သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်နေ ပြည်သူများမှ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်
Saturday, 12 January 2013 18:09
ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်
ဆ/က ရပ်ကွက်နေ ပြည်သူများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့်
ပတ်သက်၍ တရားမျှတမှု မရှိခြင်းကြောင့် ဇန်န၀ါရီလ ၁၂ ရက်တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဇန်န၀ါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေသူ ၁၅၀ ခန့်က လက်ရှိ ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အလိုမရှိကြောင်း ပါဝင်သော ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လှည့်လည်စီတန်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သ ည်။
''ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲမှာ မမှန်မကန်လုပ်တယ် သူမကောင်းဘူးဆိုတာလည်း အားလုံးသိတယ် အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေ့မှာ ဒီလူပဲဖြစ်တယ်လို့ ကြေညာတဲ့အချိန် ရပ်ကွက်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ် ရပ်ကွက်ကလည်း သူ့ကို အလိုမရှိဘူး သူအုပ်ချုပ်သွားတဲ့၂ နှစ် အတွင်းမှာ သူ့လုပ်ဆောင်ချက်က လက်ညှိုးထိုးပြစရာကို မရှိဘူး။ ခုလို ဆန္ဒထုတ်ဖော်တာကလည်း သူ့နေရာကို လိုချင်လို့ မဟုတ်ဘူး တရားမျှတမှုရှိဖို့ဖြစ်တယ်'' ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ဦးဇော်ထွဋ်က ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ''အမှန်တရားကို ဖြစ်စေဖို့ အတွက် ခုလို ဆန္ဒထုတ်ဖော်ရတာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲက အမှန်အတိုင်း မဖြစ်ခဲ့ပါဘူး''ဟု ပြောပြခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆ/ က ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ
ဦးသန်းဦးကို Eleven Media Group က ဆက်သွယ် မေးမြန်းခဲ့ရာ ''ကျွန်တော်တို့
ဒီရွေးချယ်ပွဲကို ပွင့်လင်းမြင်သာအောင် လုပ်ပါတယ် ဒီမိုကရေစီနည်းကျ
မဲပေးပြီးမှ ရွေးချယ်ထားတာပါ သူတို့သဘောတူလို့ ၀င်ပြိုင်ပြီးမှ ခုလို
ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက် ပြီး ကျွန်တော်ဘာမှ မပြောလိုပါဘူး'' ဟု ပြန်လည်
ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲများနှင့် ပတ်သက်၍ ယခင်လူဟောင်း
အများစုသာ ပြန်လည်ရွေးချယ်ခြင်း ခံရပြီး အများဆန္ဒနှင့်
ကိုက်ညီမှုနည်းပါးခဲ့ကြောင်း ကိုလည်း သိရသည်။
Eleven Media Group
ရန်ကုန်မြို့သင်္ဃန်းကျွန်းမြ
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဇန်န၀ါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေသူ ၁၅၀ ခန့်က လက်ရှိ ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ အလိုမရှိကြောင်း ပါဝင်သော ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း
''ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲမှာ မမှန်မကန်လုပ်တယ် သူမကောင်းဘူးဆိုတာလည်း အားလုံးသိတယ် အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေ့မှာ ဒီလူပဲဖြစ်တယ်လို့ ကြေညာတဲ့အချိန် ရပ်ကွက်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ် ရပ်ကွက်ကလည်း သူ့ကို အလိုမရှိဘူး သူအုပ်ချုပ်သွားတဲ့၂ နှစ် အတွင်းမှာ သူ့လုပ်ဆောင်ချက်က လက်ညှိုးထိုးပြစရာကို မရှိဘူး။ ခုလို ဆန္ဒထုတ်ဖော်တာကလည်း သူ့နေရာကို လိုချင်လို့ မဟုတ်ဘူး တရားမျှတမှုရှိဖို့ဖြစ်တယ်''
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ''အမှန်တရားကို ဖြစ်စေဖို့ အတွက် ခုလို ဆန္ဒထုတ်ဖော်ရတာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲက အမှန်အတိုင်း မဖြစ်ခဲ့ပါဘူး''ဟု ပြောပြခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆ/
ပြီးခဲ့သည့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း
Eleven Media Group
No comments:
Post a Comment