![]() |
| ငြိမ်းချမ်းရေးဆုတောင်းပွဲသ |
Saturday, 12 January 2013
မန္တလေးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ
ပြစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ
(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)
တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အင်အားစုများကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်လာမှုသည် ကန့်ကွက်ရှုတ်ချမှုများစွာကိုဖြစ်ပေါ်စေသည်။
နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သော ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့ အပေါ်တိုက်ခိုက်မှုများသည် လွန်စွာပြဿနာဖြစ်စေသော ကိစ္စဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက မြန်မာစစ်တပ်အနေဖြင့်စစ်မက်ပဋိပက္ခကို အမြန်ဆုံးရပ်ဆိုင်းအောင်ပြုလုပ်သင့်ကြောင်း အလေးအနက် တိုက်တွန်း ပြောဆိုသည်။
သို့သော် အဆိုပါ စစ်မက်ပဋိပက္ခမှာ အစိုးရမီဒီယာများတွင်တစ်မျိုးတစ်ဖုံပုံဖော်ရေးသားခြင်းခံနေရသည်။ တစ်ချိန်ကအနောက်မီဒီယာများကို "လေလှိုင်းပေါ်ကလူသတ်သမားများ" "သွေးထိုးသူများ"အဖြစ်သတ်မှတ်ဖော်ပြခဲ့သော New Light of Myanmar သတင်းစာ၏ ယမန်နေ့ကစာစောင်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် "ကချင်သူပုန်များသည် ရထားလမ်း၊ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်သလို ဒေသခံပြည်သူများထံမှ ငွေကြေးများကိုလုယက် တိုက်ခိုက်လျက် ရှိသည်" ဟု ရေးသားဖော်ပြသည်။
ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ယင်းသတင်းစာတွင်မူ "သူပုန်များသည် ထရပ်ကားများကို ပစ်ခတ်တိုက်ခိုက်ကာ အမျိုးသမီးများကိုလည်း အဓမ္မ ခေါ်ဆောင်သွားကြသည်။ မြို့တွင်းနေရာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြသည်" ဟု ရေးသားပြန်သည်။
၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးကာလ တွင်ထုတ်ပြန်သော New Light of Myanmar တွင်"ကချင်သူပုန်များသည် ၂၀၁၁ ခုနှစ်၊ မေလ မှစ၍ ကချင် ပြည်နယ်တွင်းမိုင်းထောင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၁ ကြိမ်တိတိပြုလုပ်ခဲ့သည်"ဟုရေးသားထားသည်။
အဆိုပါ အစိုးရသတင်းမီဒီယာ ရေးသားဖော်ပြသမျှ မှန်ကန်မှုရှိပါ၏လောဟုမေးစရာရှိလာသည်။ ပထမဆုံး စဉ်းစားကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ရှိစစ်မက်ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းလုံးလုံးလျားလျား အမှီအခိုကင်းရှင်းကာ လွတ်လပ်မှုရှိသည့်မီဒီယာများ အနေဖြင့်ဝင်ရောက် သတင်းယူရေးသားနိုင် ရေးမှာလွန်စွာ ခဲယဉ်းသည့်ကိစ္စရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့ပြင်စစ်မက်ပဋိပက္ခဇုန်များနှင့် ပတ်သက်၍ မျက်မြင်သက်သေ တွေ့ကြုံဖူးသူများမှာ ကိုယ်တိုင်တိုက်ခိုက်နေသူများနှင့် အနီးရှိရွာသူရွာသားများသာဖြစ်ကြသည်။
အနောက်တိုင်း သတင်းမီဒီယာများတွင် ယင်းသူပုန်အုပ်စုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရေးသားမှုတို့မှာမူ ထူးထူးခြားခြားဖြစ် သလိုဘာသာရေးနှင့် ယဉ်ကျေးမှုတို့အရ ရှောင်ရှားရန်အမှုများဖြစ်ကြသည်။ သို့သော် မြန်မာအစိုးရတွင် အကြမ်းဖက်ရက်စက်တတ်သော မှတ်တမ်းများ ကာလကြာရှည်စွာရှိထားခဲ့ပေရာ New Light of Myanmar ကဲ့သို့သောအစိုးရမီဒီယာများတွင်ပါရှိသော ဖော်ပြချက်များကြောင့်သံသယများကိုလျော့ကျ သွားစေမည်မဟုတ် သလို အကျိုးအမြတ်လည်းဖြစ်ပေါ်မည်မဟုတ်ပေ။
ပိတ်ကားနောက်ကွယ်မှ သမိုင်းအစအနများ
မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အဓိက
အခန်းကဏ္ဍမှ တာဝန်ယူခဲ့ဖူးသူ တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏
ဆောင်းပါးစုစည်းမှု တော်လှန်ရေး၏ မြှုပ်ကွက် ရှုပ်ကွက်များကို
ခေတ်ပြတိုက်စာပေ မှ ပထမ အကြိမ် ထုတ်ဝေလိုက်သည်။ ၁၉၇၁-၇၂ ကာလများတွင်
ထုတ်ဝေခဲ့သော ရွှေတူဂျာနယ်မှ ဆောင်းပါး ၂၄ ပုဒ်ကို စုစည်း ထုတ်ဝေလိုက်ခြင်း
ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ မြန်မာ့နိုင်ငံရေး သံသရာတွင် ကျင်လည်
လှုပ်ရှားရင်း တွေ့ကြုံ ခဲ့ရသည့် အများပြည်သူ သတိမမူမိလိုက်သော
ကွယ်ပျောက်နေသော မှတ်တမ်းအပိုင်း အစများဟုလည်း ဆိုနိုင်သည်။
ကရင်ဒုံးယိမ်းအက ကလည်း တမျိုး ကြည့်ကောင်းပါတယ်။
Saturday, January 12, 2013
လွှတ်တော်နှစ်ရပ်အတွင်းရှိ ကရင်တိုင်းရင်းသားလွှတ်တော်
ကိုယ်စားလှယ်များ စုပေါင်းကာ နေပြည်တော်၊စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သော ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်သို့
တက်ရောက်ကာ ဆင်နွှဲနေသောပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဌ ဒေါ်အောင်ဆန်း စုကြည်၊
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း နှင့်အခြားလွှတ်တော်
ကိုယ်စားလှယ် များကို ဇန်န၀ါရီ ၁၂ရက်ညပိုင်းကတွေ့ရစဉ်။
ဓာတ်ပုံ- ထူးသန့်
7 Days News
ကြက်သွန်ဖြူ ၏ အစွမ်းသတ္တိများ
ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ
ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊
သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။
သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို
ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။
ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ
ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။
-အရင်ဆုံး အခွံခွာပါ
ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ
ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။
-အရင်ဆုံး အခွံခွာပါ
