Saturday, 19 October 2013
ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှကွန်ပျူတာကို ဝင်သိမ်း
ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး
ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို
ဝင်သိမ်းသွားကြောင်းသတင်းရရှိပါ တယ်.အပေါ်ကပုံကြောင့်
အငြိုးထားလေသလော...အသိမ်းခံရတာ ကွန်ပျူတာ တစ်လုံးမဟုတ်ပါဘူး။ ၁၄လုံးပါ။
ရုံးက CCTV ကို A4 စာရွက်နဲ့အုပ်ပြီးလုပ်သွားတယ်လို့ ပြောပါတယ်။
နိုင်ငံရေးမှာ သဒ္ဒါတရားနဲ့ ဂရုဏာ ထားရေးဒေါ်စုဟောပြောမည်
အင်ကြင်းနိုင်
19.10.2013
ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ ကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့စာရင်းပေးသွင်း ထားတယ်လို့ တက္ကသိုလ်အုပ်ချုပ်ရေးမှုးက ဗီအိုအေကို ပြောပါတယ်။ စနေနေ့ဒေသစံတော်ချိန်မနက်ပိုင်းမှာသဒ္ဒါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ဥရောပ ငါးနိုင်ငံခရီးစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံနဲ့စတင်လိုက်တဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြမှာပါ။
Friday, 18 October 2013
ခြံအမှတ် ၅၄ ထဲမှာ အမေစု လူတွေ ကိုယ်ရံတော်များ အားလုံး အမေစုကို ကန်တော့ကြ
ခြံအမှတ် ၅၄ ထဲမှာ အမေစု လူတွေ ကိုယ်ရံတော်များ အားလုံး အမေစုကို ကန်တော့ကြပါသည်........
(၁၈/၁၀/၂၀၁၃)
ပြန်လည်မျှဝေပေးပါတယ်.
ဓါတ်ပုံ Sun Ny
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၅ နိုင်ငံ ခရီးစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဒီညမှာပဲ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်ပြီးနောက်ပိုင်း ဥရောပကို တတိယတစ်ခေါက် လာရောက်တာလည်း ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဥရောပသမဂ္ဂရုံးချုပ်ကို သွားရောက်ပြီး ဥရောပသမဂ္ဂနဲ့ ဥရောပ ပါလီမန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လေ့လာမှာဖြစ်ပြီး ဗြိတိန် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောမှာလည်း ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂအဖွဲ့ အနေနဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် ဆွေးနွေးကြဖို့လည်း အာဆီယံ ပါလီမန် အမတ်များ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
BBC Burmese
18-10-2013
ပြန်လည်မျှဝေပါတယ်.။
Thursday, 17 October 2013
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို စီစီတီဗွီ ကင်မရာများမှ တစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဟု သိရ ။
အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဖြစ်ပေါ်
ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို
