Saturday 29 June 2013

သီတဂူဆရာတော်ကြီး ပြောတဲ့ လေးချောင်းထောက်



-ကုလသမဂ္ဂကို သွားတော့ ကုလားထိုင်တစ်လုံး တစ်ချောင်းကျိုးနေတယ်..အဲဒါကို တွေ့ခဲ့တယ်...ဘာကို ပြောသလဲဆိုတော့ ညီညွတ်ရေးပဲ..ညီညွတ်မှ ကမ္ဘာကြီးငြိမ်းချမ်းမယ်...

-မြန်မာနိုင်ငံမှာလည်း လေးချောင်းထောက် ခိုင်ဖို့လိုတယ်...အဲဒီ လေးချောင်းထောက်က-
၁)သံဃာ့မဟာနာယကအဖွဲ့
၂)အခုဖွဲ့မယ့် သံဃာအဖွဲ့
၃)နိုင်ငံတော်အစိုးရ
၎)ပြည်သူ ပဲ။


-ဒီလေးချောင်းထာက် ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြဖို့ လိုတယ်..သည်းခံကြဖို့ လိုတယ်...

-တပည့်တော် ဒီတိုင်းမဂ္ဂဇင်းကို မလေးရှား အသွား လေယာဉ်ပေါ်မှာ ဖတ်တယ်...မလေးရှားက အပြန် လေယာဉ်ပေါ်မှာ ဖတ်တယ်...မလေးရှားမှာ တစ်ည တံခါးပိတ်ပြီး ဖတ်တယ်...

-တိုင်းမဂ္ဂဇင်းမှာ-

-အင်ဒိုနီးရှား-အာဖဂန်နစ္စတန် ဒီနိုင်ငံတွေဟာ အရင်တုန်းက ဗုဒ္ဓဘာသာနိုင်ငံတွေ အခုတော့ မူဆလင်နိုင်ငံတွေ ဖြစ်သွားပြီ..ထိုင်းတောင်ပိုင်း ကိုယ်ပိုင်ခွဲထွက်ခွင့် တောင်းနေပြီ...ဖိလစ်ပိုင်နိုင်ငံမှာ ခွဲထွက်ခွင့်တောင်းနေပြီ ဆိုပြီး ရှင်ဝီရသူက အထောက်အထား မခိုင်လုံဘဲ ပြောတယ် ဆိုပြီး ရေးထားတယ်..

-ဒီစာရေးဆရာ သမိုင်းကြောင်းတွေ မသိဘူးလား...သက်သေအထင်အရှားပြောမယ် ဆိုရင် ဘန်ဂေါ အရင်တုန်းက ဗုဒ္ဓဘာသာနိုင်ငံ..ရာမပိလ လက်ထက်မှာ တူရကီက မြင်းစီးစစ်သည်တွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး မူဆလင်နိုင်ငံ ဖြစ်သွားတယ်...

-ဟားနားဘိ ဆိုတဲ့ စာရေးဆရာ ဒါတွေ မသိဘူးလား...

ဗုဒ္ဓဘာသာကို အထင်အမြင်လွဲမှားအောင် ရေးထားတာ အထင်အရှားဖြစ်တယ်...

ဒါ့ကြောင့် တိုင်းမဂ္ဂဇင်းကို ပြင်းပြင်းထန်ထန် အလေးအနက်ထား ရှုတ်ချပါတယ်....အရှင်ဘုရားတို့ သဘောတူရင် သာဓု သုံးကြိမ် ခေါ်ပါ..

( အင်းစိန် အောင်ဆန်းတောရ)
29.6.2013
မျှဝေပါတယ်။

No comments:

Post a Comment