Saturday 29 June 2013

facebook ဆိုတာကို သူငယ်ချင်းတို့  ဘယ်လို့  ခံယူချက်နဲ့  အသုံးပြုနေကြပါသလဲ



facebook ကို သုံးတော့မယ် ဆိုရင် ကွန်နက်ရှင်မကောင်းရင် အရင်ဆုံး စိတ်တိုမယ် ပြီးနောက် အပြင်မှာ ထုတ်ဖော်ပြီးမဆဲတောင် စိတ်ထဲမှာတော့
မေတ္တာ ပို့ နေကြပြီး သူများနိုင်ငံတွေမှာတော့ အဲ့လို့ အဖြစ်မျိုး အရမ်းနည်းပါတယ် ကျွန်တော်တို့ ရဲ့ တခုထဲသော မြန်မာနိုင်ငံကြီးသာလျှင့်
အခုလို့  ဖြစ်မြဲ့မို့  မေတ္တာပို့ နေရခြင်း



ပြီးနောက် မဟုတ်က သတင်းတွေကို အမှားအမှန်မခွဲပဲ like များပြီးရော Comment များပြီးရောဆိုပြီး ဖွနေတဲ့ သတင်းမျိုးတွေကို သေသေချာချာမသိပဲ မယုံမိဖို့ လိုအပ်ပါမယ်


တချို့ သတင်းတွေဆိုရင် အမှန်မဟုတ်ပဲ လုပ်ဇာတ် လုပ်ပြီး တင်နေကြတာ မြင်မကောင်းပါဘူး သတင်းတပုဒ်ဆိုတာ မှန်ကန်ရမယ် အချိန်တိကျရမယ် တချို့ ဆိုရင် လွန်းခဲ့တဲ့ ၁ နစ်လောက်က သတင်းမျိုးတွေ ပြန်ပြီး တင်ကြနဲ့  အလုပ်တော်တော် ရှုပ်နေပုံရတယ်
အဲ့လို့ အဖြစ်မျိုးတွေ ရှိနေဦးမှာပဲ facebook ဆိုဒ်ကို ကျွန်တော်တို့ မြန်မာတွေ အသုံးပြုမှု အရမ်းများပြားလာခဲ့ပါတယ်


တချို့ ဆိုရင် facebook ကို တရေးနိုးလာလည်း သုံးတယ် ဘာမှာ လုပ်စရာမရှိရင်တောင် New Stories ကို တက်လာလိုက် နှိပ်လိုက်နဲ့  သတင်းထူးတွေ စောင့်ရင် စွဲနေကြတာ လူတိုင် သိကြမယ် ထင်ပါတယ်


Facebook ဆိုတာ ဆေးစွဲတာထက် ပိုဆိုးနေပြီးဆိုတာ လူတိုင်လက်ခံမယ် ထင်ပါတယ် facebook အသုံးပြုသူတယောက်ဟာ ကမ္ဘာကြီးနဲ့  ဆက်သွယ်နေသည် အလာ ဗဟုသုတတွေ ပြည့်စုံသလို့  facebook အသုံးပြုရင် စိတ်ရောဂါရသွားတဲ့ လူတွေလည်းမနည်းတော့ပါဘူး

မည်သို့ သာ ဆိုစေကာမှု facebook အသုံးပြုသူတယောက်အနေနဲ့
မတိကျ မသေချာတဲ့ သတင်းမျိုးတွေ ပုံမျိုးတွေကို ယုံသင့်သလောက် ယုံဖို့နဲ့  မိမိကြောင့် သူတပါး စိတ်သောက ရောက်ရမယ် Comment မျိုး မပေးမိစေဖို့ facebook ဆိုဒ်ပေါ်မှာ မြန်မာလူမျိုးများ ချစ်ခင်စွာ နေထိုင်ကြစို့ လာဗျာ

K2

ဗဟုသုတဘဏ်

No comments:

Post a Comment