ရွှေဘဲစားသောက်ဆိုင်နှင့် ဆွမ်းဦးပုညရှင်ဘုရားတို့ရှိ စီစီတီဗွီကင်မရာများမှ
တစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
၁၁နှစ် ခရီးမှာ ၁၁မီး မငြိမ်းကြသူများ
ကိုရာဇာ၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
ပူတယ်
လောင်တယ် မြိုက်တယ်။ ဒီရာသီဥတုက ကျွမ်းဖို့ရာရှိတယ်။ အပူခို နေညိုကို
လွမ်းဆိုသလို အပူမရှာ အတိတ်ပါ မေ့လို့ပြောရမလား။ ဗမာစကားပုံ ရှိမဟုတ်လား
အနူမကူး၊ အပူကူးတယ် ဆိုတာလေ။ အခုဗမာတပြည်လုံး လောင်မီးကျနေမှတော့
သူ့အပူကိုယ့်အပူ ကူးပြီပေါ့။ ကျနော်တို့ပူပြင်းလောင်မြိုက်ခဲ့တာများ
နှစ်ဆယ့်ငါးနှစ်သား ရှိပြီဗျ။ ဒီမိုကရေစီရရှိရေး ဒို့အရေး ကြွေးကြော်သံနဲ့
အဖွဲ့ချုပ်ကြီး ပေါ်ခဲ့တယ်မဟုတ်လား။ လူထုခေါင်းဆောင် ဒီမိုကရေစီ
မိခင်ကြီးဒေါ်အောင်ဆန်းစုကြည် ပေါ်ခဲ့တယ်မဟုတ်လား။
ဒီအဖွဲ့ချုပ်ကြီး…
ဒီမိခင်ကြီးအောက်ဖျားမှာ အဖွဲ့ချုပ်သားပေါက်ကလေးတွေ ဖွားခဲ့တယ်ဗျာ။
ဒီထဲမှာမှ ကျနော်နဲ့အဆက်အစပ်ပြုလို့ ကျနော်တို့ ၀ိုင်းဝန်းခဲ့တာလေးတစ်ခု
ပြောချင်တယ်ဗျာ။ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေးနဲ့
ပြုစုစောင့်ရှောက်ရေးဌာန … တဲ့ ။ လူတွေ အလွယ်ပြောတော့ HIV Section ပေါ့။
မနှစ်က ဆယ်နှစ်ပြည့်မှာ “အများခန္ဓာနဲ့ နာဖျားနေတဲ့ကိစ္စ ” ဆိုပြီး
ကဗျာဆန်ဆန်ခေါင်းစဉ်လုပ် စာတအုပ်ထုတ်ဖူးတယ်။ သိပ်တော့လည်း အသိမှတ်ပြုတာ
မခံရပါဘူး။ ဒီိကိစ္စကြီး စတင်ခဲ့သူ
ဂျပန် တိုင်ဖွန်း ၀ီဖာ၊ ၁၇ ဦးကျော် သေဆုံး
ဂျပန် တိုင်ဖွန်း ၀ီဖာ၊ ၁၇ ဦးကျော် သေဆုံး
စံချိန်တင် မိုးရေကြောင့် တောင်စောင်းတွေ ပြိုကျပြီး အိုရှီးမားကျွန်းက လူနေအိမ် အတော်များများ မြေကြီးတွေအောက် နစ်မြုပ်ကုန်ပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဝီဖာ ဝင်ရောက် တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Wednesday, 16 October 2013
ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်း
==================
၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် တွင် မွေးဖွားခဲ့သည်။
၁၉၆၀ တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားခံရကာ အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူလိုက်ပါကာ ၁၉၆၄ တွင် နယူးဒေလီရှိ လေဒီ သျှရီရမ်ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။
၁၉၆၄-၁၉၆၇ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးခ်ျကောလိပ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီပွားရေးပညာ အထူးပြုတို့ဖြင့် လေ့လာသင်ကြားခဲ့သည်၊ ၁၉၉၀ ခုနှစ်တွင် Honorary Fellow အဖြစ် ရွေးချယ်ခြင်းခံရသည်။

“အရှေ့တောင်အာရှအကောင်းဆုံးစာပေဖန်တီးမှုဆု မောင်စိန်ဝင်း (ပုတီးကုန်း ) ရရှိ”