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတမှုမရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်
သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်နေ ပြည်သူများမှ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်
Saturday, 12 January 2013 18:09
ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်
ဆ/က ရပ်ကွက်နေ ပြည်သူများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့်
ပတ်သက်၍ တရားမျှတမှု မရှိခြင်းကြောင့် ဇန်န၀ါရီလ ၁၂ ရက်တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဇန်န၀ါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေသူ ၁၅၀ ခန့်က လက်ရှိ ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အလိုမရှိကြောင်း ပါဝင်သော ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လှည့်လည်စီတန်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သ ည်။
ရန်ကုန်မြို့သင်္ဃန်းကျွန်းမြ
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဇန်န၀ါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေသူ ၁၅၀ ခန့်က လက်ရှိ ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အလိုမရှိကြောင်း ပါဝင်သော ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း
မန္တလေးကံတက်ကုန်း ဘုန်းကြီးကျောင်းတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ
ယနေ့နေ့လည်
၁နာရီအချိန်တွင် မန္တလေးကံတက်ကုန်း ဘုန်းကြီးကျောင်းတွင် ဘာသာပေါင်းစုံ
ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးများ၊ ခရစ်ယာန်အသင်းတော်၊ အစ္စလာမ်အသင်းတော်၊ NLD ၊ ဗကသ
အစရှိသည့် တခြားသော အသင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ကချင်အရေး၊ လက်ပံတောင်းတောင် အရေးနှင့်
ရခိုင်ဒေသအရေးများအတွက် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။
လက်ပံတောင်းတောင် အရေးခင်းကို ပါဖောင့်မန့် နှင့် ပြန်လည် သရုပ်ပြနေစဉ်။ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
The Irrawaddy (Burmese Version)
လက်ပံတောင်းတောင် အရေးခင်းကို ပါဖောင့်မန့် နှင့် ပြန်လည် သရုပ်ပြနေစဉ်။ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
The Irrawaddy (Burmese Version)
TIME မဂ္ဂဇင်း၊ ဦးသိန်းစိန်နဲ့ မြန်မာ့နိုင်ငံရေး
Saturday, January 12, 2013
အိမ့်သံစဉ်
ဧရာဝတီ
~ဒီတပတ် နိုင်ငံတကာ (အမေရိကန် မပါ) အတွက် ဖြန့်တဲ့ TIME မဂ္ဂဇင်းမှာ မျက်နှာဖုံး ဆောင်းပါးက ဦးသိန်းစိန်အကြောင်း ဖြစ်ပါတယ်။
Inside Man လို့ ခေါင်းစည်း တပ်ထားတာပါ။
စာရေးသူ Hannah Beech က ဦးသိန်းစိန်ဇာတိ ကျုံကူးရွာ၊ ဦးသိန်းစိန် ရုံးထိုင်တဲ့ နေပြည်တော်တို့ကို သွားရောက် ရေးသားထားတယ်လို့ ဆိုပါတယ်။
မြန်မာလို ဘာသာပြန်ထားကို http://myanmargazette.blogspot.com/ မှာ တွေ့ရပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။
ပြည်သူ့ လွှတ်တော် ကော်မတီများ၊ ကော်မရှင် တို့နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင် အစည်းအဝေး ခန်းမ၌ ပြည်သူ့ လွှတ်တော် ကော်မတီ များနှင့် ကော်မရှင် ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဖွင့် အမှာစကား ပြောကြားပြီး ပြည်သူ့ လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများက ကော်မတီ အလိုက် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက် လာသူများက အထွေထွေ ဆွေးနွေး ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက် သည်။
http://www.myawady.net.mm/
ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်းကောက်နှုတ်ချက်များ
၂. ခြိမ်းခြောက်တာ၊ အနှောက်အယှက် ပေးတာတွေကို ကျမတို့ အနေနဲ့လက်မခံနှိင်ဘူး။
၃. ဒီမိုကရေစီ စနစ်သာလျှင် လွတ်လပ်တဲ့ နိုင်ငံနဲ့ ဆီလျှော်တယ်။
၎. ဒီမိုကရေစီ စနစ်သာလျှင် ပြည်သူလူထုရဲ့ လွတ်လပ်မှုကို အာမခံနိုင်တယ်။
၅. ပြည်သူ လွတ်လပ်မှသာလျှင် နိုင်ငံလွတ်လပ်မှာဖြစ်တယ်။
၆. ဒီမိုကရေစီ ရရှိဖို့အတွက် အရေးကြီးတာ ကတော့စိတ်ဓါတ်ပဲ။
ရ. တခါတလေ မှဖြစ်တဲ့ စိတ်ဓါတ်မျိုး မဖြစ်ရဘူး။
၈. စိတ်ဓါတ်အပြည့် အ၀နဲ့ ကိုယ်လို ချင်တဲ့ ကိစ္စတခုကို ဖြစ်အောင်လုပ်၊ အောင်မြင်အောင်လုပ်နိုင်ဖို့
ရဲရဲ ဝံ့ဝံ့နဲ့ လှုပ်ရှားနိုင်မယ် ဆိုလို့ရှိရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။
၉. အပြောင်းအလဲ မြန်မြန် လိုချင်တယ်ဆိုရင်တော့ ဒီကိစ္စတခုမှာ ကြံကြံခံရပ်တည်နိုင်ရမယ်။
၁၀. မကောင်းတဲ့ဖက်က မရပ်တည်ပဲနဲ့ ကောင်းတဲ့ဖက်က ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမယ်။
၁၁. ခြိမ်းခြောက်လို့လဲ မကြောက်တက်၊ မက်လုံးတွေအပေါ်မှာလဲ စဉ်းစားဖို့ မလိုပဲ အမှန်တရားဖက်ရပ်တည် နိုင်ရမယ်။
ရဲဘော်သံခဲနဲ့ ခရီးစဉ်အကြောင်း တွေ့ဆုံမေးမြန်းခန်း အပိုင်း၁+၂
ဗွီဒီယို ဒီဗွီဘီ
မကြာခင်က မြန်မာပြည်လေ့လာရေးခရီးစဉ်သွားခဲ့ကြတဲ့ ကျောင်းသားတပ်မတော်ကိုယ်စားလှယ် ၉ ယောက်အဖွဲ့ခေါင်းဆောင် ရဲဘော်သံခဲနဲ့ ခရီးစဉ်အကြောင်း တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)
ဒေါ်အောင်ဆန်းစုကြည်အား Singapore နိုင်ငံမှ George Yeo –(FM) တို့လာေ၇ာက်တွေ့ဆုံ။
အမျိုးသားဒီမိုကေ၇စီအဖွဲ့ချူပ်ဥ က္ကဌဒေါ်အောင်ဆန်းစုကြည်အား Singapore နိုင်ငံမှ George Yeo –(FM) တို့လာေ၇ာက်တွေ့ဆုံ။
နေပြည်တော်(12-1-2013) 113း0 AM
နေပြည်တော်(12-1-2013) 113း0 AM
စံထိုက်တဲ့သွေး
တိုင်းပြည်က ချစ်တဲ့သွေး
ပြည်သူ့ ရင်သွေး
အာဇာနည်သွေး
ဇာတိသွေး
ဗိုလ်ချုပ်အောင်ဆန်းသွေး
စွန့် လွှတ်အနစ်နာခံတဲ့သွေး.....
