Thursday 17 October 2013

ဂျပန် တိုင်ဖွန်း ၀ီဖာ၊ ၁၇ ဦးကျော် သေဆုံး


ဂျပန် တိုင်ဖွန်း ၀ီဖာ၊ ၁၇ ဦးကျော် သေဆုံး

စံချိန်တင် မိုးရေကြောင့် တောင်စောင်းတွေ ပြိုကျပြီး အိုရှီးမားကျွန်းက လူနေအိမ် အတော်များများ မြေကြီးတွေအောက် နစ်မြုပ်ကုန်ပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဝီဖာ ဝင်ရောက် တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ရှိတဲ့ နိုင်ငံ အရှေ့မြောက်ဘက်ကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံထဲ နောက်ထပ် ရေကြီးမှုတွေကို တားဆီးနိုင်ဖို့ စက်ရုံကို တာဝန်ယူထားတဲ့ တက်ပ်ကို ကုမ္ပဏီဟာ မိုးရေတွေကို စက်ရုံထဲကနေ စုပ်ထုတ်နေပါတယ်။

စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေတာကြောင့် နိုင်ငံတလွှား လမ်းပန်း ဆက်သွယ်မှုတွေကို ထိခိုက်မှု ရှိနေပါတယ်။

တိုကျိုမြို့ တောင်ဘက်ပိုင်းက အိုရှိမာ ကျွန်းမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး မြေပြိုမှုတွေကြောင့် အိမ်ပေါင်း ဒါဇင်နဲ့ချီ မြေကြီးအောက် ရောက်သွားခဲ့ပါတယ်။ တချို့အိမ်တွေကတော့ မြစ်ရေတက်လို့ ရေထဲ မျောပါသွားခဲ့ကြပါတယ်။
BBC burmese

ပြန်လည်မျှဝေပါတယ်။

17.10.2013






No comments:

Post a Comment