ထိုင်းနိုင်ငံက နှစ်စဉ် ချီးမြှင့်ပေးနေတဲ့ အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့ပါတယ်။
ဒီနှစ်အတွက် အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုတွေ ရွေးချယ်ရာမှာ အာဆီယံ ၁၀ နိုင်ငံက စာပေပညာရှင် ၁၀ ဦးစလုံး ရရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့တာ ဖြစ်ပါတယ်။
Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
Viber ကိုတော့ PC မှာ အသုံးပြုနိုင်တာ ကြာပါပြီ။ ဒါပေမယ့် မြန်မာလိုတော့ ရေးလို့လည်းမရ ဖတ်လို့လည်း မရသေးပါဘူး။ အခုတော့ ကွန်ပြူတာပေါ်မှာ Viber ကို မြန်မာလို မှန်ကန်စွာရေးနိုင်ဖတ်နိုင်တော့မှာဖြစ် ပါတယ်ဗျာ။ ဒီနေ့မနက် ကတင်ဘဲ ဘော်ဒါတစ်ယောက်က FB ကနေ Font လေးကိုပို့ပေးလို့ အခြားသော Computer ပေါ်မှာ Viber ကို မြန်မာလို ချက်ချင်သူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်က Link မှာ Setup File နဲ့ Font ကိုထည့်ပေးထားပါတယ်ဗျာ။ Setup File ကိုအရင်ဆုံး Install လုပ်ပြီး Font ကို C > Window > Font ထဲကို Copy to Past လုပ်လိုက်တာနဲ့ ကွန်ပြူတာပေါ်မှာ Viber ကို မြန်မာလိုအသုံးပြုနိုင်ပါပြီ ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
မူရင်း http://www.mmithelper.com/2013/10/viber-pc.html
ပြန်လည်မျှဝေပေးပါတယ်။
Tuesday, 15 October 2013
ရန်ကုန် ဗုံးကွဲ၊ ဗုံးလှန့်မှု နောက်ဆက်တွဲ
Tuesday, October 15, 2013
တနင်္လာနေ့ညသန်းခေါင်
ကုန်သည်ကြီးများဟိုတယ်ခန်းအတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ၃ ဦးကို ခေါ်ယူ
စစ်ဆေးနေတယ် လို့ ခရိုင်ရဲမှူးကြီး ၀င်းကြည်က ပြောပါတယ်။
(ဓာတ်ပုံများ - ထက်နိုင်ဇော်/ဧရာဝတီ)ဗုံးကွဲမှု၊ ဗုံးထောင်မှုတွေထဲက တခုမှာ တွေ့ရတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပိုင်ရှင်ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းကိုတော့ ခရိုင်ရဲမှူးကြီး ၀င်းကြည်က ငြင်းဆိုပါတယ်။
TRADER HOTEL ဗုံး ဧည့်သည်တယောက် ဒဏ်ရာရပြီး ဆေးရုံသို့ ပို့ခဲ့ရ
အောက်တိုဘာ ၁၄ရက်ည ၁၁ နာရီခွဲခန့်ကရန်ကုန်မြို့ Traders ဟိုတယ်ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးအမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရ (ရုပ်/သံ)ဖြစ်ပါတယ်။
.
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ TRADER HOTEL တွင် (၁၄-၁၀-၂၀၁၃)ရက်နေ့ ည(၁၁း၂၀)နာရီတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်မြို့ သတင်းရိုက်ကူးရေး အဖွဲ့မှ သတင်း သွားရောက် ရယူခဲ့ရာ TRADER HOTEL အထွေထွေမန်နေဂျာ MR.PHILLIP COUVARUS က ညသန်းခေါင်ယံခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧည့်သည်တယောက် ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း၊ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