ဆင်းရဲခြင်းလွတ်ကင်းအောင်
လမ်းပြနေတဲ့ဒို့ ခေါင်းဆောင်
ဒို့ သွေးသားဆီကပ်လို့ သွား
ပြည့်အင်အားကများ
အားလုံးလာကြစုံစုံညီ
အမေ့ဆီလှမ်းကြမည်
စံထိုက်တဲ့သွေးလာပြီဗျို့ 
စင်မြင့်ထက်ဆီသို့  ..။ ။
ကိုထွန်းဝေ
12.1.2013
ပြည်သူ့ ရင်သွေး
အာဇာနည်သွေး
ဇာတိသွေး
ဗိုလ်ချုပ်အောင်ဆန်းသွေး
စွန့် လွှတ်အနစ်နာခံတဲ့သွေး.....
ဆင်းရဲခြင်းလွတ်ကင်းအောင်
လမ်းပြနေတဲ့ဒို့ ခေါင်းဆောင်
ဒို့ သွေးသားဆီကပ်လို့ သွား
ပြည့်အင်အားကများ
အားလုံးလာကြစုံစုံညီ
အမေ့ဆီလှမ်းကြမည်
စံထိုက်တဲ့သွေးလာပြီဗျို့ 
စင်မြင့်ထက်ဆီသို့  ..။ ။
ကိုထွန်းဝေ
12.1.2013
KIA နဲ့ အစိုးရ အွန်လိုင်းကနေ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် တိုက်တွန်း

မျက်နှာချင်းဆိုင်ဖို့ ခက်ခဲနေတဲ့ KIA နဲ့ အစိုးရငြိမ်းချမ်းရေးကော်မတီတို့
အင်တာနက်ကနေ ဆွေးနွေးကြဖို့ ပြည်သူ့လွှတ်တော်က ဒီကနေ့
တိုက်တွန်းလိုက်ပါတယ်။
"Online ဆွေးနွေးမှုများ" လုပ်ကြပါ လို့ ပြည်သူ့လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ဒီတိုက်တွန်းစာဟာ ပြည်သူ့လွှတ်တော်ရဲ့ Facebook မှာ ပြီးခဲ့တဲ့
မိနစ်ပိုင်းအတွင်း တက်လာတာပါ။ပြည်သူ့လွှတ်တော် အွန်လိုင်းမှာတော့
မတွေ့ရသေးပါဘူး။
ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်က ဦးသိန်းဇော်ရဲ့ အရေးကြီး အဆိုတရပ်
တင်သွင်းချက်ကြောင့် ဒီထုတ်ပြန်ချက် ပေါ်ပေါက်လာတာ ဖြစ်ဖွယ် ရှိပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ သူ့ရဲ့ အဆိုတင်သွင်းချက် ပြည်သူ့လွှတ်တော်ရဲ့
Facebook ရောက်လာပါတယ်။ အဲဒီထဲက ၀ါကျတချို့ကို
ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ် -
"ယနေ့ ခေတ်နည်းပညာများအရ Video Conferencing များ၊ E-mail များ အပြန်အလှန်
ပေးပို့ခြင်းများ၊ ဒါမှ မဟုတ်ရင်လည်း နှစ်ဖက် သဘောတူညီထားတဲ့ Electronic
ဆက်သွယ်ရေး နည်းစနစ်များနှင့် မိမိတို့၏ မူဝါဒများ သဘောထားများ
လိုလားချက်များကို နှစ်ဦးနှစ်ဖက် သတ်မှတ်ထားသော ကိုယ်စားလှယ်များ ကနေ၍
ပြည်သူများ ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်တင်ပြ အသိပေးခြင်းများဖြင့်
ပွင့်လင်း မြင်သာသော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်"
သတင်း ဧရာဝတီ
၁၀နှစ်သမီးအရွယ်က မေမေစုရဲ့ စာလေးတစ်စောင် မူရင်းလက်ရေးမူ ပါ..။
၎/၉/၅၅
ဒေါ်ဒေါ်လှထံ
စါအားဖြင့်အောင်ဆန်းစုကြည် ရိုသေစွာအကြောင်းကြားပါသည်။ ဒေါ်ဒေါ်ဂျာပန်ပြည်မှယူခဲ့ပေးသောပုတီးနှင့် A Carf ကိုရရှိပါသဖြင့် အလွန်ကျေးဇူးတင်ပါသည်၊ မေမေက
ဒေါ်ဒေါ်တိုအိမ်သို့ လာလည်ခြင်ပါသော်လည်း ကိုကိုဦးနေမကောင်းသဖြင့် မလာနိုင်ပါ။ယခုအဖျားမရှိတော့ပါ။အားရှိအောင်အိမ်မှာဘဲနေခိုင်းထားပါသည်နောက်အပတ်ကျလျှင်လာလည်ပါမည်
ဒေါ်ဒေါ်တို့ တအိမ်သားလုံးကျမ္မာပါလိမ့်မည်ဟုမျှော်လင့်ပါသည်။
အောင်ဆန်းစုကြည်။
၎/၉/၅၅
မမစု၁၀နှစ်သမီးလောက်က မေမေဆီရေးခဲ့တဲ့စာလေးတစ်စောင်။
စီးပွားရေး ကျားကန်မှု အစီအစဉ် ဂျပန် ဝန်ကြီးချုပ်သစ် ကြေညာ
12.01.2013 နေ့ဖတ်ရန်သတင်းများ
·

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကို တိုကျိုမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၁၁၊ ၂၀၁၃)။
ကမ္ဘာပေါ်မှာ တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်နိုးထလာစေဖို့ ကျိုးပမ်းမယ့် အစီအစဉ်တခုကို ဂျပန်ဝန်ကြီးချုပ်အသစ် ရှင်ဇိုအာဘေးက ဖွင့်ချကြေညာလိုက်ပါတယ်။ဂျပန်နိုင်ငံမှာ နှစ်အတန်ကြာ စီးပွားရေးရုံးကန်မှုတွေ ရှိခဲ့ပြီးတဲ့နောက် မနှစ်တုံးက ကျဆင်းသွားခဲ့တဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးတော့ ချက်ချင်းအားကောင်းလာစေဖို့ အတွက် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၂၀ နီးပါး အသုံးပြုမယ့် အစီအစဉ်ကို သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
စိတ်ရောင်စုံ မြင်ကွင်း
ဟန်းဖုံးကလေးသံစုံမည်
အချက်ပေးနေသည်
အွန်လိုင်းပေါ်မှာဖွမည်တဲ့
လျောက်ရေး
ကြမယ်ကွဲ့ 
လက်ပန်းတောင်းကုလားအရေးမကျန်
ကချင်ရှေ
့တန်းမှာ
ဆရာကြီးဂိုက်လိုရေးမယ်တဲ့
အားလုံးsuper
Like
လာကြလာကြစုံစုံညီ
ကွန်မန်
့လေးတွေရေးအုံးမည်
ဖေ့ဘုတ်ပေါ်မှသတင်းများ
အေးချမ်းမွန်
ကနေရာယူထား
သတင်းစုံညီဖတ်ကြမည်
အွန်လိုင်းပေါ်မှာထိုင်ကြသည်။
နေပြည်တော်မှသတင်းများ
ဗိုလ်ရဲထွတ်ဆီအရင်သွား
သားသားနားနား
ဖွဘုရင်
ဒါမျိုးအကွက်ဆင်
အလှူငွေထည့်ကာလက်မနှေး
သိန်းသောင်းချီလို
့ထည့်ကာပေး
ကိုကြောင်ဖားကြီး
ဝန်ကြီးခမျာ
လူထုကြီးကိုဖမ်းစားတာ
သူလိုချင်တာဝယ်ကာပေးကုန်ဖို့ လက်မနှေး
ဝယ်ပေးသမျှ
အကုန်ယူ
သူကမငြူစူ
အတူနေဖို
့တိုင်ပင်မှ
ရင်နာရပြီဗျ။ ။ကိုထွန်းဝေ
12.1.2013
ဘုရားလောင်း (၃)မျိုး
ဘုရား (၃) မျိုးမကွဲပြားပါ။ ပါရမီဖြည့်ကျင့်ပုံချင်း မတူသောကြောင့် ဘုရားလောင်း(၃)မျိုး ကွဲပြားရသည်။ ဗျာဒိတ်ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီ အချိန်ကာလကို အသင်္ချေ (&)x(&) နဲ့တောင် ရေတွက်လို့ မရနိုင် သည့်အတွက် ဘုရားဟောကျမ်းစာမှာ လုံးဝမပါချေ။ သို့သော် ဗျာဒိတ်ရခြင်းအင်္ဂါ(၈)ပါး ပြည့်စုံပြီးချိန်မှာ ဘုရားတစ်ဆူက ယင်းဘုရားလောင်း၏ ဥာဏ်ရည်( ယခုခေတ်အခေါ် I.Q= Intelligence Quotient) ကိုကြည့်ပြီး...
