Monday 14 October 2013

အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်တွင် ပြင်သစ် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်

အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်တွင် ပြင်သစ် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်
========================================

အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မကြာမီသွားရောက်မည့်
ဥရောပခရီးစဉ်တွင် ပြင်သစ်နိင်ငံ “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူမည်ဟုအမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်မှသိရသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ၊ ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)၊
ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
ဦးစိုးဝင်း - (Personal Aide to Chairperson)တို့လိုက်ပါမည်ဟုသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့
ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာမည်ဟုသိရသည်။
အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိကြောင်းအမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်မှသတင်းထုတ်ပြန်သည်။ TN

Popular Myanmar News Journal

ပြန်လည်မျှဝေပေးပါတယ်။
14.10.2013

No comments:

Post a Comment