Tuesday 25 June 2013

နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်းဆိုတာ ရှိနိုင်ဟု NLD ဥက္ကဋ္ဌပြော




Tuesday, June 25, 2013

နေပြည်တော်မှာ ယနေ့ ပြန်လည်စတင်လိုက်တဲ့ လွှတ်တော်အစည်းအဝေး ခဏနားချိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံ
မေးမြန်းချိန်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေအပြင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်း ဆိုတာ ရှိနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီအပြင် နိုင်ငံရေးမှာ တံခါးတွေကို ဖွင့်ထားဖို့လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ဘာသူတွေ ဘာတွေ မေးခဲ့လို့ ဘာတွေ ဖြေခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာပါ။
လွန်ခဲ့တဲ့ ရက်သတ္တ ပတ် ကျော်က အမေရိကန် ပြည်ထောင်စုကို ရောက်နေခဲ့ချိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရ ဦးရွှေမန်းကလည်း တိုင်းပြည်အတွက် လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ ညွှန့်ပေါင်း ဖွဲရင် ဖွဲ့မှာ ပဲလို့ ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment