Saturday, 19 October 2013

ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှကွန်ပျူတာကို ဝင်သိမ်း



ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်.အပေါ်ကပုံကြောင့် အငြိုးထားလေသလော...အသိမ်းခံရတာ ကွန်ပျူတာ တစ်လုံးမဟုတ်ပါဘူး။ ၁၄လုံးပါ။ ရုံးက CCTV ကို A4 စာရွက်နဲ့အုပ်ပြီးလုပ်သွားတယ်လို့ ပြောပါတယ်။

ကဲ ၊ ဘယ်လိုတိုင်းပြည်လဲဗျာ။လက်ရှိအုပ်ချုပ်နေတဲ့လူတွေ ကို ရှိတယ်လို့ တောင်မထင်ကြပုံများ။ မြို့လည်ခေါင် အထင်ကရ hotel ကြီးမှာ တည်းရင်းခိုရင်းဗုံးထောင်သွားတဲ့သူကထောင်။ ခုလည်း နာမည်ကျော် လမ်းမတော်ဖိုးလပြည့် နဲ့ အဖွဲ့ ကမ္ကာအေး က သူရိယ သတင်းစာ တိုက်ကို ည ၁နာရီလောက်က လူအုပ်နဲ့ ဝင်စီးနင်းပြီး ကွန်ပြူတာ တစ်လုံးကို ယူဆောင်သွားလို့ ဆိုပဲ ။ ဝန်ကြီးသားတစ်ယောက်လည်းပါသေးတယ် လို့ သူရိယ စာစောင်ကိုဦးစီး ထုတ်လုပ်သူ ကိုမိုးဟိန်း က သူနဲ့ နီးစပ်ရာ နိုင်ငံရေး အသိုင်းအဝိုင်းကို အကြောင်းကြားလာပါတယ်။ တကယ်မှန်တယ်ဆိုရင်တော့ ၊ ဒီကနေ ရှေ့ Hotel တွေ၊ စားသောက်ဆိုင် တွေ အပြင် မီဒီယာရုံးခန်း တွေပါ လူရမ်းကားတွေ ရဲ့ ခြိမ်းခြောက် မှု အန္တရယ်တော့ရှိနေပြီ မို့ တခြားအလုပ်ကလေး ပြောင်းလုပ်ရကောင်းမလား စဉ်းစားနေရ ပြီမိတ်ဆွေတို့ ရေ။

(သီဟသွေး)

No comments:

Post a Comment