(၁) ပညာဥာဏ်ကို အဓိကထားမည့် ဘုရားလောင်းအား( ပညာဓိက ဘုရားလောင်း) ဟုဗျာဒိတ်ပေးပြီး (၄)သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။
(၂) ယုံကြည်ခြင်း သဒ္ဒါလွန်ကဲနေသည့် ဘုရားလောင်းအား( သဒ္ဒါဓိက ဘုရားလောင်း )ဟုဗျာဒိတ်ပေးပြီး
(၈) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။
(၃) ၀ီရိယကိုသာ အားကိုးအားထားပြုနေသည့် ဘုရားလောင်းအား( ၀ီရိယဓိက ဘုရားလောင်း ) ဟုဗျာဒိတ်ပေးပြီး (၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။
နောင်ပွင့်လတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘ၀က(၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည့် ၀ီရိယဓိကဘုရားလောင်း ဖြစ်သည်။
ဂေါတမမြတ်စွာဘုရား လက်ထက်မှာ " အဇိတ " ဟူ၍ မထင်မရှား ရဟန်း ဖြစ်ခဲ့သည်။ ထိုအဇိတရဟန်း သည် ဗိမ္မိသာရမင်း၏ မြေးဖြစ်ပြီး အဇာတသတ်မင်း၏ သားတော်ဖြစ်သည်။
လူငယ်တွေကိုလည်း ကျမ တစ်ခုတော့ သတိပေးချင်ပါတယ်(ဒေါ်အောင်ဆန်းစုကြည် )
တာမွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ.. မိန့်ခွန်းမှ.....
လူငယ်တွေကိုလည်း ကျမတစ်ခုတော့ သတိပေးချင်ပါတယ်။ မေတ္တာလည်း ရပ်ခံချင် ပါတယ်။ နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။ ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို့လို့ မရဘူး..။ ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ့ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို့လို့မရပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။ အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို့ ကျမ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။ မွေးလို့ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။ ငါတို့ ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။ လူငယ်တွေရဲ့ အရှေ့မှာ အချိန်တွေအများကြီးရှိ ပါတယ်။ အချိန်တွေကို အလဟသဖြစ်အောင် မလုပ်ပါနဲ့..။ ကျမတို့ဖက်ကလည်း လူငယ်တွေ မိမိတို့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို့ ကြိုးစားပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျမ တို့ဖက်ကကြိုးစားရမှာပါ။ လူငယ်တွေကလည်း ငါတို့ဘ၀အတွက် ငါတို့တာဝန်ယူမယ် ဆိုတဲ့ အင်မတန်မှ မွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို့ ကျမတိုက်တွန်း ချင်ပါတယ်...။
Ko Nay Myo
ပထမဆုံး အများပိုင်လေကြောင်းအတွက် လေယာဉ် တစီး ရောက်လာ
Saturday, January 12, 2013
အိမ့်သံစဉ် ဧရာဝတီ
မြန်မာနိုင်ငံမှာ ပထမဆုံး
အများပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်းဟာ လာမယ့်
ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စတင်ပြီး ပြည်တွင်းခရီးစဉ်တွေ ဈေးသက်သာစွာနဲ့
ပြေးဆွဲပေးဖို့ လေယာဉ် တစီးရောက်လာခဲ့ပါတယ်။
ရွှေမြန်မာ လေကြောင်းလိုင်းအတွက် ရောက်ရှိလာတဲ့ လေယာဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း
တော် ခရီးစဉ်ကို စမ်းသပ် ပျံသန်းခဲ့ပါတယ်လို့ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ အဆိုပါ အများပိုင် လေကြောင်းလိုင်းအတွက် ပထမလေယာဉ်ဖြစ်ပြီး ဒုတိယမြောက်လေယာဉ်က လည်း လာမယ့်လမှာ မြန်မာပြည်ကို ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်
လက်ပံတောင်း စုံစမ်းရေး ကော်မရှင် သတင်းထုတ်ပြန်
Saturday, January 12, 2013
အိမ့်သံစဉ်
ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်
တာဝန် ယူနေတဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်က ယမန်နေ့ ဇန်န၀ါရီလ ၁၁
ရက်နေ့ည က သတင်းထုတ်ပြန်မှု လုပ်ဆောင်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ လုပ်ငန်းတာဝန်တွေကို အရှိန်မြှင့် လုပ်နေတယ်လို့ ဆိုပြီး ကော်မရှင်ဟာ ဦးပိုင် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာ၊ ကြေးနီစီမံကိန်း ဒေသရဲ့ ဘေးထွက် ဆိုးကျိုးဖြစ်မယ့် ကိစ္စ
တွေကို သွားရောက်လေ့လာတာနဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် မီးလောင် ဒဏ်ရာ ရရှိပြီး ထိုင်းနိုင်ငံမှာ ဆေးကုသခံနေရတဲ့ သံဃာ ၂ ပါးရဲ့ ကိစ္စနဲ့ ဒဏ်ရာရသူတွေကို ဆေးကုသမှု တာဝန်ယူနေတဲ့ အကြောင်းတွေ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ရှင် သဇ္ဇနဟာ ကျန်းမာရေး အခြေအနေကောင်းမွန်လာတာကြောင့် မြန်မာပြည် ပြန်လာဖို့ ရှိနေပြီဆိုတာနဲ့ ဦးတိက္ခဥာဏ ကတော့ ဆက်လက်ဆေးကုသမှု လိုအပ်နေသေးတာတကို သိရတယ်လို့ ဖော်ပြထားပါတယ်။
RFA ငရဲခွေးကြီးလွတ်နေပြီအပိုင်း ၂ (သို့မဟုတ်) ဒေါင်းယောင် ဆောင်သောကျီး။
ဟိုတစ်လောက RFA မြန်မာဌာနက၊ ကြော်မကောင်း ကြားမကောင်း၊ လင်ငယ် မယားငယ်လုတဲ့ကိစ္စသတင်း ထွက်လာခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒိမြန်မာဌာနမှာ..လူလည်လုပ
ပြောရတာလဲကောင်းသတင်းမဟုတ်ေ
ခင်မောင်စိုး ဆိုတာ၊ ရန်ကုန် မှော်ဘီတိုက်ကြီးက…ဗလီဆရာ..
