဝေပေးပါတယ်။ မျိုးစောင့်ဥပဒေ မလိုအပ်ဘူးဆိုတာ ဗဟုသုတနည်းတဲ့အမျိုးသမီးတွေ အတွက်တော့ ချင်မှဟုတ်မယ်..။ ဗဟုသုတနည်းတဲ့ တောသူ တောင်သား မြန်မာတိုင်းရင်းသူတွေအမျိုးသမီးတွေအတွက် လိုအပ်လှပေသည်..။ ပညာတတ်အမျိုးသမီးတွေတောင် တခါတရံ လမ်းမှားကို လိုက်မိကြသေးတာပါ..။ မြန်မာပြည်မှာ ပညာတတ် မြို့ပြလူတန်းစား အမျိုးသမီးကများလား ဗဟုသုတနည်းတဲ့ တောသူတောင်သား အမျိုးသမီးကများလား ၊ ဗဟုသုတနည်းတဲ့ တောသူတောင်းသား မြန်မာတိုင်းရင်းသူတွေအတွက် မျိုးစောင့်ဥပဒေနဲ့ အကာအကွယ်ပေးပြီး လူနေမှုအဆင့်အတန်း ပညာအဆင့်အတန်း မြင့်တင်ပေးနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ တနေ့မှာတော့ သူ့အလိုလိုကာကွယ်ပြီးသား ဖြစ်သွားမှာပါ..ဆင်ခြင်ကြည့်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ကိုထွန်းဝေ လေးစားစွာမျှဝေပေးပါတယ်။

No comments:

Post a Comment