Tuesday 15 October 2013

စစ်ကိုင်မှာလည်း ဒီမနက် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲပြန်


ဗုံးတွေ ဆက်တိုက်ပေါက်နေတာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီလောက်က စစ်ကိုင်းမြို့ ရွှေပြည့်စုံဟိုတယ် စားသောက်ခန်းမမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်ထပ် ဆွမ်းဦး ပုညရှင် မုဒ်ဦးစောင်းတန်းမှာ ဒီမနက် ၆ နာရီလောက်က နောက်ထပ် ဗုံး တလုံး ပေါက်ကွဲခဲ့ပြန်ပါပြီ။ 

 သာကေတဗုံးသဲလွန်စတချို့


"စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့ ၂၀၁၃ အောက်တိုဘာလ ၁၅ နံနက် ၃နာရီခွဲ ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်းတန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်" လို့ မော်ဒန် သတင်းဂျာနယ်က ဖော်ပြထားပါတယ်။ 

ဆွမ်းဦးပုညရှင်ကို ဗုံးနဲ့ အာရုဏ်ဆွမ်းကပ်လိုက်တာလားလို့ ပြောရမလိုဖြစ်နေပြီ။

No comments:

Post a Comment