ခင်မောင်ဆိုးမှာရှိတဲ့ အကျင့်ဆိုးတစ်ခုက..(သူ့အတွက
ဥပမာအနေနဲ့ပြောရရင်... ၁၉၇၀ ကျော်...၈၀ လောက်ကတုန်းကပေါ့…သူ့ အဖေက ဗလီဆရာဆိုတော့ ရန်ကုန်ဗန္ဓုလပန်းခြံမှာ ဓာတ်ပုံရိုက်စားတဲ့ မွတ်ဆလင်ကုလားတစ်ချို့က သူ့ကိုလက်တို့လက်တောင်း အလုပ်လေးပေး ထားခဲ့တယ်၊ ဓာတ်ပုံရိုက်မဲ့သူ ဆွယ်ပေးတာတို့၊ လိုတဲ့ပစ္စည်းလေး ယူပေး တာတို့လုပ်ရပါတယ်။ ဒီလိုနဲ့ အဲဒီသူတွေထံကနေ ဓာတ်ပုံရိုက်နည်းလေး နည်းနည်းတတ်လာပါတော့တယ်၊ အဲဒိ ဓာတ်ပုံရိုက်တတ် လာတာဟာ လည်း၊ နောင်တစ်ချိန် မြန်မာစာနယ်ဇင်းလောကမှာ အကျင့်မကောင်းတဲ့ သူတစ်ယောက် စတင်မွေးဖွား လာတာလို့လဲ ဆိုနိုင်ပါတယ်။ အဲဒိလိုနဲ့ ဓာတ်ပုံ ရိုက်နည်းလေး နည်းနည်းတတ်လာရော၊ သူများဆီကနေ ကင်မရာ ငှားပြီး၊ သူလည်းဓာတ်ပုံဆရာလုပ်ပါတော့
ဒါနဲ့နောက်တစ်ခုပြောရဦးမယ်
သူ့အကြောင်း သိသူတစ်ချိုကတော့ ၁၉၇၄ ခုနှစ်က ခင်မောင်စိုး ထောင်ကျ တာဟာ၊ အစိုးရပစ္စည်းခိုးမှု ၆/၁၊ ဒါ့အပြင် မိန်းမမှုနဲ့ လို့ပြောပါတယ်။ အဲဒိအချိန်က ခင်မောင်စိုးဟာ ကုန်သွယ်ရေး မန်နေဂျာတစ်ဦးထံမှာ လက်တို့လက်တောင်း အလုပ်သမားဖြစ်ပါတယ်။ အဲဒိမှာ အရေးခင်းဖြစ်နေ ချိန် အရှုပ်အရှက်တွေကြား ကုန်သွယ်ရေးဂိုထောင်က ဂုန်နီအိတ်တွေပျောက် တဲ့အမှုနဲ့ ထောင်ကျတာလို့သိရပါတယ်။ နောက်ပြီး အဲဒိတုန်းက အင်းစိန်မှာ အမှုစစ်တော့၊ မိန်းမ မှုတစ်ခုအတွက်လည်း သူ့မှာအပစ်ရှိကြောင်း ၀န်ခံ ထွက်ဆိုရပြီး အာဏာပိုင်တွေထံမှာ လက်မှတ်ထိုးခဲ့ ရတယ်လို့လဲအတွင်း သိတွေကပြောပါတယ်။
အဲဒိ ၁၉၇၄ ခုနှစ် သူထောင်ထဲ ရှိနေတုန်းကလည်း၊ ထောင်ဝါဒတွေကို မျက်နှာချိုသွေး ဖား၊ ဟိုလူ့အောက်ကျို့ဖား ဒီလူ့ဖားနဲ့ သတင်းပေး လိုလို ဖြစ်ခဲ့လို့ အတော်များများက သူ့ကိုမယုံကြည်ကြပါဘူး၊ ဒီအကြောင်းတွေေ သသေခြာခြာ သိခြင်ရင်တော့ မေးကြည့်လို့ရမယ့်သူတွေရှိပ
ငွေးကြေးတတ်နိုင်လို့ ထောင်ထဲမှာထောင်ဝင်စာကောင်း
သူက ထောင်ကျတာ မဟုတ်ဘူး၊ ထောင်ဒဏ်ချမှတ်ခံရသူလည်း မဟုတ် ဘူး။ ထောက်လှမ်းရေးက စစ်ဆေးပြီး ၆ လလောက်အကြာမှာပြန်လွတ် လာသူပါ၊ ၇၄ ကျောင်းသားတွေကြား ထဲရောက်နေလို့ သူ့ကိုယ်သူ၊ ၇၄ ကျောင်းသား လှုပ်ရှားမှုကြောင့် ထောင်ကျခဲ့သလိုလိုဘာလိုလို နဲ့ဒေါင်းယောင်းဆာင်နေတဲ့ ကျီးဘဲဖြစ်ပါတယ်။ တကယ်တော့ ဂုံနီအိပ် ခိုးမှုရယ် အရာရှိမယားတဦးကို ကြာကူလီရိုက် နဲ့ အဖမ်းခံရတာပါ။
သူနဲ့ပတ်သက်လို့ ၇၄ ကျောင်းသားဟောင်းတွေဖြစ်တဲ့
အဲဒါနဲ့ ခင်မောင်စိုး ၆ လောက်ကြာတော့ အင်းစိန်ထောင်ကလွတ်ပါတယ်။ အဲဒိမှာ ခင်မောင်ဆိုးဆိုက်ကားနင်းပါ
ဒါပေမယ့် ခင်မောင်ဆိုး ဆိုသူက..သူဆိုက်ကားနင်းခဲ့တ
ဆင်းရဲတာက အပြစ်မဟုတ် သလို၊ ဆင်းရဲတဲ့ ဘ၀ကနေလွတ်မြောက်ပြီး ကြီးပွားခြမ်းသာအောင်၊ အောင်မြင်အောင်လုပ်တာကလည်း အပြစ် မဟုတ်ပါဘူး၊ ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့်…ဘယ်ဟာက အပြစ်ဖြစ်သလဲ ဆိုတော့။ မရိုးသားတဲ့နည်း၊ မတရားတဲ့နည်း၊ မမှန်ကန်နဲ့နည်းနဲ့လုပ်တာက အပြစ်ဖြစ်ပါတယ်။
ခင်မောင်ဆိုးက ထောင်ကလွတ်ပြီး ဆိုက်ကားနင်းတယ်၊ ဆိုက်ကားနင်း ပြီးတော့၊ လမ်းဘေးဈေးသယ်၊ သူကိုယ်တိုင် ပလက်ဖေါင်းပေါ်မှာ ရန်ဖြစ်၊ အော်ဟစ်ဆဲဆိုနေတာတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရဘူး သူတွေလဲ ရှိတယ်၊ နောက်တော့ ဗန္ဓုလ ပန်းခြံကဓာတ်ပုံဆရာဖြစ်လာတာ
ခင်မောင်ဆိုးက မိန်းမ အလှဓာတ်ပုံရိုက်သမားပါ။ ဒါကိုများ သူ့ကိုယ်သူ တစ်ချိန်က မြန်မာ့စာနယ်ဇင်းလောက က စာနယ်ဇင်းသမား အရင့် အမာ ကြီးလိုလို အယောင်ဆောင်နေသေးတယ်။ ဓာတ်ပုံသမား ဖြစ်တော့ရော ကောင်းကောင်းမွန်မွန်လုပ်တယ
ဒါနဲ့ဆက်ပြောရမယ်ဆိုရင်…အဲလ
ဒီကနေ့ RFAထဲ ခင်မောင်စိုးမွှေနေတာတွေ..သူ
အမေရိကားကိုရောက်ရောက်ခြင်း
ဒါနဲ့ ကိုဇော်ကြီးအိမ်ကဆင်းသွားတ
အကြံသမား ခင်မောင်စိုးက…နယူးယောက်မှာ
ဒီလိုနဲ့………( တတိယပိုင်း မကြာမီထွက်လာတော့ မည်၊မျှော်...)