(Mrtv)
Classic Burma News
ကုန်သည်ကြီးများဟိုတယ်တွင် ပေါက်ကွဲမှုတစ်ခု
ရန်ကုန်မြို့လယ်ခေါင်ရှိ
ကုန်သည်ကြီးများဟိုတယ်တွင် ပေါက်ကွဲမှုတစ်ခု အောက်တိုဘာ ၁၄ရက်
ညသန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့သည်။ ရန်ကုန်၊ မန္တလေးတို့တွင် ၃ရက်အတွင်း
ပေါက်ကွဲမှု ၄ကြိမ်တိတိရှိပြီဖြစ်သည်။ — Bomb Blast in Rangoon at Trader
Hotel
သတင်းမူရင်း Kamayut Media
ပြန်လည်မျှဝေပေးပါတယ်။
15.10.2013 Kamayut Media
သတင်းမူရင်း Kamayut Media
ပြန်လည်မျှဝေပေးပါတယ်။
15.10.2013 Kamayut Media
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်။
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်
လိုက်ပါမည့် လူဦးရေစာရင်း
(၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)
(၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄). ဦးစိုးဝင်း - (Personal Aide to Chairperson)
ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။

မန္တလေးမြို့ လမ်း ၈၀၊ ၁၆ လမ်းထောင့်ကဗုံး
မန္တလေးမြို့
လမ်း ၈၀၊ ၁၆ လမ်းထောင့်က ရွှေဘဲ စားတော်ဆက် ရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက
ဓာတ်ခဲ ၆ လုံး တပ်ထားတဲ့ လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့လို့
သက်ဆိုင်ရာကနေ ဘေးလွတ်ရာမှာ ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
တစ်ခါ ညနေ ၃ နာရီလောက်မှာ ဝေပုလ္လာရာမ ခေါ် မက္ခရာ ကျောင်းတိုက်ရှေ့မှာ
ထပ်မံပြီး ဗုံးလို့ ယူဆရတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရလို့ လုံခြုံရေးတွေက
ရှင်းလင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ပွားခဲ့ရာ ပလတ်စတစ် ကောက်တဲ့ ကလေးငယ် ၂ ဦး ဒဏ်ရာ ရသွားပြီး ဆေးရုံတင်ထားရပါတယ်။
BBC
Monday, 14 October 2013
ညီမလေး သဘောပေါက်နိုင်မှာပါ.. ပုရစ်
ညီမလေး သဘောပေါက်နိုင်မှာပါ..
----------------------------------
ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်.
အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ထင်ခဲ့တယ်.
အမေစုမှ အမေစု..တဲ့
အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ..
သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့
အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..
-----------------------------
ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ..
စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊

မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ (အပိုင်း၃) ကိုထွန်းအောင်ကျော်
11 October 2013 at 17:24
