Tuesday 15 October 2013

မန္တလေးမြို့ လမ်း ၈၀၊ ၁၆ လမ်းထောင့်ကဗုံး

မန္တလေးမြို့ လမ်း ၈၀၊ ၁၆ လမ်းထောင့်က ရွှေဘဲ စားတော်ဆက် ရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဓာတ်ခဲ ၆ လုံး တပ်ထားတဲ့ လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့လို့ သက်ဆိုင်ရာကနေ ဘေးလွတ်ရာမှာ ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

တစ်ခါ ညနေ ၃ နာရီလောက်မှာ ဝေပုလ္လာရာမ ခေါ် မက္ခရာ ကျောင်းတိုက်ရှေ့မှာ ထပ်မံပြီး ဗုံးလို့ ယူဆရတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရလို့ လုံခြုံရေးတွေက ရှင်းလင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ပွားခဲ့ရာ ပလတ်စတစ် ကောက်တဲ့ ကလေးငယ် ၂ ဦး ဒဏ်ရာ ရသွားပြီး ဆေးရုံတင်ထားရပါတယ်။

BBC

No comments:

Post a Comment