ဒီစီ တိမ်ကြား မင်းခေါင်
Friday, 11 January 2013
အမျိုးသမီးများ ကျားချောင်း သလို အချောင်းခံနေရကြောင်း ကိုမင်းကိုနိုင် ပြောကြား........
တရုတ်နိုင်ငံ၏
အမျိုးသားသန်း ၃၀နီးပါး ပိုနေသည့်ပြဿနာကြောင့် ကချင်ပြည်နယ်
ဒုက္ခသည်စခန်းများ၌ရှိသည့် အမျိုးသမီးများ ကျားချောင်း သလို
အချောင်းခံနေရကြောင်း ကိုမင်းကိုနိုင် ပြောကြား........
တရုတ်နိုင်ငံ၏ အမျိုးသားသန်း ၃၀နီးပါး ပိုနေသည့် ပြဿနာနှင့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုတို့ကြောင့် ကချင်ပြည်နယ် ဒုက္ခသည်ခစန်းများရှိ အမျိုးသမီးအများစုသည် ကျားချောင်းသလို အချောင်းခံနေရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အမျိုးသားသန်း ၃၀နီးပါး ပိုနေသည့် ပြဿနာနှင့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုတို့ကြောင့် ကချင်ပြည်နယ် ဒုက္ခသည်ခစန်းများရှိ အမျိုးသမီးအများစုသည် ကျားချောင်းသလို အချောင်းခံနေရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။
စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာ ဖက်ခြမ်း က ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။
သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။
ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။
တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟော်တစ ဒီတစ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။
မာဃဒေ၀ လင်္ကာ
လောကတံထွာ၊ လူတို့ထံတွင်၊
အမှန်သဘော ၊မရှိသောရှင့်၊
လောကီအစုတ်၊ လူတို့နုပ်ကား၊
မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏ ..
(မာဃဒေ၀ လင်္ကာ)
ကြားနာဓမ္မ ၊ သုတဖွေစစ် ကျိုးပြစ်အရေး ၊
လျှောက်မေးတက်စွာ သူတကာမူ ၊
ပညာကြွယ်နက် ဥာဏ်ထက်မြက်၏..
(မာဃဒေ၀ လင်္ကာ)
“သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏ “
သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊
ယွင်းဖောက်အလို ၀န်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊
စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊
ဣဿာ မပြု ၀မ်းမြောက် ရှုလော့ ၊
သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊
ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ..
( မာဃဒေ၀ - ၁၈၅ )
မမစုဆောင်းရေးသားတင်ဆက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့တို့ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံနေစဉ်
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်နှင့်
ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ
စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်
ထုတ်ပြန်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန် ခြေလှမ်းသစ်
Burma-Newselite
လက်နက်ကိုင် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စဆွေးနွေးဖို့
မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချဲလ်နဲ့အဖွဲ့ဟာ ကရင်ပြည်နယ်နဲ့
မွန်ပြည်နယ် တွေကို ဒီကနေ့ ခရီးထွက်ခွါသွားကြောင်း ရန်ကုန် အမေရိကန်
သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒဲရက်မစ်ချဲလ်ရဲ့ ခရီးစဉ်ဟာ ဇန်န၀ါရီ(၁၁)ကနေ (၁၃)ထိ ၃ရက်ကြာမြင့် မှာဖြစ်ပါတယ်။
အခုလို သွားရောက်တွေ့ဆုံတာဟာ အမေရိကန်သံအမတ်တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ A
(Facebook မှာ ရှယ်လိုသူများ တိုက်ရိုက် "Share" လုပ်နိုင်ပါတယ်။
ကော်ပီလုပ်ပြီး ပြန်တင်ခွင့် မပြုပါ။ Burma-Newselite)
Burma-Newselite
လက်နက်ကိုင် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စဆွေးနွေးဖို့ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချဲလ်နဲ့အဖွဲ့ဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တွေကို ဒီကနေ့ ခရီးထွက်ခွါသွားကြောင်း ရန်ကုန် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒဲရက်မစ်ချဲလ်ရဲ့ ခရီးစဉ်ဟာ ဇန်န၀ါရီ(၁၁)ကနေ (၁၃)ထိ ၃ရက်ကြာမြင့် မှာဖြစ်ပါတယ်။
အခုလို သွားရောက်တွေ့ဆုံတာဟာ အမေရိကန်သံအမတ်တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ A
(Facebook မှာ ရှယ်လိုသူများ တိုက်ရိုက် "Share" လုပ်နိုင်ပါတယ်။
ကော်ပီလုပ်ပြီး ပြန်တင်ခွင့် မပြုပါ။ Burma-Newselite)
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၁)
သတင်းဆောင်းပါး — ဇန်နဝါရီ ၁ဝ၊ ၂ဝ၁၃
မိုက်ကယ့်အတွက် “ဆူရှီ” တစ်ကိုက်
၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပေါ့။
အဲဒီအချိန်က ကျွန်မ ခင်ပွန်းဟာ ကိုဘေးတက္ကသိုလ်မှာ စာသင်နေချိန် ပါ။ သူက
အမြဲလိုလို ဧည့်ပညာရှင်တွေအတွက် အလုပ် တွေများနေတတ်သူမို့ အဲဒီအချိန်မှာ
လည်း သူ့မှာ ဧည့်က ရှိနေပါတယ်။ ဧည့်တစ်ယောက်က ကျွန်တော်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းမှာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြားရတယ်။
ခင်ဗျားတို့ သိမှာပေါ့။ သိတယ်မဟုတ်လား” လို့ ပြောလာပါတယ်။ ကျွန်မတို့က
အဲဒီသတင်းမျိုးကို မခန့်မှန်းနိုင်ခဲ့လို့ အလွန်ကို စိတ်မကောင်းဖြစ်
လိုက်ရပါတယ်။ ကျွန်မတို့လည်း ဧည့်သည် မပြန်ခင်မှာဘဲ မိုက်ကယ့်ဆီ ဖုန်းဆက်ကြ
ပါတော့တယ်။
ကြီးမားလှတဲ. စပါးအုံးမြွေမ နဲ့ ကလေးငယ်
ကမ္ဘောဒီးယားနိုင်ငံ မှ ရ နှစ်သား Uorn Sambath
နဲ. ကြီးမားလှတဲ. စပါးအုံးမြွေမ တဲ. အတူ အိပ်နေတဲ. ပုံ ဖြစ်ပါတယ်။ သူဟာ
အဲ.ဒီမြွေကို နမ်းလိုက် ခွစီးလိုက် လုပ်လေ.ရှိပါတယ်။ သူ.တို.ဟာ
အတူတူကြီးပြင်း ခဲ.တာဟာ Uorn Sambath ၃လသား အရွယ်ကတည်း က ထိုမြွေဟာ
အိမ်ထဲသို. ၀င်လာကတည်းကဖြစ်ပါတယ်။ ဖနွမ်းပင် ပြီးနဲ. ၂၀ ကီလိုမီတာ ဝေ တဲ.