လောကုတ္တရာသက်သက်ကို ကြည့်၍ သူ့ကျွန်ဖြစ်ရပုံ
မင်းတုန်းမင်းလက်ထက်တွင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးကာလ တစ်ချိန်ချိန်တွင် အင်္ဂလိပ်တို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိမ့်မည်ဟု ကြိုတင်မြင်သဖြင့် နှလုံးရည်၊ လက်ရုံးရည်တို့နှင့် အထူး ပြည့်စုံတော်မူသော ကနောင်မင်းသားကြီးသည် အမျှော်အမြင်ကြီးစွာဖြင့် ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်တော်မူ၏။ ၎င်းပညာသင်များ မန္တလေးနေပြည်တော်သို့ ပြန်ရောက်လာသည့်အခါ ဖန်ချက်စက်ရုံ၊ သတ္ထုဒင်္ဂါးသွန်းစက်ရုံ၊ လက်နက်စက်ရုံများကို တည်ဆောက်တော်မူလေသည်။
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ(ဒုတိယပိုင်း)
7 October 2013 at 10:53
နယ်ချဲ့ဗြိတိသျှကိုယ်စားလှယ် ဆာဂျေအေမောင်ကြီးနှင့် ဆရာတော်ဦးဥတ္တမ
၁၉၂၇ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဦနာဂိန္ဒတို့အား ထိမ်းသိမ်းထားရာနေရာကိုအမတ်များက သိလိုကြောင်း လွှတ်တော်တွင် တောင်းဆိုရာ ထိုအချိန်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဆာဂျေအေမောင်ကြီးက..... ဦးဥတ္တမသည် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာလွိုက်ဂျော့ကဲ့သို့ နာမည်ကျော်ပုဂ္ဂိုလ်လည်းမဟုတ် သာမန်အကျဉ်းသား သုံးသောင်းကျော် ထဲမှ တစ်ဦးသာဖြစ်၍ ဘယ်မှာရှိသည်ကို မပြောနိုင်ကြောင်း ကန့်ကွက်ရာမှ အခြေအတင် ပြောဆိုကြပြီး လွှတ်တော်အမတ်များက ... ဆာဂျေအေမောင်ကြီးသည် ဦးဥတ္တမကိုသာမက သံဃာထုတစ်ရပ်လုံးကိုပါ စော်ကားခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဦးဥတ္တမသည် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်၍ သာမန်အကျဉ်းသားဟုပြောဆိုခြင်းမှာ မသင့်လျှော် ကြောင်း၊ ဦးဥတ္တမကို တစ်ပြည်လုံးက ကြည်ညိုကြသည့်အပြင် မျိုးချစ်အမတ်များကလည်း ကြည်ညိုကြောင်း ပြောဆိုကန့်ကွက်ကြရာ... ဆာဂျေအေမောင်ကြီးက.... ဗုဒ္ဓဘာသာတရားကို နားလည်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးလိုက်စားသောဘုန်းကြီးများမှာ ရဟန်းတု၊ ရဟန်းယောင်များဖြစ်ကြောင်း ထပ်မံစော်ကားခဲ့ လေသည်။ ဦးဥတ္တမအပေါ် ရဟန်းတု ရဟန်းယောင် ဟူ၍လည်းကောင်း၊ သာမန်အကျဉ်းသား တစ်ယောက်ဟူ၍ လည်းကောင်း စော်ကားမှုကို ကြားသိလိုက်သောအခါ ပြည်သူလူထုကြီးသည် ဆာဂျေအေမောင်ကြီး အပေါ် ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဥက္ကဋ္ဌပြု၍ ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ၁၉၂၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့်၌ ကျင်းပခဲ့ကြသည်။
ဥက္ကဋ္ဌဆရာကြီးသခင်ကိုယ်တော်မှိုင်းမိန့်ကြားသောမိန့်ခွန်းအကျဉ်း
