Saturday 29 June 2013

လူသား ဖေ့ (စ) ဘုတ် လူသား



ဘကျော် (မကွေး)

ဇွန် ၂၉၊ ၂၀၁၃
မနက်စောစောအိပ်ယာထလို့
မင်္ဂလာပါ ဖေ့(စ)ဘုတ်ကြီးလို့
စတင်မိတ်ဆက်လိုက်တဲ့အချိန်–
ဖေ့(စ)ဘုတ်ကပဲ မိတ်ဆွေတွေတိုပွားလာခဲ့
ဖေ့(စ)ဘုတ်ကပဲ ရန်သူတွေများပြားလာခဲ့
ဖေ့(စ)ဘုတ်ကပဲ အသိတွေရှိစေခဲ့တယ်
ဖေ့(စ)ဘုတ်ကပဲ အမှားတွေကျူးလွန်ခဲ့ပေါ့
ဖေ့(စ)ဘုတ်ကပဲ လုပ်ငန်းတွေ ဖြစ်ပေါ်ခဲ့တယ်
ဖေ့(စ)ဘုတ်ကပဲ အရာရာကိုဆုံးရှုံးစေခဲ့
ဖေ့(စ)ဘုတ်ကပဲ တရားဓမ္မတွေ ကြားနာခဲ့ပေါ့
ဖေ့(စ)ဘုတ်ကပဲ ဘာသာမဲ့အောင်ဖြစ်စေခဲ့
ဖေ့(စ)ဘုတ်ကပဲ တွေးခေါ်မျော်မြင်မှုတွေပေးဆပ်ခဲ့
ဖေ့(စ)ဘုတ်ကပဲ ဆုံးဖြတ်ချက်အမှားတွေ ချမှတ်ထားခဲ့
မျက်စိကိုမှိတ်
အိပ်ပျော်ဖို့အချိန်
လျှပ်စစ်မီးပျက်
အင်တာနက်ကွန်နက်ရှင်ပျောက်ဆုံးမှ
ငါ့နှလုံးသားက
အေးစက်မာကျောနေခဲ့ …. ။

မူရင်း မိုးမခ

No comments:

Post a Comment