Setbo ၇ွာ မှ သူတို.အိမ်မိသားစု အိမ်ကလေး ဟာ ယခု အခါ မှာခရီသွားဧည်.သည်
စိတ်ဝင်စားရာ နေရာ တခုပါပဲ။ ထိုမြွေမ ဟာ အရှည် ၅ မီတာ နဲ. အလေးချိန် ၁၀၀
ကီလို ရှိပါတယ်။ ကလေး ရဲ. ဖခင်ရဲ. ပြောပြချက်အရ သူ.ကလေး နဲ. ထိုမြွေဟာ
ပုခက် ထဲမှာ အတူတူ အိပ်လေ. ရှိပါတယ်။
Ko Ko Beam
Ko Ko Beam
ပြည်သူများအသက်အန္တရာယ်ဖြစ်စေနိုင်မည့် မြန်မာ့မီးရထားဝန်ထမ်းတချို့၏ အကျင့်ပျက်ခြစားမှု
(ယခုအကြောင်းအရာသည် နေ့စဉ်ထုတ်သတင်းစားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းနှင့် တွဲပြင်စက်ရုံများမှ ၀န်ထမ်းအင်ဂျင်နီယာတချို့ပူးပေါင်းပြီး အကျင့်ပျက်ခြစားပုံကို ရေးသားထားခြင်းဖြစ်သည်)
ပထမဆုံးအနေနဲ့ တင်ဒါ (Tender) ခေါ်တယ်ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ သိပြီးသူများလည်း ရှိကြမှာဖြစ်ပေမယ့် တင်ဒါခေါ်တယ်ဆိုတာကို နားမလည်ရင် ခုရေးတဲ့အကြောင်းအရာကို မရှင်းမှာစိုးလို့ပါ။ အစိုးရစက်ရုံတရုံက 1,2,3 ဆိုတဲ့ပစ္စည်းတွေဝယ်ဖို့လိုအပ်လာရင် အပြင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်ကုမ္ပဏီက ဒီလိုအပ်တဲ့ပစ္စည်းကို ဈေးဘယ်လောက်နဲ့သွင်းနိုင်မလဲဆိုပြီး ကြေငြာခေါ်ယူပါတယ်။ ဒါကို A,B,C,D နဲ့ E ကုမ္ပဏီတွေက ၀င်လျှောက်ကြမယ်ဆိုပါစို့။ A ကဒီပစ္စည်းသုံးမျိုးလုံးကို အနည်းဆုံးဈေးနဲ့သွင်းပေးနိုင်ရင် တင်ဒါအောင်ပြီး A ကုမ္ပဏီတခုတည်းကပဲ သွင်းခွင့်ရပါတယ်။ အကယ်၍ B က 3 ကိုဈေးအနည်းဆုံးနဲ့သွင်းနိုင်တယ်။ D က 1၊ E က 2 ကိုဈေးအနိမ့်ဆုံးနဲ့ သွင်းနိုင်တယ်ဆိုရင် ကုမ္ပဏီသုံးခုက ပစ္စည်းတမျိုးချင်းစီကို သွင်းခွင့်ရမှာဖြစ်ပါတယ်။ ဈေးအနည်းဆုံးတူညီနေတယ်ဆိုရင် ပစ္စည်းအရည်အသွေးပိုကောင်းစွာ သွင်းနိုင်တဲ့သူက တင်ဒါအောင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တင်ဒါခေါ်တယ်ဆိုတာ အနိမ့်ဆုံးဈေးနဲ့ ပစ္စည်းကောင်းကောင်းလိုချင်တာပါပဲ။
ကချင်တွင် ဓါတုလက်နက်များသုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရငြင်းဆို
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အားတိုက်ခိုက်နေသော စစ်ဆင်ရေးများအတွင်း ဓါတုလက်နက်များအသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များအား မဟုတ်မှန်ကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်သည်။
အေအက်ဖ်ပီ သတင်းဌာနမှ ဖေါ်ပြသောသတင်းတွင် မြန်မာသမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “ကျနော်တို့တပ်တွေဟာ ဓါတုလက်နက်တွေကို ဘယ်တော့မှ မသုံးခဲ့ပါဘူး။ အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်ချက် လည်း မရှိခဲ့ပါဘူး၊ ကေအိုင်အေဟာ ကျွန်တော်တို့ကို မှားယွင်းစွာ စွပ်စွဲနေတယ် ထင်ပါတယ်” ဟု ပြောကြားသည်။
သန်းရွှေဟာ အကွက်ရွှေ့တာစိတယ်။
တို့ပြည်သူကို ဒီမိုတုပေးပြီး အချင်းချင်း ရန်တိုက်ပေးထားတယ်။
မေစုကို အနှစ်နှစ်ဆယ်ကျော် အသက်ကိုဖြုံန်းတီးပစ်ရုံမကဘူး။ ခုအသက်ရွယ်မှာ လွတ်တော်တက် အလုပ်ရှုပ်အချိန်ကုန်စေရုံမကဘူး၊
မေစုစည်းရုံးလို့မရအောင် လွတ်တော်ထဲက စစ်တမတ်သားကို စစ်သားသစ်အမြဲလဲလှယ်တယ်
သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် တယောက်ကိုတယောက် ထောက်ထားတယ်။
တရုတ်နဲ့ကန် တေ့ပေးထားတယ်။
ကုလားနဲ့ရခိုင် မီးမွှေးထားတယ်။
ကချင်ပြည်တွင်းစစ်မီးမွှေးပြီး စစ်တပ်ကို အအားမထားဘူး။
မြန်မာပြည် လူ တော တောင် ရေ မြေ လေ(ဂတ်စ်) ကျောက် သစ် ရှိသမျှတွေ့သမျှ အကုန် ရောင်းစားပြီးပြီ။ ကြိုပွိုင့်လည်းရောင်းထားသေး။
ရလာတဲ့ ရောင်းရငွေအကုန်လည်း ခိုးထားသေး။
၈၈ကထက် အများကြီးပိုခိုးထားတာ လူတကာသိနေပြီ။
တခုပဲ
ကံအလှည့်
ဘယ်သူမှမသိဘူး။
ကိုထက်
ကချင်ပြည်နယ် မသွားကြဖို့ အမေရိကန်တွေကို သံရုံး သတိပေး