တိုင်းရေးပြည်ရေးနှင့် ဘုန်းကြီးရဟန်းတို့သည် များစွာပင် သက်ဆိုင်ကြောင်း သာသနာတော်တည်ရှိခြင်းသည် ရဟန်းတော်များ၏ လုံလဥဿဟကြောင့်ဖြစ်ကြောင်း၊ ဤအကြောင်းကို ရဟန်းတော်များ သိရှိပြီးဖြစ်၍ လူများသည် ရဟန်းတော်များနှင့် တိုင်းရေး၊ ပြည်ရေး၊ မည်ကဲ့သို့သက်ဆိုင်သည်ကို သိထိုက် ကြောင်း၊ တကောင်းမြို့ နန်းစိုက်စဥ်အခါက ဗုဒ္ဓဘာသာ သာသနာထွန်းကားခြင်းမှာ ရဟန်းတော်များကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် သာသနာတော်ပျက်ပြားခဲ့ရာ ရှင်အရဟံမထေရ် ကိုယ်တော် ကြွရောက်၍ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှ သာသနာတော် စည်ပင်တိုးတက်သဖြင့် ရဟန်းတော်များသည် တကယ့်နိုင်ငံရေးကို ဆောင်ရွက်သည်မည်ကြောင်း၊ တဖန် အင်းဝဆက်ကို ကြည့်ပြန်လျှင်လည်း အင်းဝဘုရင်မင်းခေါင် လက်ထက်တွင် စစ်မက်အရေး ရှုပ်ထွေးလှရကား ရဟန်းတော်များ ဝင်ရောက်ဆောင်ရွက်မှ တိုင်းပြည်တွင် ငြိမ်းအေးကြောင်း၊ ထို့ပြင် တပင်ရွှေထီးလက်ထက်တွင်လည်း ရဟန်းတော်များ အကူအညီဖြင့် တိုင်းပြည် အေးချမ်းခဲ့သည့်အပြင် ဘားမဲ့ဆရာတော်ကြီးသည် စစ်မြေပြင်သို့ထွက်ရာ တပ်ဦးကပင် ကြွရောက်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းရေးပြည်ရေး လိုက်စားသည်နှင့် ရှင်တု၊ ရှင်ယောင် မဟုတ်ကြောင်း၊ တဖန် အလောင်းမင်းတရား လက်ထက်တွင်လည်း၊ တလိုင်းတို့နှင့်ဖြစ်ပွါးသော စစ်မက်ရေးတွင် အတုလသာသနာပိုင် ဝင်ရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ရဟန်းတော်များတွင် အာပတ်ကြီး၊ အာပတ်ငယ်ဟု နှစ်မျိုးရှိရာ ဥပ္ပဇျယ်မရှိဘဲလျက် သာသနာတော်၏ အဝတ်ကို ဆင်မြန်းမှသာ ရဟန်းတု၊ ရဟန်းယောင်ဟု ဆိုနိုင်သည်ဖြစ်ရာ အာပတ်ငယ်များအတွက် ဝိနည်း၊ ဒေသနာတော်အရ ရှင်တု၊ ရှင်ယောင်ဟု မဆိုနိုင်ကြောင်း မိန့်ကြားသွားခဲ့သည်။
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ 1 ရေးသားသူ ကိုထွန်းအောင်ကျော်
ရန်ကုန်တိုင်းသတင်းစာပါ ကျွန်တော်ရဲ့ဆောင်းပါး ပထမပိုင်းကို တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေကိုလည်း အပတ်စဉ် သောကြာနေ့မှာ တင်ပြသွားပါ့မယ်။ မြန်မာပြည်သူတို့အတွက် မိမိကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ သံဃာတော်များကို ဂုဏ်ပြုချင်တာရယ်၊ ဒီလိုပြည်သူ့ဖက်က ရပ်တည်ခဲ့တဲ့ သံဃာတော် တွေကို ဘယ်လိုအားပေးကြမလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာ စိတ်ဝင်စားလာကြရင် စာရေးရကျိုးနပ်ပါတယ်။ရွှေဝါရောင်သံဃာတော်တွေကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ထွန်းအောင်ကျော်
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ
နိဒါန်း
မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာသောအခါ ရဟန်းသံဃာတော်တို့သည် ရှေးယခင်ကပင် နိုင်ငံတော်၏အကျိုး၊ တိုင်းသူပြည်သားများ၏အကျိုးအတွက် အသက်ကို ပဓာနမထားဘဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဖြေရှင်းပေးခဲ့သည့် သာဓကများအား မြတ်နိုးလေးစားဖွယ် လေ့လာမှတ်သားခဲ့ရသည်။ မအားလပ်သည့်ကြားမှ ရသည့်အချိန်လေးနှင့် လေ့လာပြုစု မှတ်စုထုတ်နှုတ်ရေးသားခဲ့ရသဖြင့် အကုန်အစင် ပြည့်စုံလိမ့်မည် မဟုတ်သော်လည်း ထိုဆရာတော်ကြီးများနှင့် စစ်အာဏာရှင်စနစ်အောက်တွင် ထောင်တွင်း၌ ဒုက္ခခံခဲ့ရသည့် ဆရာတော်ကြီးများကို နှိုင်းယှဉ်၍ ကြည်ညိုသဒ္ဓါပွားများပြီး ၎င်းဆရာတော်ကြီးများ၏ သတ္တိဗျတ္တိကို စာဖတ်ပရိတ်သတ်များက လေးစားလျက် ချီးမြှောက်ကော်ရော်ပူဇော် အားပေးကြမည်ဆိုလျှင် ဤစာကို ရေးရကျိုးနပ်ပြီဟု ဆိုချင်ပါသည်။
စစ်အာဏာရှင်စနစ်သည် တိုင်းပြည်ကို ကျွန်ပြု ဂုတ်သွေးစုပ်ယုံနှင့်မကျေနပ်သေး။ ပြည်သူပြည်သားများ၏ ဒုက္ခများကို မကြည့်ရက်၍ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ ပတ္တနိက္ကဇ္ဓနကံဆောင် သပိတ်မှောက်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်တို့ကိုပါ တရားလက်လွတ် သင်္ကန်းပါချွတ် ဖမ်းဆီးထောင်ချသည်အထိ ရက်စက်ယုတ်မာခဲ့ကြသည်။ ထို့ပြင် ယင်းတို့က နိုင်ငံရေးသည် ရဟန်းတော်တို့နှင့်လားလားမျှမဆိုင်ဟုဆိုကာ ဆရာတော်ထေကြီးဝါကြီးများမှအစ ပဉ္စင်းငယ်၊ ကိုရင်များပါမကျန်၊ ရဟန်းတု၊ ရဟန်းယောင်များဟု ရင့်သီးစွာ သမုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး စစ်ဖိနပ်နှင့်နင်းခဲ့ကြသည်။ “မင်းတို့ဂတုံးတွေ ကိုယ့်နေရာ ကိုယ်မနေဘူး”ဟူ၍ ရိုင်းပြစွာ စော်ကားခဲ့ကြသည်။
ဤစာတမ်းဖြင့် မြတ်နိုးကြည်ညိုဖွယ်ရာ ကိုယ်ကျိုးမငဲ့ဘဲ ပြည်သူနှင့် တိုင်းပြည် ကောင်းစားရေးအတွက် သက်ဦးဆံပိုင် ဘုရင်စနစ်အောက်တွင် လုပ်ဆောင်ခဲ့ကြသော အရှင်ပံသကူငစွယ်ရှင်၊ ပင်းယစကြိုသူမြတ်တို့နှင့် ကိုလိုနီနယ်ချဲ့စနစ် အောက်တွင် မြန်မာနိုင်ငံပထမအကြိမ် လွတ်လပ်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ကြသော ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရတို့၏ ကိုယ်ကျိုးစွန့် ကြိုးစားအားထုတ်မှုများအပြင် ၂၁ ရာစုခေတ် မြန်မာနိုင်ငံစစ်ကျွန်သဘောက်ဘဝမှ ဒုတိယအကြိမ် လွတ်လပ်ရေးရရှိရန် မြန်မာပြည်သူပြည်သားများအတွက် ကြိုးစားအားထုတ်ရင်း အကျဉ်းကျခံခဲ့ရသော ဆရာတော် အရှင်သူမြတ်တို့အား နှိုင်းယှဉ်ရေးသား၍ ဦးချဂါဝရပြု လိုက်ပါသည်။
ကြားချင်ရင် နားဆင်ကြည့်ပါ
ကြားချင်ရင် နားဆင်ကြည့်ပါ
လောကကြီးကိုမတွေဝေနဲ့ 
နေပြည်တော်ကြီးမှာထီမထိုးနဲ့ 
သာသနာတော်ကိုမစော်ကားနဲ့ 
သမ္မတကိုလည်း မပြစ်မှားနဲ့
ဦးရွှေမန်းကိုလည်း မရှုတ်ချနဲ့ 
ထင်တိုင်းလဲမပြောပါနဲ့ 
ကြင်တိုင်းလည်း ၀မ်းမနည်းစေလိုပါ
မေမေစုကိုလည်းအားပေးပါ
ဘုန်းကြီးတွေလည်း သူ့ ဟာသူနေပါစေ
နိုင်ငံရေးဟာ သန်းခေါင်ထက်ညဥ့်မနက်ဘူး
ခေတ်တိုင်းစနစ်တိုင်းမှာအရာရာဟာ
ယနေ့ အထိ ဗုံးတွေ အောက်လုံးတွေနဲ့  ရှုပ်ထွေးလွန်းတယ်....