Friday, January 11, 2013
Sithu Linn
~![]() |
| တနင်္လာနေ့က တွေ့ရတဲ့ အမေရိကန်သံအမတ် (ဓာတ်ပုံ – ကောင်းညီဟန် /ဧရာဝတီ) |
KIA နဲ့ အစိုးရတပ်တို့ရဲ့စစ်ပွဲတွေဟာ အရပ်သားများအတွက် အသက်အန္တရာယ် ရှိတယ် လို့ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ သတိပေးစာမှာ ဖော်ပြထားတာပါ။
ဝှက်ထားတဲ့ တိုက်လေယာဉ်ပျံတွေ ဘယ်မှာလဲ
ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည်ရှာဖွေတူးဖော်တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။
ဒီသတင်းက ဒီနေ့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကြီးပါ။ စိတ်အဝင်စားဆုံး တိုင်းပြည်ကတော့ ဗြိတိန်ပေါ့ ခင်ဗျား။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံက သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ တိုက်လေယာဉ်ပျံ။
"အမေရိကန်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ"
နေပြည်တော် ဇန်န၀ါရီ ၁၁ ရက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လည် ၁၂ နာ၇ီ ၃၀ မိနစ်တွင် Pacific Council မှ ရင်းနှီမြုပ်နှံမှု ဆိုင်ရာ လုပ်ငန်းရှင်
များနှင့် နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှိ ( I.12)တွင် တွေ့ဆုံနေကြောင်းသိရသည်။
" ရင်းနှီးမြုပ်နှံ မှု အခြေအနေတွေ ကို လာပြီးလေ့လာတာပါ၊အခြေအနေတွေ
ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ
ကျော်(NIKE/OKEY)စတဲ့ အ၀တ်အထည် တံဆိပ်တွေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေပါ။ "ဟု ၄င်းအဖွဲ့နှင့် လိုက်ပါလာသော DR. Miemie Winn Byrd (Associate professor) ကပြောသည်။
ယင်းအဖွဲ့တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၆ ဦးပါဝင်ကြောင်းသိရသည်။ah/
Popular Myanmar News Journa
ဒေါင်းမိခင်နန်း
အန်အယ်လ်ဒီ ခတ်ဆန်းချိန်
ခွပ်ဒေါင်းသခင် ဒီမိခင်
ဒို့ အမေတွင် သည်တစ်ယောက်...
နေရာတိုင်းမှာသူပေါက်ရောက်
ရောက်တဲ့နေရာ ငြိမ်းချမ်းသာ
သူဂုဏ်သတ္တိ မွှေးပြန့် တာ။
ခွပ်ဒေါင်းသခင် ပြည်တခွင်
ငြိမ်းချမ်းရေးမယ်ရှင်
တုနိုင်းမမှီ စံပြုထား
ဗိုလ်အောင်ဆန်းစိတ်ထား
မျိုးရိုးသတ္တိ ဂုဏ်ထူးဆောင်
မြန်မာပြည်ကြီး အကျိုးဆောင်
သံသာ အေးမြ သူ့စိတ်အလှ
လူတိုင်းအတုယူကြ
မြန်မာပြည်ကြီး အကျိုးဆောင်
တိုင်းပြည် အကျိုးအောင်
တန်းခိုးဝေလျှံ..ထွန်းချိန်ပ
အမေ့မေတ္တာဗျ
ကျောသား ရင်သားမခွဲခြား
သူလှမ်းနေသမျှ
အိုးဝေသံ ခြိမ့်ခြိမ့်ညောင်းတယ်
ဒေါင်းမိခင်နန်း....။ ။
တုနှိုင်းမမှီတဲ့အမေကတော့...ကမ္ဘာအလယ်မှာ..မြန်မာဟေ့လို့..ကြွေးကြော်နိုင်အောင်လျှမ်းလျှမ်းတောက်..လုပ်နေပေမဲ့..အမေ့ ကို ပြည်သူပြည်သားများနဲ့အတူ ဦးတိုက်ကန်တော့အပ်ပါတယ်။
ကိုထွန်းဝေ
11.1.2013
ခွပ်ဒေါင်းသခင် ဒီမိခင်
ဒို့ အမေတွင် သည်တစ်ယောက်...
နေရာတိုင်းမှာသူပေါက်ရောက်
ရောက်တဲ့နေရာ ငြိမ်းချမ်းသာ
သူဂုဏ်သတ္တိ မွှေးပြန့် တာ။
ခွပ်ဒေါင်းသခင် ပြည်တခွင်
ငြိမ်းချမ်းရေးမယ်ရှင်
တုနိုင်းမမှီ စံပြုထား
ဗိုလ်အောင်ဆန်းစိတ်ထား
မျိုးရိုးသတ္တိ ဂုဏ်ထူးဆောင်
မြန်မာပြည်ကြီး အကျိုးဆောင်
သံသာ အေးမြ သူ့စိတ်အလှ
လူတိုင်းအတုယူကြ
မြန်မာပြည်ကြီး အကျိုးဆောင်
တိုင်းပြည် အကျိုးအောင်
တန်းခိုးဝေလျှံ..ထွန်းချိန်ပ
အမေ့မေတ္တာဗျ
ကျောသား ရင်သားမခွဲခြား
သူလှမ်းနေသမျှ
အိုးဝေသံ ခြိမ့်ခြိမ့်ညောင်းတယ်
ဒေါင်းမိခင်နန်း....။ ။
တုနှိုင်းမမှီတဲ့အမေကတော့...ကမ္ဘာအလယ်မှာ..မြန်မာဟေ့လို့..ကြွေးကြော်နိုင်အောင်လျှမ်းလျှမ်းတောက်..လုပ်နေပေမဲ့..အမေ့ ကို ပြည်သူပြည်သားများနဲ့အတူ ဦးတိုက်ကန်တော့အပ်ပါတယ်။
ကိုထွန်းဝေ
11.1.2013
Subscribe to:
Posts (Atom)











