ဟိုး...မိုးပြာအောက်က လယ်ကွင်းထဲကို
စိတ်ကလေးတစ်ခုနဲ့ ခဏသွားကြည့်
လရောင်အောက်မှာ အသံမပါတဲ့ဖလင်တွေက
နေ့ စဉ် ဖေ့ဘုတ်ကြီးထဲမှာ သူ့ ထက်ငါ မင်းမူနေကြသလို
တွေးကြည့်ရင်ပြေးကြည့်တာထက်မှန်လေမလား
လွှတ်တော်ကြီးထဲမှာ ကာလာတွေချယ်နေကြလို့ 
2015 ဟာ စိတ်ရောင်စုံတစ်ခုနဲ့ 
ရိုးသားစွာ မုသားမပါဘဲေ၇ွးကောက်ပေးရင်
ကျနော်ပြောသလို
နေရာတကာမှာ အမြှော်အမြင်ကောင်းတဲ့
တော်ဝင်မေမေဟာ
အရာခပ်သိမ်းအားလုံးကို
ဒိုင်ပွဲရပ်နဲ့ 
အနိုင်ယူသွားလိမ့်မယ်..။ ။
လေးစားလျက်
ကိုထွန်းဝေ
14..11.2013
ဓါတ်ပုံ Soe Min Myat

အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်တွင် ပြင်သစ် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်
အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်တွင် ပြင်သစ် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်
========================================
အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မကြာမီသွားရောက်မည့်
ဥရောပခရီးစဉ်တွင် ပြင်သစ်နိင်ငံ “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်ဟုအမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်မှသိရသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ၊ ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)၊
ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
ဦးစိုးဝင်း - (Personal Aide to Chairperson)တို့လိုက်ပါမည်ဟုသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့
ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာမည်ဟုသိရသည်။
အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိကြောင်းအမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်မှသတင်းထုတ်ပြန်သည်။ TN
Popular Myanmar News Journal
ပြန်လည်မျှဝေပေးပါတယ်။
14.10.2013

အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်
လိုက်ပါမည့် လူဦးရေစာရင်း
(၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)
(၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄). ဦးစိုးဝင်း - (Personal Aide to Chairperson)
ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။
မူရင်း National League for Democracy
14.10.2013
ပြန်လည်မျှဝေပေးပါတယ်။
လက်ပံတောင်း ဒေသခံများနှင့် လုံခြူံရေးတပ်ဖွဲ့ဝင်များ တင်းမာမှု ဆက်ဖြစ်
လက်ပံတောင်း ဒေသခံများနှင့် လုံခြူံရေးတပ်ဖွဲ့ဝင်များ တင်းမာမှု ဆက်ဖြစ်
ခင်ဦးသာ
“၀မ်ပေါင် ကုမ္ပဏီကို ခံစည်းရိုး မခတ်ပါနဲ့လို့ တားလည်း မရပါဘူး၊ ခြံစည်းရိုး ခတ်တဲ့အပြင် နှမ်းခင်းတွေ၊ စိုက်ခင်းတွေကိုလည်း မြေ တူးစက်ကြီးတွေနဲ့ တူးလိုက်တော့ အားလုံးပျက်စီးသွားတယ်”
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သော လယ်မြေများအား တရုတ် ၀မ်ပေါင် ကုမ္ပဏီ က ခြံစည်းရိုး ခတ်နေမှုကို ရပ်တန့်သည်အထိ ဒေသခံများက တားဆီးဆောင်ရွက် သွားမည်ဟု သိရသည်။

* အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ
* အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ ***
==============================
ရန်ကုန်၊ အောက်တိုဘာ ၁၄
အလုံမြို့နယ် ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Popular Myanmar News

Subscribe to:
Posts (Atom)